backup og meta

ကြယ်ပဲ ကျန်းမာစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြယ်ပဲ ကျန်းမာစေသလား

    အမြင်ဆန်းတဲ့ ကြယ်ပဲကို ဆေးဖက်ဝင်တယ်ဆိုပြီး လူသိများခဲ့တာ ဆယ်စုနှစ် တစ်ခုနီးပါးလောက် ရှိနေပါပြီ။ ကြယ်ပဲကို သွေးတိုးကျအောင်၊ ဆီးချိုကျအောင်ဆိုပြီး အမျိုးမျိုးသော ကျန်းမာရေးအတွက် ကောင်းကျိုး ရရှိအောင်ဆိုပြီး ဓာတ်စာတစ်ရပ်အနေနဲ့ မှီဝဲကြသူလည်း အများအပြား ရှိမှာပါ။ ဒီတစ်ခေါက်တော့ ကြယ်ပဲ ဆိုတာ ဘာလဲ။ ကြယ်ပဲက ကျန်းမာရေးကို ဘယ်လိုတွေ ထောက်ကူပေးသလဲ။ ဘယ်သူတွေ မစားသင့်ဘူးလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ကြယ်ပဲ ဆိုတာ

    ကြယ်ပဲ ဆိုတာ ပဲမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပဲသီးလေးက ကြယ်ပုံစံလေး ဖြစ်နေတာကို အစွဲပြုပြီး ကြယ်ပဲလို့ ခေါ်တာပါ။ ကြယ်ပဲ က ပီရူးမျိုးရင်းပင် တစ်မျိုးပါ။ တောင်အမေရိက နဲ့ ကာရေဗီးယန်း‌ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ စားလို့ရတဲ့ အသီးတွေကြောင့် စိုက်ပျိုး စားသုံးကြတာပါ။

    ကြယ်ပဲကို စားတဲ့အခါ အသီးကို စားသုံးတာမျိုး မဟုတ်ပါဘူး။  အစေ့ကို စားသုံးကြတာပါ။ အစေ့ကို စားတယ်ဆိုတဲ့ နေရာမှာလည်း အစေ့ကို ဒီအတိုင်း စားတာမျိုး မဟုတ်ဘဲ လှော်ပြီးမှ စားသုံးကြတာပါ၊၊ အမှုန့်ကြိတ်ပြီး ဟင်းတွေထဲ ထည့်ချက်ကြသလို အသားအရေ ထိန်းသိမ်းဖို့လည်း အသုံးပြုကြပါတယ်။

    ကြယ်ပဲရွက်ကို အခြောက်ခံပြီး ရေနွေးကြမ်းထဲ ထည့်သောက်တာမျိုးလည်း ရှိပါတယ်။

    ကြယ်ပဲမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ

    အမြင်ဆန်းသလို ကျန်းမာရေးအတွက် အကျိုးများတဲ့ ကြယ်ပဲမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    • monounsaturated fats
    • polyunsaturated fats
    • ပရိုတင်း
    • ဗီတာမင် E
    • အမျှင်ဓာတ်
    • ပိုတက်ဆီယမ်
    • ကယ်လ်ဆီယမ်
    • မဂ္ဂနိ့
    • ဗီတာမင် A
    • ကယ်လ်လိုရီ
    • Omega-3 Fatty Acid
    • Omega-6 Fatty Acid
    • Omega-9 Fatty Acids
    • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ပါဝင်နေပါတယ်။

    ကြယ်ပဲ ကျန်းမာစေသလား

    ကြယ်ပဲ ကျန်းမာစေသလား ဆိုတော့ အဖြေက ကျန်းမာစေပါတယ်။ ဘယ်လို ကျန်းမာစေတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    အသားအရေ ကျန်းမာစေနိုင်တယ်

    ကြယ်ပဲမှာ  omega-3 နဲ့ omega-6 fatty acids လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေပြီး၊ အရေးအကြောင်း ကင်းစေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အစက်အပြောက်တွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြား ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး နှင်းခူလိုမျိုး အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

    ဝိတ်ကျစေတယ်

    ကြယ်ပဲမှာ အမျှင်ပါဝင်နေတာကြောင့် အဆာခံစေနိုင်သလို အလွန်အကျွံ စားမိတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဝိတ်ကျစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေပြီး ဝိတ်ကျစေဖို့ဆိုရင် ကြယ်ပဲ စားပေးလို့ ရပါတယ်။

    ဆံသားတွကို ကျန်းမာစေနိုင်တယ်

    ကြယ်ပဲမှာပါတဲ့ ကျန်းမာတဲ့ အဆီတွေက ဆံသားကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆံသားကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ဆံသားတွေ ခြောက်သွေ့မှု ကင်းစေနိုင်သလို ဆံပင် အဖျား နှစ်ခွ မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဆံပင်သန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဦးရေပြားကို ကျန်းမာစေနိုင်သလို ဗောက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

    သွေးပေါင်ကျစေနိုင်တယ်

    ကြယ်ပဲမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးကျစေဖို့ စားပေးလို့ ရပါတယ်။ သွေးကြောတွေ တောင့်တင်းတာကို သက်သာစေနိုင်ပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။ သွေးကြောတွေကို ကျန်းမာစေနိုင်ပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အစာကြေစေနိုင်တယ်

    ကြယ်ပဲမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကိုလည်း သက်သာစေနိုင်ပါတယ်။

    လိပ်ခေါင်း မဖြစ်စေဖို့ ကာကွယ်ပေးပြီး အူတွေကို ကျန်းမာစေနိုင်ပါတယ်။ အူမကြီး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    သွေးချိုထိန်းညှိပေးတယ်

    ကြယ်ပဲ အဆီမှာ gamma နဲ့ delta- tocopherols တွေ ပါဝင်နေသလို ဗီတာမင် A နဲ့ ဗီတာမင် E၊ omega-3၊  omega-6 နဲ့  omega-9 fatty acidsဆို့ ပဝင်နေတာကြောင့် အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး သွေးချိုကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အစားစားပြီချိန်မှာ  ရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျိုးအစား (၂) ဆီးချို ရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။

    သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ်

    ကြယ်ပဲက ခန္ဓာကိုယ်ထဲမှာ အကျိုးပြု ကိုလက်စထရော မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ သွေးကြောတွေထဲက အဆီတွေ အနယ်တွေကို ဖယ်ရှားပေးနိုင်ပြီး သွေးကြောတွေ ကျဉ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    သိမြင်မှုစွမ်းရည် ကျဆင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်

    ရောင်ရမ်းမှုက သိမြင်မှုစွမ်းရည် ကျဆင်းစေရတဲ့ အဓိက အကြောင်းအရင်းပါ။ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ တရားခံကတော့ နေ့စဉ် ထိတွေ့မိနေတဲ့ ဓာတ်တိုးတိုးပစ္စည်းတွေပါပဲ။ ရောင်ရမ်းမှုတွေက သိမြင်မှုစွမ်းရည်ကို ထိခိုက် ကျဆင်းနေပါတယ်။ ဒါတွေကို ကြယ်ပဲမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    အိပ်ပျော်စေနိုင်တယ်

    ကြယ်ပဲမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ tryptophan ပါဝင်နေတာကြောင့် အိပ်ပျော်စေဖို့ ထောက်ကူပေးတဲ့ ဆီရိုတိုနင်ဟော်မုန်းတွေကို ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ကြယ်ပဲမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကလည်း အိပ်မပျော်တာတွေကို သက်သာစေနိုင်ပါတယ်။

    မျက်လုံး ကျန်းမာစေနိုင်တယ်

    ကြယ်ပဲမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာ ဘီတာကယ်လ်ရိုတင်း ပါဝင်မှု များတာကြောင့် အမြင်အာရုံ ကျန်းမာစေနိုင်ပါတယ်။ ရေတမ်ဖြစ်တာကို သက်သာစေနိုင်ပြီး အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။

    ဘယ်သူတွေမစားသင့်ဘူးလဲ

    ကြယ်ပဲက ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့်

    • ဆီးချိုရှိသူတွေ
    • သွေးတိုးရှိသူတွေ
    • ကလေးငယ်တွေ
    • ကိုယ်ဝန်ဆောင်မိခင်တွေ
    • ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    ဘေးထွက်ဆိုးကျိုး ရှိလား

    ကြယ်ပဲက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်  အလွန်အကျွံ စားသုံးမယ်ဆိုရင်

    • အော့အန်တာ
    • မအီမသာဖြစ်တာ
    • စိတ်ခံစားမှု မကောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ကြယ်ပဲ ကျန်းမာစေသလား ဆိုတဲ့ မေးခွန်းလေးအတွက် အဖြေရပြီ ထင်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement