backup og meta

မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ

    စိတ်ကူးယဉ်ဆန်တဲ့ သဘာဝအလှတရားကို ခံစားနိုင်မယ့် မိုးရာသီလေး ရောက်လာပါပြီ။ ဒီရာသီလေးကို ကျန်းကျန်းမာမာဖြတ်သန်းပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ ဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ

    မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ ဆိုတော့ မုတ်သုံမှာကျန်းမာနေစေဖို့ ဒါလေးတွေစားပေးပါ။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကြက်သွန်ဖြူလေးတွေက ကိုယ်ခံအားကိုကောင်းပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။ မိုးတွင်းမှာ ဘာစားစား ကြက်သွန်ဖြူလေးထည့်စားပေးတာ အအေးမိ၊ ဖျားနာကင်းစေမယ့် နည်းလမ်းတစ်ခုပါ။

    ချင်းက စိတ်ခံစားမှုကိုကောင်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဖျားနာမှုကင်းစေမယ့်အစားအစာတစ်ခုပါ။ မိုးရာသီရဲ့ မနက်ခင်းတိုင်းမှာ ရေနွေးပူပူတစ်ခွက်ထဲကို ချင်း တစ်ပြားလောက်ထည့်၊ ပျားရည်နည်းနည်း၊ သံပုရာရည်နည်းနည်းနဲ့ ရောစပ်လို့သောက်ပေးပါ။

    ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် အဖျားကင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာနေစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် သစ်တော်သီးကြွပ်ကြွပ်လေးကို အရသာရှိရှိလေးစားပေးပါ။

    ဟင်းရည်ထဲ ထည့်စားရင် ပူပူစပ်စပ် အရသာရှိပြီး အနံ့ မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ငရုပ်ကောင်းက မုတ်သုံမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာ၊ ချောင်းဆိုးတာ၊ နှာစေးတာတွေကို အကောင်းဆုံး ကာကွယ်ပေးပါတယ်။ ဟင်းခါး ပူပူလေးကို ငရုပ်ကောင်း ခတ်လို့ မုတ်သုံမှာ အနွေးဓာတ်လေး ယူလိုက်ပါ။

    ကြွပ်ကြွပ်ရွရွနဲ့ စားရတာ အရသာရှိတဲ့ အခွံ ညိုညိုလေးနဲ့ အယ်လ်မွန်စေ့က အဆီ ပါဝင်မှု နည်းပြီး ပရိုတင်း ပါဝင်မှု များတာကြောင့် ကျန်းမာရေး အတွက် အထောက်အကူ ပြုပေးပါတယ်။ ဝမ်းမီးကောင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ခန္ဓာကိုယ်ကို ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ မုတ်သုံမှာ ကျန်းမာစေဖို့ အဆာပြေ အယ်လ်မွန်စေ့လေး ဝါးစားပေးလို့ အဆင်ပြေပါတယ်။

    တစ်နေ့ကို ပန်းသီး တစ်လုံး စားတာက ခန္ဓာကိုယ်ကို ကျန်းမာစေ နိုင်ပါတယ်။ ပန်းသီးမှာ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေတာကြောင့် မိုးတွင်းမှာ အဖျား ကင်းလို့ ကျန်းမာချင်တယ် ဆိုရင်မေ့ထားလို့ မဖြစ်ပါဘူး။

    အနီရောင် စိုစိုလေးနဲ့ စားလို့ ကောင်းတဲ့ သလဲသီးက ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာ သန့်စင်စေနိုင်ပြီး ခန္ဓာကိုယ်ကို အဖျား ရောဂါ အမျိုးမျိုးကနေ ကာကွယ်ပေးပါတယ်။

    ခန္ဓာကိုယ် ကျန်းမာဖို့ဆိုရင် လုံးဝ မေ့ထားလို့ မဖြစ်ပါဘူး။ ရာသီဥတု အေးနေတာကြောင့် ရေ မသောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွေ ရွာနေလည်း လုံလောက်တဲ့ ရေပမာဏကို သောက်သုံးလို့ မုတ်သုံမှာ ကျန်းမာအောင် နေပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement