backup og meta

လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား .......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား .......

    ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်ဆိုတာ သိပေမယ့် အကြောတက်တတ်တယ်။ သွေးတိုးတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အစစအရာရာ အမှားမခံတဲ့ ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး ကြိုက်လို့ ကြက်ဟင်းခါးသီး စားလို့ ရလား …… ဆိုပြီး သိချင်နေပြီလား။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ဒီတစ်ခေါက်တော့ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား …… ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး စားရင် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား …….

    ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ လူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခါးတဲ့အရသာရှိတာကြောင့် ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။

    လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ……. ဆိုတော့ စားလို့ ရပါတယ်။ တန်ဆေး လွန်ဘေးဆိုသလို ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားသုံးရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပေမယ့် အတော်အသင့် စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    ကြက်ဟင်းခါးသီးမှာ ဘာတွေ ပါလဲ …..

    ကြက်ဟင်းခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    • ရေဓာတ်
    • ပရိုတင်း
    • အဆီ
    • ကာဗိုဟိုက်ဒရိတ်
    • အမျှင်ဓာတ်
    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • မဂ္ဂနီဆီယမ်
    • ဖော့စဖရိတ်
    • ပိုတက်ဆီယမ်
    • ဆိုဒီယမ်
    • ဇင့်
    • ဗီတာမင် C တို့ ပါဝင်နေပါတယ်။

    ဘိုးဘိုးဘွားဘွားတွေအနေနဲ့ အခါးဓာတ် ပါတဲ့ ကြက်ဟင်းခါးသီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။

    ချွဲပျော်စေတယ်

    ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်း တလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    ဝမ်းချုပ်တာ သက်သာစေတယ်

    ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    အမျှင်ဓာတ် ကြွယ်ဝမှုက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အစာစားချင်စိတ် တိုးစေနိုင်တယ်

    ကြက်ဟင်းခါးသီးရဲ့ ခါးသက်သက် အရသာက အစာစားချင်စိတ်ကို တိုးစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အစာကြေစေနိုင်တယ်

    အမျှင်ဓာတ် ပါဝင်နေသလို ရေဓာတ်လည်း ပါဝင်နေတာကြောင့် အစာကြေစေနိုင်ပါတယ်။

    အသည်း ကျန်းမာစေတယ်

    ရေဓာတ် ကြွယ်ဝမှုက အသည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ဇင့်ဓာတ် ကြွယ်ဝတာကလည်း အသည်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်

    ကြက်ဟင်းခါးသီး ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တာပါ။

    အော့အန်တာ သက်သာစေတယ်

    အော့အန်တာ၊ အစားမှားတာကြောင့် ပျို့အန်တာကို သက်သာစေဖို့ဆိုရင်လည်း ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။

    လေဖြတ်နိုင်ခြေ နည်းစေတယ်

    သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    သွေးသန့်စေတယ်

    အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးသန့်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်

    အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး ဆီးချိုကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    အရိုးတွေ သန်မာစေတယ်

    ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။

    အရေပြား ကျန်းမာစေတယ်

    ဗီတာမင် C ကြွယ်ဝတာက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။

    ကင်ဆာ ကာကွယ်ပေးတယ်

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ရေဓာတ် ပြည့်ဝစေတယ်

    ရေဓာတ် ကြွယ်ဝတာကြောင့် ကိုယ်တွင်းရေဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ဗီတာမင် C နဲ့ ဇင့်ဓာတ်ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဒါတွေအပြင် ဘိုးဘိုးဘွားဘွားတွေအနေနဲ့ ကြက်ဟင်းခါးသီး စားပေးမယ်ဆိုရင်

    • အဆစ်ရောင်တာ သက်သာစေတယ်
    • သွေးဝမ်းသွားတာကို သက်သာစေတယ်
    • နှလုံး ကျန်းမာစေတယ်
    • အဝမလွန်အောင် ကာကွယ်ပေးတယ်
    • မျက်လုံး ကျန်းမာစေတယ်
    • ဆီးကျောက်တည်တာ ကာကွယ်ပေးတယ်
    • သွေးကြောတွေ ကျန်းမာစေတယ်
    • ကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားပေးတယ်။

    ဘိုးဘိုးဘွားဘွားတို့ ကြက်ဟင်းခါးသီး စားလို့ ရပါတယ်

    ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ လူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခါးတဲ့အရသာရှိတာကြောင့် ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။
    လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ……. ဆိုတော့ စားလို့ ရပါတယ်။ တန်ဆေး လွန်ဘေးဆိုသလို ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားသုံးရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပေမယ့် အတော်အသင့် စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement