မနက်ခင်းကို သူများတွေလို မုန့်ဟင်းခါး၊ အသုပ်တွေစားရတာမကြိုက်ဘဲ Oatmeal လေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲပလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။
ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ………..
Oatmealမှာ
- မဂ္ဂနီဆီယမ်
- သံဓါတ်
- ဖော့စဖရိတ်စ်
- ဇင့်
- ဖောလိတ်
- ကော့ပါး
- ဗီတာမင် B1
- ဗီတာမင် B5
- အမျှင်ဓါတ်တို့ပါဝင်နေပါတယ်။
Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း
စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmealက စားလို့ကောင်းရုံတင်၊ အာဟာရြပည့်စေရုံတင်မဟုတ်ဘဲ။ အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တစ်ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။
အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ်
ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။
အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ်
Oatmealမှာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။
အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ်
ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကိုလျော့ကျစေတယ်
ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းက Oatmealကျွေးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်မှာပါ။
အမျှင်ဓါတ်ကြွယ်ဝမှုကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီးနေ့စဉ်ဝမ်းမှန်စေပါတယ်။ ဒါကြောင့်ဝမ်းမှန်ချင်သူတွေအနေနဲ့ Oatmealကိုစားပေးလို့ရပါတယ်။
[embed-health-tool-bmr]