backup og meta

ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ

ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ

ခန္ဓာကိုယ်ကြီး ကျန်းမာပြီး လုပ်ငန်းစဉ်တွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကနေ Electrolytes တွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါတယ်။

Electrolytes ဆိုတဲ့စကားကို ဓာတ်ဆားရည်နဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။ အားကစားတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အခါ၊ ရာသီဥတု တအားပူလို့ ချွေးတွေ အများကြီး ထွက်တဲ့အခါ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ကိုယ်တွင်းက ရေဓာတ်​တွေ မှာ ဆုံးရှုံးသွားတဲ့အခါမျိုးတွေမှာ ရေဓာတ်နဲ့ Electrolytesတွေကို ပြန်ဖြည့်ဖို့ဆိုပြီး ဓာတ်ဆားရည်ကို သောက်ကြတယ်လေ။

Electrolytes တွေက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ် တော်တော်များများမှာ ပါဝင်နေပါတယ်။ အာရုံကြောစနစ်တွေ ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေ ကျုံ့ဆန့်ဖို့၊ ရေဓာတ်ဖြည့်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ pH ပမာဏကို ထိန်းညှိပေးဖို့ လုပ်ဆောင်ရမှာ အရေးပါတဲ့ တာဝန်ကို ယူထားပါတယ်။

ဒီဆောင်းပါးလေးထဲမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ Electrolytes ဆိုတာ ဘာလဲဆိုတာနဲ့ ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

Electrolytes ဆိုတာ

Electrolytes ဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် အရေးပါတဲ့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေထဲမှာရှိတဲ့ အသေးငယ်ဆုံး chemical လေးတွေပါ။

အာရုံကြောတွေ၊ ကြွက်သားတွေ ကျန်းမာစေဖို့ ကောင်းစွာ လှုပ်ရှား လုပ်ဆောင်နိုင်စေဖို့၊ သွေးပေါင်ချိန် ထိန်းညှိဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့ Electrolytesက မရှိမဖြစ်ပါပဲ။

Electrolytes တွေက အစားအစာတွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေအနေနဲ့ ရှိနေပါတယ်။ ဥပမာပြောပြရရင် Electrolytes တွေက အစားအစာတွေထဲမှာ

  • ကယ်လ်ဆီယမ်
  • ကလိုရိုက်
  • မဂ္ဂနီဆီယမ်
  • ဖော့စဖိတ်
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဘိုင်ကာဗွန်နိတ်တွေအနေနဲ့ ရှိနေတာပါ။

လူသားတွေက ကျန်းမာနေစေဖို့အတွက် electrolytesကို သင့်တင့်မျှတတဲ့ ပမာဏ ရရှိဖို့ လိုအပ်ပါမယ်။

Electrolytes ဘာတွေ လုပ်ပေးသလဲ

ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစု ဟန်ချက်ညီစေဖို့အတွက် electrolytesကို လိုအပ်ပါတယ်။

  • သွေးတွင်း pH ထိန်းညှိပေးတယ်
  • သွေးပေါင်ချိန် ထိန်းညှိပေးတယ်
  • လုံလောက်တဲ့ ရေဓာတ် ရရှိစေတယ်
  • နှလုံး ကျန်းမာစေတယ်
  • ကြွက်သားတွေနဲ့ အာရုံကြောဆဲနဲ့ အခြားသောဆဲလ်တွေ လျှပ်ကူးနိုင်စေဖို့ လုပ်ဆောင်ပေးတယ်
  • တစ်ရှူးတွေကို ပြုပြင်ပေးတယ်
  • အာရုံကြော​တွေနဲ့ ကြွက်သားတွေကို ပြေလျော့စေတယ်
  • ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
  • ကိုယ်တွင်းရေဓာတ် ထိန်းညှိပေးတယ်
  • ဆဲလ်တွေဆီ အာဟာရဓာတ်တွေ ပို့ဆောင်ပေးတယ်
  • သွေးတိတ်စေဖို့ လုပ်ဆောင်ပေးတယ်။

ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ

ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ

ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အရမ်းနည်းရင် ဖြစ်ဖြစ် အရမ်း များရင်ဖြစ်ဖြစ် ဓာတ်ဆားမမျှတမှု ဖြစ်နိုင်ပါတယ်။ Electrolytes တွေက သွေးထဲမှာရှိနိုင်သလို တစ်ရှူးတွေ နဲ့ခန္ဓာကိုယ် အနှံ့အပြားမှာ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေပေါ့။

လူသားတွေက electrolytes တွေကို အစားအစာနဲ့ သောက်စရာတွေကနေ ရရှိပါတယ်။ ကျောက်ကပ် နဲ့ အသည်းတို့က ကိုယ်တွင်းက electrolytes ပမာဏကို ထိန်းညှိပေးပါတယ်။

တကယ်လို့ အစာအုပ်စု စုံလင်အောင် စားမယ်။ ရေဓာတ်ကိုလည်း ပြည့်ဝလုံလောက်စေဖို့ ရေအပါအဝင် အရည်တွေကို ပြည့်ဝလုံလောက်အောင် သောက်မယ်ဆိုရင် ခန္ဓာကိုယ်မှာ electrolytes ပမာဏက အမြဲ ပြည့်ဝမျှတမှာပါ။

ဓာတ်ဆားမမျှတမှု ဆိုတာ

ခန္ဓာကိုယ်ထဲမှာ electrolyte ပမာဏ ပြောင်းလဲသွားတဲ့ အခြေအနေမှာ ဓာတ်ဆားမမျှတမှု ဖြစ်လာပါတယ်။ ခန္ဓာကိုယ်တွင်းက အရည်တွေထဲမှာ electrolytes ပမာဏ ပြောင်းလဲသွားတဲ့ အခြေအနေပေါ့။ electrolytes ပမာဏ အရမ်း နည်းလွန်းတာ များလွန်းတာက ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သလို အမျိုးမျိုးသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေတွေက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

ဘယ်လို အခြေအနေတွေမှာ ဓာတ်ဆားမမျှတမှု ဖြစ်နိုင်သလဲ

ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ပြည့်ဝအောင် ဖြည့်ပေးနိုင်ရင် ဘာမှ မဖြစ်ပေမယ့် ရေသောက်နည်းတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါမျိုး ဖြစ်ဖြစ် ရေအပါအဝင် အရည်ဓာတ်တော်တော်များများ သောက်မိတာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် အရမ်းများသွားတဲ့ အခါမျိုးမှာဖြစ်ဖြစ် ဓာတ်ဆားမမျှတမှု ဖြစ်တတ်ပါတယ်။

ဒါတွေအပြင်

  • အချို့သော ဆေးဝါးတွေ
  • အော့အန်တာ
  • ဝမ်းပျက်ဝမ်းလျှောတာ
  • ချွေးထွက်တာတွေ
  • ရာသီဥတု ပူလွန်းတာကြောင့် ချွေးထွက်များတာ
  • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတာကြောင့် ချွေးထွက် များသွားတာ
  • ကာယအားသုံးပြီး ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာကြောင့် ချွေးထွက်များလွန်းတာ
  • အသည်း ပြဿနာရှိတာ
  • ကျောက်ကပ် ပြဿနာ ရှိတာတွေလိုမျိုး ကိုယ်တွင်းရေဓာတ်ပမာဏကို ကမောက်ကမဖြစ်စေနိုင်တဲ့ အခြေအနေတွေကြောင့် ဓာတ်ဆားမမျှတမှု ခံစားရနိုင်ပါတယ်။

ဓာတ်ဆားမမျှတမှု ဖြစ်တဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ခန္ဓာကိုယ်က ဓာတ်ဆားမမျှတမှုကို နည်းမျိုးစုံနဲ့ တုံ့ပြန်ပါတယ်။ ဓာတ်ဆားမမျှတမှု ဖြစ်တဲ့ အနေအထား ဘယ်လောက် ပြင်းထန်သလဲဆိုတဲ့ အခြေအနေအပေါ် မူတည်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်သလို ရောဂါအခံရှိသူတွေမှာ ပိုပြင်းထန်တာမျိုးလည်း ရှိနိုင်ပါတယ်။

ဓာတ်ဆားမမျှတမှုက ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ပျက်စေတာကနေစလို့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အထိ အမျိုးမျိုး ခံစားရနိုင်ပါတယ်။  အပြင်းထန်ဆုံးအနေနဲ့ကတော့ အသက်ဆုံးရှုံးစေနိုင်တာပါ။

ဓာတ်ဆားမမျှတမှု ဖြစ်တဲ့အခါ

  • အိပ်မပျော်တာ
  • အသက်ရှူတာ မြန်တာ
  • ခေါင်းကိုက်တာ
  • စိတ်ရှုပ်ထွေးတာ
  • မူးဝေတာ
  • အော့အန်တာ
  • မအီမသာဖြစ်တာ
  • အာရုံစူးစိုက် နိုင်စွမ်း၊ မှတ်မိနိုင်စွမ်း ကျသွားတာ
  • ကြွက်တက်တာ
  • ခြေကုန်လက်ပမ်း ကျတာ
  • ဝမ်းလျှောတာ
  • နှလုံးခုန်နှုန်း မမှန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • တက်မယ်
  • ကိုမာဝင်မယ်
  • အရိုး နဲ့ ကြွက်သားတစ်ရှူးတွေ သေဆုံးမယ်
  • သွေးထဲမှာ myoglobin ပမာဏ များပြီး ကျောက်ကပ် ထိခိုက်မယ်
  • Metabolic acidosis လိုမျိုး သွေးထဲမှာ အက်စစ်ဓာတ်များတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ဓာတ်ဆားမမျှတမှုဖြစ်နေပြီလို့ ယူဆရတဲ့ လက္ခဏာ တစ်ခုခုကို ခံစားရပြီဆိုရင် အရင်ဆုံး ဓာတ်ဆားရည်ကို သောက်နိုင်သမျှ များများသောက်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသဖို့ အကြံပြုပါရစေ။

ဓာတ်ဆားမမျှတမှု ဖြစ်တဲ့အခါ

ဓာတ်ဆားမမျှတမှု ဖြစ်တဲ့အခါ
  • အိပ်မပျော်တာ
  • အသက်ရှူတာ မြန်တာ
  • ခေါင်းကိုက်တာ
  • စိတ်ရှုပ်ထွေးတာ
  • မူးဝေတာ
  • အော့အန်တာ
  • မအီမသာဖြစ်တာ
  • အာရုံစူးစိုက် နိုင်စွမ်း၊ မှတ်မိနိုင်စွမ်း ကျသွားတာ
  • ကြွက်တက်တာ
  • ခြေကုန်လက်ပမ်း ကျတာ
  • ဝမ်းလျှောတာ
  • နှလုံးခုန်နှုန်း မမှန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • တက်မယ်
  • ကိုမာဝင်မယ်
  • အရိုး နဲ့ ကြွက်သားတစ်ရှူးတွေ သေဆုံးမယ်
  • သွေးထဲမှာ myoglobin ပမာဏ များပြီး ကျောက်ကပ် ထိခိုက်မယ်
  • Metabolic acidosis လိုမျိုး သွေးထဲမှာ အက်စစ်ဓာတ်များတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Electrolytes https://my.clevelandclinic.org/health/diagnostics/21790-electrolytes Accessed Date Date 13 June 2022

What Are Electrolyte Imbalances? https://www.verywellhealth.com/electrolyte-imbalances-4800164 Accessed Date Date 13 June 2022

Fluid and Electrolyte Balance https://medlineplus.gov/fluidandelectrolytebalance.html Accessed Date Date 13 June 2022

Electrolyte Imbalances https://www.osmosis.org/answers/electrolyte-imbalances Accessed Date Date 13 June 2022

General characteristics of patients with electrolyte imbalance admitted to emergency department https://www.ncbi.nlm.nih.gov/pmc/articles/PMC4129840/ Accessed Date Date 13 June 2022

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဓာတ်ဆားရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement