နဂါးမောက်သီး စားပါလို့ ပြောရတဲ့ အကြောင်းအရင်း
အရသာ ချိုချိုချဉ်ချဉ်နဲ့ စားကောင်းတဲ့ နဂါးမောက်သီးလေးက
နဂါးမောက်သီးက ကိုလက်စထရော ပါဝင်မှုတော်တော်လေး နည်းပါတယ်။ ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုယ်အလေးချိန် ထိန်းညှိဖို့ အထောက်အပံ့ပေးနိုင်တဲ့ အကောင်းဆုံး စားစရာ တစ်ခုဆိုလည်း မမှားပါဘူး။ ကျန်းမာနေစေဖို့ နဂါးမောက်သီးကို စားသုံးပေးတာက ကောင်းမွန်တဲ့ ကျန်းမာရေး အလေ့အထတစ်ခုပါ။
နဂါးမောက်သီးက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL) တွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော (HDL) ကို တိုးစေပါတယ်။ ဒီ အာနိသင်က နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကင်းစေပါတယ်။
နဂါးမောက်သီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် နဂါးမောက်သီး စားတာက အစာခြေစနစ်ကို ကျန်းမာစေဖို့ အများကြီး အထောက်အကူ ပြုပေးပါတယ်။ အစာကြေ စေသလို ဝမ်းမှန်စေပါတယ်။ အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး အဆာခံနိုင် စေပါတယ်။
ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေး ထိခိုက်မှု ကင်းစေဖို့ဆိုရင် နဂါးမောက်သီး စားပေးပါ။ နဂါးမောက်သီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရေပြား ကစလို့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။
အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးသလို ရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဆီးချို သမားတွေနဲ့ အထူးသင့်တော်တဲ့ အသီးတစ်မျိုး ဆိုလည်း မမှားပါဘူး။
အရွယ်တင်စေတယ်
နဂါးမောက်သီးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း ကင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ နဂါးမောက်သီးကို မစားချင်ဘူးဆိုရင်လည်း ကြိတ်ခြေပြီး ပျားရည်နဲ့ ရောစပ်လို့ မျက်နှာ အသားအရေကို ပေါင်းတင်ပေးလို့ ရပါတယ်။ အရေးအကြောင်း ကင်းပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
နဂါးမောက်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် အသားအရေကို ဝက်ခြံ ကင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ နဂါးမောက်သီးကို ခပ်ပါးပါး လွှာလို့ ဝက်ခြံပေါ်မှာ ကပ်ပေးတာက ဝက်ခြံကို သက်သာစေသလို ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။
ဘာတွေ သတိထားရမလဲ
နဂါးမောက်သီးက ကျန်းမာရေးနဲ့ ညီညွတ်သလို လူတိုင်းနဲ့လည်း တည့်ပါတယ်။ အလွန်အကျွံ မစားမိဖို့ပဲ လိုပါမယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ အများကြီး မစားပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။