မိုးအေးအေးလေးမှာ Hot Potလေးစားလိုက်ရရင် သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊ မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။ ဒီလိုထည့်စားတဲ့အရာတွေထဲမှာ တော်တော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင်ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများ ဖြစ်မလဲ။
အပ်မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေက
စားလို့ကောင်းပြီးအရသာရှိတဲ့ အပ်မှိုကို စားသုံးပေးရင် ရရှိမယ့် အာဟာရဓာတ်တွေက –
Conjugated Linoleic Acid Copper သံဓာတ် Isoleucine Leucine လိုင်စင်း ပိုတက်ဆီယမ် Phosphorus ပရိုတင်း ဆီလီနီယမ် Threonine Trytophan ဗီတာမင် B1 (Thiamine) ဗီတာမင် B2 (Riboflavin) ဗီတာမင် B3 (Niacin) ဗီတာမင်B5 (Pantothenic Acid) ဗီတာမင် B6 (Pyridoxine) ဗီတာမင် B9 (Folate) ဗီတာမင် B12 (Folic Acid) ဇင့် တို့ပါ။ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
အပ်မှိုမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အပ်မှိုမှာပါဝင်တဲ့ အခြားဓာတ်တွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အသည်းရောဂါ၊ ကိုလက်စထရောများတာ၊ သွေးတိုးတာကို သက်သာစေနိုင်ပါတယ်။
အပ်မှိုမှာ conjugated linoleic acid (CLA) ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လျော့ကျစေနိုင်တဲ့အတွက် ပိန်ချင်သူတွေ စားသုံးပေးသင့်ပါတယ်။
နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်ပါဝင်မှုများလေလေ သွေးတွင်းကိုလက်စထရော ကျလေလေဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အမျှင်ဓာတ်များများစားလေလေ သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှု ကောင်းလေလေပေါ။ ဆီးချိုရှိသူတွေအနေနဲ့သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့အတွက် အပ်မှို စားသုံးလို့ရသလို ဆီးချို ကာကွယ်ချင်သူတွေအနေနဲ့လည်း အပ်မှို စားသုံးပေးလို့ရပါတယ်။
အပ်မှိုမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေနိုင်ပြီး ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အပ်မှိုကို နေ့စဉ် ပုံမှန်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေမှာပါ။ ဝမ်းမချုပ်စေဖို့အတွက် နေ့စဉ်လုံလောက်တဲ့ အမျှင်ဓာတ်ရရှိအောင် ဂရုစိုက်စားသုံးပေးပါ။
အပ်မှို မှာ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် အာရုံကြောတွေကို ကောင်းမွန်စေနိုင် သလို မှတ်ဉာဏ်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို အပ်မှိုကျွေးပေးမယ်ဆိုရင်လည်း မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။
မကြာခဏ အပ်မှိုကို စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ဖြစ်တာ နဲ့ အရေပြားမှာ နီမြန်းယားယံတာ၊ နှင်းခူဖြစ်တာလိုမျိုး ဓာတ်မတည့်ခြင်းတွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အပ်မှိုကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်လာမှာဖြစ်သလို ဓာတ်မတည့်မှုတွေလည်း အဖြစ်နည်းလာမှာပါ။
အပ်မှိုစားသုံးပေးတာက သွေးတွင်း အဆီဓာတ်များတာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးတွင်း ကိုလက်စထရောမြင့်တက်မှုက နှလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါ။ အပ်မှိုက သွေးတွင်းကိုလက်စထရောပမာဏ အရမ်းမများအောင် ထိန်းထားပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အပ်မှိုစားသုံးပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို တိုးတက်စေနိုင်တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာ ဖွံ့ဖြိုးစေနိုင်ပါတယ်။
အပ်မှိုက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပေမယ့် အလွန်အကျွံ မစားဖို့ လိုပါမယ်။
ရောဂါအခံရှိသူတွေ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
အရသာရှိတဲ့ အစားစားရင်း ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိမယ်ဆိုတော့ သင်ရော ဘယ်လိုစဉ်းစားလဲ ……