backup og meta

သစ်ချသီးလှော် လေးစားပေးပါ

သစ်ချသီးလှော် လေးစားပေးပါ

မိုးနည်းနည်း ကျလာရင် သစ်ချသီးလှော် ပူပူလေးဆိုတဲ့ အသံတွေ ကြားရပြီနော်။ သဲနဲ့ လှော်ပေးတဲ့ သစ်ချသီးလှော်ပူပူနွေးနွေးကို တခွက်ခွက် ကိုက်ခွဲပြီး အတွင်းက နူးနူးလေးဖြစ်နေတဲ့ အသားကို စားရတာက တော်တော်လေး အရသာရှိတာနော်။

ဒီတစ်ခေါက်တော့ မိုးရာသီရဲ့ ရာသီစာလေးဖြစ်တဲ့ သစ်ချသီးလှော် လေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ ဆိုတာ ပြောပြပေးမယ်နော်။

သစ်ချသီးလှော်မှာပါတဲ့ အာဟာရ

သစ်ချသီး မှာ

သစ်ချသီးလှော် နဲ့ ကျန်းမာရေး

သစ်ချသီးလှော် ပူပူလေးကို စားပေးမယ်ဆိုရင်

အစာခြေစနစ် ကျန်းမာစေတယ်

သစ်ချသီးလှော် မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ အကောင်းဆုံး ပံ့ပိုးပေးပါတယ်။ သစ်ချသီး မှာ တစ်နေ့တာ အမျှင်ဓာတ် လိုအပ်ချက်ရဲ့ ၁၇ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အူ​တွေကို ကျန်းမာစေပါတယ်။ အစာခြေစနစ် အားနည်းတာကြောင့်  ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

အာဟာရ ပြည့်ဝစေတယ်

သစ်ချသီးက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာ တစ်ခုပါ။ သစ်ချသီးမှာ ဗီတာမင် B နဲ့ ဗီတာမင် E လိုမျိုး ဗီတာမင်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် သစ်ချသီးမှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို ပရိုတင်း နဲ့ အဆီ ပါဝင်မှုကတော့ နည်းပါတယ်။

သစ်ချသီးမှာပါတဲ့ အဆီက မပြည့်ဝဆီဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ သစ်ချသီးမှာ မဂ္ဂနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေတာကြောင့် ကင်ဆာ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို အရွယ်တင်စေနိုင်ပါတယ်။

အရိုးတွေ သန်မာစေတယ်

သစ်ချသီးမှာ ကယ်လ်ဆီယမ်နဲ့ ကော့ပါး ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေကို သန်မာစေနိုင်ပါတယ်။ သံဓာတ် ပါဝင်နေမှုကြောင့် သွေးနီဥဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေသလို ဇင့် ကလည်း ဆဲလ် အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

အင်အား ပြည့်ဝစေတယ်

ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်း ပါဝင်နေတာကြောင့် အစာချေဖျက်မှုကို ဖြည်းဖြည်းမှန်မှန် ဖြစ်ပေါ်စေပြီး အင်အားပြည့်ဝနေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

ဦးနှောက်မှတ်ဉာဏ် ကောင်းမွန်စေတယ်

သစ်ချသီးလှော်မှာ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေသလို ဖောလိတ်ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းမွန်စေပါတယ်။ အရေပြား ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ သစ်ချသီးမှာ တစ်နေ့တာ ဖောလိတ် လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။

ကိုယ်ခံအား ကောင်းစေပါတယ်

ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပါတယ်။ သွေးကြောတွေ ကျန်းမာစေဖို့၊ အရိုးနု နဲ့ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှုက ဓာတ်တိုး ပစ္စည်းတွေကြောင့် ဆဲလ်တွေ နဲ့ ခန္ဓာကိုယ် ကျန်းမာရေး မထိခိုက်စေဖို့ အားဖြည့်ပေးသလို သံဓာတ် စုပ်ယူနိုင်စွမ်းကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။

ဘာတွေ သတိထားရမလဲ!

ရောဂါအခံ ရှိသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

သစ်ချသီးနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

THE NUTRITIONAL AND HEALTH BENEFITS OF CHESTNUTS https://www.asnatureintended.uk.com/2019/11/04/chestnuts-health-benefits/ Accessed Date 14 July 2020

4 Surprising Health Benefits of Chestnuts https://www.goodhousekeeping.com/health/diet-nutrition/a25557872/chestnut-benefits/ Accessed Date 14 July 2020

ယခုပုံစံ

30/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သကြားသီးကြိုက်သူတွေအတွက် သတင်းကောင်း

ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ သစ်ကြားသီး ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement