backup og meta

အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 26/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများ

    မည်သူမျှ မိမိမျက်နှာကို အရေးအကြောင်းများဖြင့် မြင်လိုမည် မဟုတ်ပါ။ မျက်နှာ အရေးအကြောင်း ဖြစ်ပေါ်ခြင်းကို သက်သာစေသော အလှကုန်များ ရှိသော်လည်း အသားအရေတိုင်း နှင့် မတည့်သလို ဘေးထွက်ဆိုးကျိုးများလည်း ရှိပါသည်။ ထို့ကြောင့် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှား နိုင်ရန် အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများကို ပြုလုပ်သင့် ပါသည်။

    အရေးကြောင်း ဆိုသည်မှာ မျက်နှာ အသားအရေ ပုံမမှန်ခြင်း နှင့် အသက်ကြီးခြင်းကို ပြသသည့် လက္ခဏာ ဖြစ်ပါသည်။ စိတ်ဖိစီးမှုများ၊ လေရေ ညစ်ညမ်းမှုများ စသည်ကြောင့် အရေးအကြောင်းများ ဖြစ်လာနိုင်ပြီး စတင်ဖြစ်ပေါ်လာသည်နှင့် မြန်မြန်ပြန်ပျောက်နိုင်ရန် လိုအပ်ပါသည်။

    အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများ

    ထိုကြောင့် အရေးအကြောင်း ဖြစ်ခြင်းကို တားဆီးနိုင်ပြီး မဖြစ် အောင်လည်း ထိန်းသိမ်းနိုင်သော မျက်နှာကြွက်သား လေ့ကျင့်ခန်း များကို အောက်တွင် လေ့လာနိုင်ပါသည်။

    ၁။ နဖူးလေ့ကျင့်ခန်း

    ပက်လက်အိပ်ပါ၊ နဖူးပေါ် လက်နှစ်ဖက်ကို တင်ပါ၊ လက်ချောင်းထိပ် လေးများ ဆိုင်ထားပါ။ ဤပုံစံအတိုင်း လက်ကို ထားပြီး မျက်ခွံနှင့် မျက်ခုံးကို နဖူးထိပ်သို့ တွန်းယူပါ၊ ထို့နောက် ငါးစက္ကန့် ထိန်းထားပါ။

    ယင်းလေ့ကျင့်ခန်းမှာ နဖူးနှင့် မျက်ခွံရှိ ကြွက်သားများ အတွက် ကောင်းမွန်ပြီး အရေးအကြောင်းများလည်း သက်သာစေပါသည်။ ဤသို့ ပြုလုပ်ခြင်းသည် မျက်ခွံပင့်ခြင်းတွင် ဖြစ်ပေါ်လာသော အရေးအကြောင်း လေးများကိုလည်း ထိန်းချုပ်နိုင်ပါသည်။

    ဤလေ့ကျင့်ခန်းကို မှန်ရှေ့တွင်လည်း ထိုင်၍ အထက်ပါအတိုင်း ပြု လုပ်နိုင်ပါသည်။ မျက်ခုံးနှင့် မျက်ခွံသာမကဘဲ နှာခေါင်းကိုလည်း ထိုသို့ လေ့ကျင့်ခန်းလုပ်ပြီး နှာခေါင်းရှိ အရေးကြောင်းများကိုလည်း လျှော့ချနိုင်ပါသည်။

    ၂။ မျက်လုံးလေ့ကျင့်ခန်း

    မျက်လုံးပတ်ချာလည်ရှိ အရေးအကြောင်းများမှာ အဖြစ်လွယ်ဆုံး ဖြစ်ပြီး အသက်၂၀ကျော်သည့် အမျိုးသမီးတိုင်း ဖြစ်နိုင်ပါသည်။ အောက်ပါအတိုင်း လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် မျက်လုံးဝန်းကျင် အရေးအကြောင်းများကို လျှော့ချနိုင်ပါသည်။

    ပြုလုပ်ရမည့်ပုံမှာ နဖူးဘေးနှစ်ဖက်ကို လက်ချောင်း နှစ်ချောင်းနှင့် ထောက်ပြီး မျက်လုံး ဖွင့်ထားစဉ် နောက်သို့ ဆွဲပါ။ ဤသို့ပြုလုပ်ခြင်းသည် မျက်လုံး ပတ်လည်အရေးအကြောင်းများကို သက်သာစေရုံသာမက မျက်လုံးကိုလည်း ကျန်းမာစေပါသည်။

    ၃။ ပါးလေ့ကျင့်ခန်း

    ပါးလေ့ကျင့်ခန်းတွင် ပါးစပ်ထဲသို့ လေဖောင်းထားပြီး ပါးနှစ်ဖက်လုံး ဖောင်းနေပါစေ၊ ငါးစက္ကန့်ခန့် ဖောင်းထားပြီးမှ လေကို ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ လွယ်ကူသော လေ့ကျင့်ခန်းဖြစ်ပြီး ပါးပေါ်ရှိ အရေးအကြောင်းများ အတွက် ထိရောက်သော လေ့ကျင့်ခန်း ဖြစ်သောကြောင့် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါသည်။

    ၄။ နှုတ်ခမ်းလေ့ကျင့်ခန်း

    အီးအီး၊ အိုအို၊ အေအေ ဟူသော စကားလုံးများကို နှုတ်ခမ်းကို ရှေ့ထုတ်ပြီး ခဏခဏ ရွတ်ဆိုပါ။ ဤသို့ ပြုလုပ်ခြင်းက နှုတ်ခမ်းနှင့် ပါးစပ်ပတ်ချာလည်ရှိ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်ပါသည်။

    ၅။ မေးစေ့နှင့် လည်ပင်းလေ့ကျင့်ခန်း

    ဖော်ပြပါ လေ့ကျင့်ခန်းသည် မေးစေ့နှင့် လည်ပင်းရှိ အရေးအကြောင်းများကို သက်သာစေပါလိမ့်မည်။ မတ်မတ်ထိုင်ပါ၊ ခါးနှင့်လည်ပင်း တဖြောင့်တည်းရှိပါစေ။ အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လက်ညိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်းဖြင့် မေးစေ့မှ အောက်သို့ ငါးစက္ကန့်ခန့် ဆွဲထားပါ။

    နောက်ထပ်လေ့ကျင့်ခန်း တစ်မျိုးမှာ အထက်ပါပုံစံ အတိုင်း ထိုင်ပြီး မျက်နှာကြက်ကို မော့ကြည့်ပါ၊ မော့ကြည့်နေစဉ်တွင် အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းပေါ်သို့ ရနိုင်သမျှ ထပ် ထားပါ။

    ဤပုံစံကို ငါးစက္ကန့်ခန့် ထားပြီးမှပြန်လျှော့ပါ။ ထို လေ့ကျင့်ခန်းများသည် မေးစေ့နှင့် လည်ပင်းရှိ ကြွက်သားများ ကို လေ့ကျင့်ခြင်းဖြစ်ပြီး တစ်နေ့တွင် ၁၀ကြိမ်ခန့် ပြုလုပ်ပေး ပါ။

    အထက်တွင် ဖော်ပြထားသော လေ့ကျင့်ခန်းများသည် ပြုလုပ်ရန် လွယ်ကူပြီး အိမ်တွင်ပင် လုပ်နိုင်ပါသည်။ အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများဖြင့် အရေးအကြောင်းများကို တိုက်ဖျက်ကြပါစို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 26/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement