backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ဝမ်းဗိုက်အဆီကို အမြန်ဆုံးချနိုင်မယ့် နည်းလမ်းတွေ

ဝမ်းဗိုက်အဆီကို အမြန်ဆုံးချနိုင်မယ့် နည်းလမ်းတွေ
ဝမ်းဗိုက်အဆီကို အမြန်ဆုံးချနိုင်မယ့် နည်းလမ်းတွေ

၀မ်းဗိုက်အဆီဆိုတာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတဲ့ အဆီမျိူးပါ။ ဆီးချိုနဲ့ နှလုံးရောဂါတွေအဓိက ဆောင်ကြဉ်းပေးတတ်တဲ့အရာဖြစ်ပြီး အ၀တ်အစား၀တ်တဲ့နေရာမှာလဲ ကြည့်ရဆိုးစေပါတယ်။  ဒီလိုဆို၀မ်းဗိုက်အဆီတွေကို ဘယ်လိုအနိုင်ယူတိုက်ထုတ်နိုင်မလဲကြည့်လိုက်ရအောင်။

(အမျှင်ဓာတ်များများစားပါ။ ရေမှာပျော်၀င်နိုင်တဲ့အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေ ဥပမာ ထောပတ်သီး ဖရဲသီး၊ပဲပင်ပေါက် ဘလက်ဘယ်ရီသီးစတာတွေကို စားသုံးပေးတဲ့အခါ ၀မ်းဗိုက်အဆီကိုလျော့ကျစေတာကို တွေ့ရှိရပါတယ်

() Trans fat ကိုလုံးဝရှောင်ကြဉ်ပါ။ Trans fat ဆိုတာ မပြည့်၀ဆီတွေကို ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရောက်တဲ့အခါဖြစ်ပေါ်လာတာပါ။ ထောပတ်နဲ့ တာရှည်ခံအောင်လုပ်ထားတဲ့အစားအသောက်တွေမှာ trans fat ပါ၀င်နိုင်တာမို့လို့ သတိထားရှောင်ရှားသင့်ပါတယ်။

(အရက်ကို အလွန်အကျွံမသောက်ပါနဲ့။ အရက်ဟာ အသည်းခြောက်ခြင်း အသည်းရောင်ခြင်းတွေကိုဖြစ်စေတဲ့အပြင် ၀မ်းဗိုက်အဆီကိုတိုးပွားစေတဲ့ အဓိကတရားခံထဲကတစ်ဦးမို့ ရက်ကို အလွန်အကျွံမသောက်သင့်ပါဘူး။

()အသားဓာတ်ကြွယ်၀တဲ့ အစာများများစားပါ။ အသားဓာတ်လုံလောက်စွာရရှိခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်အရေးပါပါတယ်။ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေအပါအ၀င် ပဲအမျိုးမျိုးကနေလဲ အသားဓာတ်ကိုရရှိနိုင်ပါတယ်။

(စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။ သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ၀မ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

() သကြားဓာတ် အချိုလျှော့စားပါ သကြားမှာ fructose လို့ခေါ်တဲ့ဓာတ်ပါပါတယ်။ အလွန်အကျွံစားမိတဲ့အခါနှလုံးရောဂါ၊ အမျိူးအစားနှစ် ဆီးချိူရောဂါ အ၀လွန်ခြင်းနဲ့ သည်းအဆီဖုံးရောဂါတွေကို ဖြစ်စေပါတယ်။သကြားကို တတ်နိုင်သရွေ့လျှော့စားပါ။ ဖြူဖွေးအောင်အရောင်ချွတ်ထားတဲ့ သကြားတွေအစား သကြားညို၊ ပျားရည်စတာတွေကိုအစားထိုးသုံးစွဲသင့်ပါတယ်။

() Cardio (အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပါ အေရိုးဗစ်ကစားခြင်းဟာ ကယ်လိုရီအမြားအပြားကိုလောင်ကျွမ်းစေပြီး ကျန်းမာရေးကိုထိထိရောက်ရောက်တိုးတက်စေပါတယ်။ တစ်ပတ်ကို အေရိုးဗစ်လေ့ကျင့်ခန်း ငါးနာရီလုပ်နိုင်ရင် သင့်၀မ်းဗိုက်အဆီတွေကို ထိထိရောက်ရောက်ကျဆင်းစေပါတယ်။

()ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လျှော့ချပါ။ ထမင်း၊ဆန်နဲ့လုပ်တဲ့မုန့် ကောက်ညှင်း၊ အာလူး၊ ဂျုံ၊ ပြောင်း စတာတွေမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ချခြင်းဟာ ၀မ်းဗိုက်အဆီကို သိသိသာသာကျဆင်းစေပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/20-tips-to-lose-belly-fat#section8 Accessed Date 30 October 2019

 

ယခုပုံစံ

08/08/2022

Dr. Seinn Moe Satt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Seinn Moe Satt မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement