brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သစ်တော်သီး စားရင်းရမယ့် ကျန်းမာရေး

သစ်တော်သီး ကြွပ်ကြွပ်လေးကို ဆားလေး၊ သကြားလေး၊ ငရုတ်သီးမှုန့် ပါးပါးလေးနဲ့နယ် သံပုရာသီးလေး ညှစ်ပြီး စားတာက တော်တော်လေး စားကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ သစ်တော်သီးလေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

သစ်တော်သီး စားရင်းရမယ့် ကျန်းမာရေး

သစ်တော်သီး ဆိုတာ

သစ်တော်သီးလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောပြစရာ မလိုအောင်ကို မျက်စိထဲ မြင်မိမယ် ထင်ပါတယ်။ သစ်တော်သီးက အခွံညိုညိုလေးမှာ အညိုရင့်ရင့် အစက်လေးတွေ ပါနေပြီး အလယ်ချက်တိုင်လေးနဲ့ပါ။ အတွင်းသားက ဖြူဖြူကြွပ်ကြွပ်လေးနဲ့ ချိုချိုချဉ်ချဉ်လေးပါ။

သစ်တော်သီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

စားလို့ကောင်းတဲ့ သစ်တော်သီး ကြွပ်ကြွပ်လေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

သစ်တော်သီးလေး စားရင်းရမယ့် ကျန်းမာရေး

ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းပြီး ခံတွင်းရှင်းစေတဲ့ သစ်တော်သီးလေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

သစ်တော်သီးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ အာဟာရစုပ်ယူမှုကို ကောင်းမွန်စေသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဝမ်းမှန်စေသလို လေပွတာ၊ အစာမကြေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

သစ်တော်သီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်မှုက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတိုးရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး အဝမလွန်အောင် ကာကွယ်ပေးနိုင်သလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးပါတယ်။ အူမကြီးက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဆီးချိုရောဂါ ကာကွယ်ပေးနိုင်တယ်

သစ်တော်သီးမှာ ပါဝင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က အစာခြေ လုပ်ငန်းစဉ်ကို အချိန်ကြာကြာ လုပ်ဆောင်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ်​ မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကဲ…. သစ်တော်သီးလေး စားရင်း အခုပြောပြခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ကြစို့နော်။

သတိထားရမယ့် အချက်လေးတွေ

သစ်တော်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အများကြီး စားမယ်ဆိုရင် လေချုပ်တာမျိုးဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မေမေတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှာ စားသင့်ပါတယ်။ ရောဂါအခံ ရှိသူတွေ၊ ဆေးသောက်နေရသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာ အကောင်းဆုံးပါ။

သစ်တော်သီး စားတဲ့အခါ

ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းပြီး ခံတွင်းရှင်းစေတဲ့ သစ်တော်သီးလေးက
  • အစာခြေစနစ် ကျန်းမာစေနိုင်တယ်
  • နှလုံး ကျန်းမာစေတယ်
  • ဝိတ်ကျစေနိုင်တယ်
  • ဆီးချိုရောဂါ ကာကွယ်ပေးနိုင်တယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/01/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။