backup og meta

ဆီးချိုရှိတဲ့ လူကြီးတွေအတွက် အာဟာရဖြည့်စွက်စာ ရွေးချယ်နည်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိတဲ့ လူကြီးတွေအတွက် အာဟာရဖြည့်စွက်စာ ရွေးချယ်နည်း

    ဆီးချိုရှိသူတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ အာဟာရဖြည့်စွက်စာ ဆိုတာ အစားသိပ်မဝင်တဲ့ ဆီးချိုဝေဒနာရှင် လူကြီးတွေအတွက် အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ သူတို့တွေမှာ  ထိုက်သင့်တဲ့ ကယ်လိုရီပမာဏကာဗိုဟိုက်ဒရိတ် ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီးသားဖြစ်လို့ လူကြီးတွေမှာ အာဟာရချို့တဲ့မသွားစေဖို့ ကူညီပေးပါတယ်။

    ဘာလို့ အသုံးဝင်တာလဲ

    အာဟာရဖြည့်စွက်စာ တွေက ဆီးချိုရောဂါရှိသူတွေ၊ ခံတွင်းပျက်ပြီး အစာစားမဝင်ဖြစ်နေသူတွေ၊ နာမကျန်းဖြစ်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူထားတဲ့ နာလန်ထစလူနာတွေ အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ဖြည့်စွက်စာတွေက –

  • သောက်သုံးရ၊ စားသုံးရလွယ်ကူတယ်၊
  • အချိန်ကုန်သက်သာတယ်၊
  • စားသောက်မှုပုံစံကို ပုံမှန်လိုက်နာမိစေဖို့ အလေ့အကျင့်ဖြစ်စေတယ်၊
  • ကိုယ်စားမယ့်အစားအစာအတိုင်းအတာနဲ့ ကယ်လိုရီပမာဏကိုထိန်းချုပ်စီမံနိုင်တယ်၊
  • ညီညွတ်မျှတတဲ့အာဟာရကို ရရှိစေတယ်၊
  • သွေးတွင်းသကြားဓါတ်ကို ပိုထိန်းညှိနိုင်တယ်၊
  • ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ဆီးချိုရောဂါရှိသူတွေရဲ့အစားအသောက်စီမံမှုကို အထောက်အကူပေးနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေကြောင့် အသုံးဝင်ပါတယ်။
  • ဘယ်လိုရွေးချယ်မလဲ

    အမှတ်တံဆိပ်အမျိုးမျိုးနဲ့ စျေးကွက်မှာ အလွယ်တကူဝယ်ယူလို့ရနေပေမယ့် အရွေးမှန်ဖို့လိုပါတယ်။ အရည်အသွေးကောင်းတာကို ရွေးဖြစ်ဖို့၊ သောက်သုံးမယ့်သူရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးဖြစ်ဖို့ ဒါတွေ သိထားသင့်ပါတယ်။

    ဆီးချိုဖြည့်စွက်စာတစ်ခုခု ဝယ်ယူတော့မယ်ဆိုရင် –

    • ပါဝင်တဲ့အာဟာရဓာတ်တွေကို သေချာဖတ်ပါ။
    • label မှာဖော်ပြထားတဲ့ အာဟာရ ဓာတ်ပါဝင်မှုတွေက တစ်ကြိမ်စာ စားသုံးမယ့်ပမာဏနဲ့ ကိုက်ညီရဲ့လား သေချာကြည့်ပါ။
    • ကုန်ပစ္စည်းမှာပါဝင်တဲ့ ကယ်လိုရီပမာဏကို စစ်ကြည့်ပါ။ ကိုယ်အလေးချိန်လျှော့ချတဲ့အစီအစဉ်ကိုတော့ အနှောင့်အယှက်မဖြစ်ပါစေနဲ့။
    • ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှုကို တွက်ချက်ပါ။ ဆီးချိုဝေဒနာရှင်အတော်များများဟာ အဆီနဲ့အငန်ပါဝင်မှုကန့်သတ်ထားတဲ့ အစာအာဟာရကိုပဲ စားသုံးသင့်ပါတယ်။
    • ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက သောက်သုံးမယ့်သူရဲ့လိုအပ်ချက်အတွက် သင့်လျော်ရဲ့လားဆိုတာ သေချာချင့်ချိန်ပါ။

    အထူးသဖြင့် ဆီးချိုရှိသူတွေဟာ ဖြည့်စွက်စာရွေးချယ်တဲ့အခါ ဆီးချိုသမားတွေအတွက် ရည်ရွယ်ပြီး သီးသန့်စီမံထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုပဲ ရှာသင့်ပါတယ်။ သကြားဓါတ်ပါဝင်မှုများတဲ့ ရိုးရိုးဖြည့်စွက်စာတွေကို ရွေးမိမယ်ဆို သွေးတွင်းသကြားမြင့်တက်မှု  အန္တရာယ်ရှိပါတယ်။

    နောက်ဆုံးဖော်ပြချင်တာက ဒီလို ဖြည့်စွက်အာဟာရတစ်ခုခုကို သုံးစွဲနေတယ်ဆိုတဲ့အကြောင်းကိုတော့ ဆရာဝန်ကိုပြောပြထားရပါမယ်။ ဒါမှ ဆရာဝန်က အကောင်းဆုံးအကြံဉာဏ်တွေနဲ့ တခြားသိထားသင့်တဲ့ အကြောင်းအရာတွေကို ပြောပြဆွေးနွေးပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement