backup og meta

ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း

ညိုတိုတို အရောင်ရှိတဲ့ ကျောက်ကျောလေးကို သံပုရာသီး၊ သကြားတို့နဲ့ ဖျော်ပြီး သောက်ရတဲ့ ကျောက်ကျောရည်ကို ဖျော်ရည်တွေထဲမှာ အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ကျောက်ကျောရည်က အမောပြေစေရုံထက် ပိုတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကျောက်ကျောကို ဘယ်ကနေ လုပ်တာလဲ

ကျောက်ကျောကို ခါးသက်သက် အရသာလေးရှိတဲ့ Grass Jelly ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်တာပါ။ အစိမ်းရောင်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ရှိပါတယ်။ အပင်က ၁၇ စင်တီမီတာ အမြင့်ရှိပြီး အရွက်က ရှည်မျောမျောလေးပါ။ ပင်စည်မှာ အမွှေးလေးတွေရှိနေတတ်ပါတယ်။

ပင်စည်အောက်နားက အရွက်တွေကို ခူးပြီး အရွက်ကို ကြိတ်ရာကနေ ကျောက်ကျောကို ရရှိတာပါ။ တစ်နှစ်ပတ်လုံး ပေါက်ရောက်တဲ့ အပင်ပါ။

ဘယ်လို အာဟာရဓာတ်တွေ ပါလဲ

Green Grass Jelly ရွက်မှာ

ကျောက်ကျောကပေးတဲ့ ကျန်းမာရေး

အမောပြေစေတဲ့ ကျောက်ကျောရည်လေးကို သောက်ရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ကျောက်ကျောက အစာခြေစနစ်ကို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေဖို့ ထောက်ပံ့ပေးပါတယ်။ အစာအိမ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။

ကျောက်ကျောမှာ ဗီတာမင် B နဲ့ ဗီတာမင် C သင့်တင့်တဲ့ ပမာဏ ပါဝင်ပေါင်းစပ်ထားတဲ့ alkaloid ဒြပ်ပေါင်း ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အမျှင်ဓာတ် ပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး သန့်စင်ပေးဖို့ ကူညီပေးပါတယ်။ ဗိုက်အောင့် ဗိုက်နာတာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဝိတ်ကျစေတယ်

ကျောက်ကျောကို ပြုလုပ်ဖို့ သုံးတဲ့ Grass jelly မှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် A၊ ဗီတာမင် B1၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ phosphorus၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်လိုရီတို့ ပါဝင်နေပါတယ်။

အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အဆာခံစေလို့ ဝိတ်ကျစေမှာပါ။

ကင်ဆာ ကာကွယ်ပေးတယ်

Grass jelly မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ isokandrodendrin နဲ့ S-S tetandrin ဒြပ်ပေါင်းတို့ ပါဝင်နေပါတယ်။

ဒီဒြပ်ပေါင်းတွေက အသည်း၊ အဆုတ်၊ ရင်သားနဲ့ သားအိမ်ခေါင်းက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် ကျောက်ကျောရည် သောက်တာက ကင်ဆာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာပါ။

ဆီးချို ကာကွယ်ပေးတယ်

Grass jelly မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဒြပ်ပေါင်းတွေ ဖြစ်ကြတဲ့ bisbenzilsokuinolin နဲ့ chlorophyll တို့ ပါဝင်နေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကာကွယ်ချင်တယ်ဆိုရင် ကျောက်ကျောရည် သောက်ပေးလို့ ရပါတယ်။

အဖျား နဲ့ လည်ချောင်းနာတာကို သက်သာစေတယ်

Grass jelly က အအေးဓာတ်ရှိသလို alkaloids၊  flavonoids၊ saponins၊ tendradine နဲ့ cardioplegicum၊ ဗီတာမင် A ၊ ဗီတာမင် Bတို့လိုမျိုး ဓာတ်တွေပါဝင်နေတာကြောင့် အဖျား သက်သာစေသလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဝမ်းမှန်စေတယ်

ကျောက်ကျောမှာ ရေဓာတ်ရော အမျှင်ဓာတ်ပါ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Benefits of Grass Jelly https://www.health-talks.net/2019/03/14/6-benefits-of-grass-jelly/ Accessed Date 25 August 2020

Green Grass Jelly Leaves https://specialtyproduce.com/produce/Green_Grass_Jelly_Leaves_17350.php Accessed Date 25 August 2020

ယခုပုံစံ

24/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ

အုန်းစိမ်းရည် နဲ့ အသားအရေကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/11/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement