backup og meta

မျှဝေပါ။

ကင်းပုံရွက် ဆေးဖက်ဝင်သလား .......

ကင်းပုံရွက် ကြော်ချက်လေးစားစား၊ ကန်စွန်းရွက်၊ ဆူးပုတ်ရွက်ဟင်းနုနွယ်ရွက်တို့နဲ့ ကြော်စားစား စားရတာ အရသာရှိတဲ့ အရွက်လေးက စားကောင်းရုံပဲလား ….. ဆေးဖက်ရောဝင်လားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ကင်းပုံရွက် ဆေးဖက်ဝင်သလား .......

ကဲ …. အလေ့ကျပေါက်လို့ ငယ်ငယ်က ခူးပြီး ပါးပါးလှီးတော့ခဲ့တဲ့ ကင်းပုံရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား …..

ကင်းပုံရွက်ဆိုတာ

ကင်းပုံရွက်ဆိုတာက နွယ်ပင် တစ်မျိုးပါ။ အစိမ်းရောင် နုနုလေး ဖြစ်နိုင်သလို အရွက်ရင့်လာတာနဲ့အမျှ အရောင်ကလည်း ရင့်လာပါတယ်။ အရွက် ခပ်ဖားဖားလေးနဲ့ ရိုးတံလေးကတော့ ခပ်ကျစ်ကျစ်လေးပါ။

ကင်းပုံရွက်က နေရာတိုင်းလိုလိုမှာ နေရောင်နဲ့ ရေကောင်းကောင်း ရရုံနဲ့ ရှင်သန်နိုင်ပါတယ်။ ခြံစည်းရိုးတွေမှာ အလေ့ကျပေါက်ပြီး တွယ်တက်နေတတ်တဲ့ အပင်လေး တစ်မျိုးပါ။

ကင်းပုံရွက် ဆေးဖက်ဝင်သလား …….

ကင်းပုံရွက် ဆေးဖက်ဝင်သလား .......

ကင်းပုံရွက် ဆေးဖက်ဝင်သလား ……. ဆိုတော့ အခုလို ဆေးဖက်ဝင်ပါတယ်။ ဘာတွေများ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်လား….

ဦးရေပြား ဝက်ခြံတွေကို သက်သာစေနိုင်တယ်

ကင်းပုံရွက် အရည်ကို ရေနည်းနည်းနဲ့ ရောစပ်ပြီး ဦးရေပြားမှာ လိမ်းပေးတာက ဦးရေပြားမှာ ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဦးရေပြားကို ကျန်းမာစေပြီး ဗောက်ထတာကို သက်သာစေနိုင်ပါတယ်။

အရွက်ကို ကြိတ်ခြေပြီး ဦးရေပြားပေါ်က ဝက်ခြံပေါ်မှာ အုံပေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာကလည်း ဝက်ခြံကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

ဆီးချို သက်သာစေနိုင်တယ်

ဆီးချို ရှိသူတွေအနေနဲ့ မနက်စောစောမှာ ကင်းပုံရွက်ကို ပြုတ်သောက်တာ၊ ရေနွေးဖျောပြီး စားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဒီလို စားပေးတာက ပုံမှန် စားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး သွေးချိုကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။

ကင်းပုံရွက်မှာပါတဲ့ glucose-6-phosphatase အင်ဇိုင်းက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတယ်ဆိုရင် ကင်းပုံရွက် စားပေးလို့ ရပါတယ်။

အသားဝါ သက်သာစေနိုင်တယ်

ကင်းပုံရွက် သတ္တုရည်ကို ကျွဲနို့နဲ့ ရောသောက်ပေးတာက အသားဝါတာကို သက်သာစေနိုင်ပါတယ်။ နေ့တိုင်း သောက်ပေးမယ်ဆိုရင် ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ သိသိသာသာ သက်သာလာတာကို တွေ့ရမှာပါ။

ခြေဖဝါး၊ လက်ဖဝါး ပူစပ်ပူလောင်ဖြစ်တာကို သက်သာစေနိုင်တယ်

ကင်းပုံရွက်ကို ကြိတ်ခြေပြီး ခြေဖဝါး၊ လက်ဖဝါးတွေမှာ ၁၅ မိနစ်ကြာ အုံထားပေးပါ။ ဒီလို လုပ်ပေးတာက ကိုယ်တွင်းက အပူတွေကို လျော့စေပြီး ပူစပ်ပူလောင် ဖြစ်တာတွေကို သက်သာစေမှာပါ။ ကင်းပုံရွက် အုံထားတုန်းမှာ ခပ်ဖွဖွလေး နှိပ်နယ်ပေးဖို့လည်း လိုပါမယ်။

ရာသီလာစဉ် နာကျင်တာကို သက်သာစေနိုင်တယ်

ကင်းပုံရွက် သတ္တုရည်ကို မုန်ညှင်းနက်စေ့မှုန့် ၃ ဂရမ် ကနေ ၅ ဂရမ်၊ ကြက်သွန်ဖြူ သတ္တုရည် ၁ ဇွန်းစာနဲ့ ရောပြီး အလုံးလေးတွေ လုံးပါ။ လေနဲ့ အခြောက်ခံပြီး တစ်နေ့ကို ၂ လုံးကနေ ၃ လုံးလောက် စားပေးတာက ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

မိန်းမကိုယ် နာကျင်တာကို သက်သာစေနိုင်တယ်

ကင်းပုံရွက် သတ္တုရည်ကို ဒိန်ချဉ် ဒါမှမဟုတ် ကျွဲနို့ နဲ့ ရောစပ်ပြီး တစ်နေ့ကို တစ်ခွက်စာ စားပေးတာက မိန်းမကိုယ် နာကျင်တာကို သက်သာစေနိုင်ပါတယ်။

သတိထားရမယ့်အချက်

ကင်းပုံရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဟင်းစားအနေနဲ့သာ စားသင့်ပါတယ်။ အလွန်အကျွံ စားတာကို ရှောင်ရပါမယ်။

ကင်းပုံရွက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျ ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ဒါကြောင့် အထက်ပါ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့အခါ ကင်းပုံရွက်ကို အားမကိုးဘဲ နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ ပြသဖို့ လိုပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ ရေးသားထားခြင်း ဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Ivy Gourd? https://www.verywellhealth.com/the-benefits-of-ivy-gourd-89467 Accessed Date 3 January 2022

Ivy Gourd Leaves Recipes, Usages & Health Benefits https://www.astrogle.com/ayurveda/ivy-gourd-leaves-recipes-usages-health-benefits.html Accessed Date 3 January 2022

ယခုပုံစံ

12/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/01/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement