brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ငါးအရေခွံ စားကြလား........

ငါးက လူတိုင်း မစားသလို ငါးစားတဲ့သူတိုင်းလည်း ငါးအရေခွံ မစားကြပါဘူး။ ဒီထဲမှာမှ သင်က ငါးလည်းစားတယ်။ ငါးအရေခွံလည်းစားတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်သူတစ်ဦး ဖြစ်ဖို့များပါတယ်။

ငါးအရေခွံ စားကြလား........

အကြောင်းကတော့ ငါးကလည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ငါးအရေခွံကလည်း ကျန်းမာရေးကို အကျိုးများစေလို့ပါ။ ဒီတစ်ခေါက်တော့ ငါးအရေခွံ စားတာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ငါးအရေခွံမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ……

ငါးအရေခွံမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

ပင်လယ်ငါးတွေမှာတော့ အရေပြားမှာ ပြဒါးပါဝင်နေတာကြောင့် သေချာလေး ဆေးကြောသန့်စင်ပြီးမှ စားတာ၊ အလွန်အကျွံ မစားတာကောင်းပါတယ်။

ငါးအရေခွံ စားရင်းရမယ့် ကျန်းမာရေး

ငါးအရေခွံ စားကြလား........

ငါးအရေခွံစားတာက ကျန်းမာရေးကို အခုလို အထောက်အကူ ပြုပေးပါတယ်။

ပရိုတင်း ပြည့်ဝစေတယ်

ငါးအရေခွံမှာ နေ့စဉ် ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်း ပါဝင်နေပါတယ်။ ခန္ဓာကိုယ်က ကြွက်သားတွေရဲ့ တစ်ရှူးတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကြီးထွားမှု တန့်တာ မဖြစ်စေဖို့ ထောက်ကူပေးသလို သံဓာတ် အားမနည်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကိုလည်း ကျစေနိုင်ပါတယ်။

ငါးအရေခွံမှာပါတဲ့ ပရိုတင်းက ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

Omega-3 fatty Acids ကြွယ်ဝတယ်

ငါး အထူးသဖြင့် ပင်လယ်ငါးတွေက omega-3 fatty acids ကြွယ်ဝပါတယ်။ ဒီလို ကြွယ်ဝစွာ ပါဝင်နေမှုက နှလုံး ကျန်းမာစေနိုင်သလို ကိုယ်ဝန်ဆောင်တွေမှာလည်း မိခင်ရော ကလေးပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုလည်း ကောင်းစေနိုင်ပါတယ်။

အရေပြား ကျန်းမာစေနိုင်တယ်

ငါးစားတာက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ငါးအရေခွံက ကော်လာဂျင် ကြွယ်ဝသလို ဗီတာမင် E လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေ တင်းရင်းစေနိုင်ပါတယ်။ အရေးအကြောင်းကင်းစေပြီး အရေပြားကို ခြောက်သွေ့မှုကင်းလို့ ကျန်းမာစေမှာပါ။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု ကင်းစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ နှင်းခူလိုမျိုး အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

အာဟာရပြည့်ဝစေနိုင်တယ်

ငါးအရေခွံက ငါးအသားလိုပဲ အာဟာရ ကြွယ်ဝပါတယ်။ အာဟာရကြွယ်ဝမှုနဲ့အတူ အကျိုးပြုအဆီ ပါဝင်မှုလည်း ပိုများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို လုံလောက် ပြည့်ဝစွာ ရရှိစေဖို့ဆိုရင် ငါးအရေခွံ စားပေးလို့ ရပါတယ်။

အရိုးအဆစ်တွေကို သန်စွမ်းကျန်းမာစေတယ်

ငါးအရေခွံက ကော်လာဂျင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရေပြား ကျန်းမာစေသလို အရိုးအကြောစနစ်မှာပါဝင်တဲ့ အရိုးတွေ၊ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အဆစ်တွေကို သက်သာစေနိုင်ပါတယ်။

ကြွက်သားတွေကို သန်မာစေနိုင်သလို သွေးကြောတွေ၊ သွားဖုံး၊ မျက်လုံးတွေ၊ ခြေသည်းလက်သည်း၊ ဆံပင်တွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရွယ်တင်စေနိုင်သလို ကျန်းမာသန်စွမ်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။

ငါးအရေခွံက ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုပေမဲ့ တန်ဆေးလွန်ဘေးမို့လို့ သင့်တင့်တဲ့ ပမာဏပဲ စားပါ။ ဆီများများ၊ ဆားများများနဲ့ ကြော်ချက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာရေးနဲ့အညီ ချက်ပြုတ်ဖို့လည်း လိုပါတယ်။

ကဲ…… ငါးအရေခွံ စားရင်း အခုလို အကျိုးကျေးဇူးလေးတွ ရမှာဆိုတော့ ငါးဟင်းပဲစားစား ငါးကြော်ပဲစားစား အရေခွံပါ ပါအောင်စားနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/10/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။