သစ်ချသီးလှော်လေး စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 22, 2020 . 2 mins read
Share now

မိုးနည်းနည်း ကျလာရင် သစ်ချသီးလှော် ပူပူလေးဆိုတဲ့ အသံတွေ ကြားရပြီနော်။ သဲနဲ့ လှော်ပေးတဲ့ သစ်ချသီးလှော် ပူပူနွေးနွေးကို တခွက်ခွက် ကိုက်ခွဲပြီး အတွင်းက နူးနူးလေးဖြစ်နေတဲ့ အသားကို စားရတာက တော်တော်လေး အရသာရှိတာနော်။

ဒီတစ်ခေါက်တော့ မိုးရာသီရဲ့ ရာသီစာလေးဖြစ်တဲ့ သစ်ချသီးလှော်လေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ ဆိုတာ ပြောပြပေးမယ်နော်။

သစ်ချသီးမှာပါတဲ့ အာဟာရ

သစ်ချသီးမှာ

သစ်ချသီးလှော် နဲ့ ကျန်းမာရေး

သစ်ချသီးလှော် ပူပူလေးကို စားပေးမယ်ဆိုရင်

အစာခြေစနစ် ကျန်းမာစေတယ်

သစ်ချသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ အကောင်းဆုံး ပံ့ပိုးပေးပါတယ်။ သစ်ချသီးမှာ တစ်နေ့တာ အမျှင်ဓာတ် လိုအပ်ချက်ရဲ့ ၁၇ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အူ​တွေကို ကျန်းမာစေပါတယ်။ အစာခြေစနစ် အားနည်းတာကြောင့်  ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

အာဟာရ ပြည့်ဝစေတယ်

သစ်ချသီးက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာ တစ်ခုပါ။ သစ်ချသီးမှာ ဗီတာမင် B နဲ့ ဗီတာမင် E လိုမျိုး ဗီတာမင်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် သစ်ချသီးမှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို ပရိုတင်း နဲ့ အဆီ ပါဝင်မှုကတော့ နည်းပါတယ်။

သစ်ချသီးမှာပါတဲ့ အဆီက မပြည့်ဝဆီဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ သစ်ချသီးမှာ မဂ္ဂနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေတာကြောင့် ကင်ဆာ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို အရွယ်တင်စေနိုင်ပါတယ်။

အရိုးတွေ သန်မာစေတယ်

သစ်ချသီးမှာ ကယ်လ်ဆီယမ်နဲ့ ကော့ပါး ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေကို သန်မာစေနိုင်ပါတယ်။ သံဓာတ် ပါဝင်နေမှုကြောင့် သွေးနီဥဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေသလို ဇင့် ကလည်း ဆဲလ် အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

အင်အား ပြည့်ဝစေတယ်

ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်း ပါဝင်နေတာကြောင့် အစာချေဖျက်မှုကို ဖြည်းဖြည်းမှန်မှန် ဖြစ်ပေါ်စေပြီး အင်အားပြည့်ဝနေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

ဦးနှောက်မှတ်ဉာဏ် ကောင်းမွန်စေတယ်

သစ်ချသီးမှာ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေသလို ဖောလိတ်ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းမွန်စေပါတယ်။ အရေပြား ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ သစ်ချသီးမှာ တစ်နေ့တာ ဖောလိတ် လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။

ကိုယ်ခံအား ကောင်းစေပါတယ်

ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပါတယ်။ သွေးကြောတွေ ကျန်းမာစေဖို့၊ အရိုးနု နဲ့ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှုက ဓာတ်တိုး ပစ္စည်းတွေကြောင့် ဆဲလ်တွေ နဲ့ ခန္ဓာကိုယ် ကျန်းမာရေး မထိခိုက်စေဖို့ အားဖြည့်ပေးသလို သံဓာတ် စုပ်ယူနိုင်စွမ်းကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အသားအရေနှင့် အလှအပ, ဝက်ခြံ ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read