backup og meta

အသားအရေပြောင်းလဲမှုက ပြောပြနေတဲ့ သင့်ကျန်းမာရေး

အသားအရေပြောင်းလဲမှုက ပြောပြနေတဲ့ သင့်ကျန်းမာရေး

ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသော ကိုယ်အင်္ဂါအစိတ်အပိုင်းက ဘာများလဲ။ အရေပြားပါ။ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပါတယ်။ ခန္ဓါကိုယ်ရဲ့ ခံတပ်တစ်ခုဖြစ်သလို အချက်ပြစနစ်တစ်ခုဆိုလည်းဟုတ်ပါတယ်။ အသားအရေပြောင်းလဲမှုကနေတဆင့် ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာရေးကိုသိနိုင်ပါတယ်နော်။ အရေပြားပြောင်းလဲမှုက တစ်ခါတလေမှာရောဂါကြီးကြီးမားမားတွေရဲ့ရှေ့ပြေးလက္ခဏာတွေတောင်ဖြစ်နိုင်ပါတယ်။

အသားအရေပြောင်းလဲမှု နဲ့ ကျန်းမာရေးအခြေအနေ

အသားအရေက ကိုယ်ခန္ဓါရဲ့ပြတင်းပေါက်ပါ။ရောဂါတွေရဲ့ အစောဆုံးလက္ခဏာဆိုလည်း ဟုတ်ပါတယ်။

အဖုအပိမ့်တွေထွက်တာ

  • အရေပြားမှာ အဖုအပိမ့်တွေထွက်လာတာက အရေပြားဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး။ တစ်ခါတလေအရေပြားမှာ အဖုအပိမ့်တွေထွက်တာက အခြားရောဂါတွေခံစားနေရတာကြောင့်ဖြစ်ပါတယ်။
  • အဖုအပိမ့်ထွက်တာနဲ့အတူ အဖျားတက်မယ်၊ အဆစ်တွေနာကျင်မယ်၊ ကြွက်သားတွေကိုက်ခဲမယ် ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာပြဿနာရှိနေတာဖြစ်နိုင်သလို ရောဂါပိုးတစ်ခုခုကူးစက်ခံရတာလည်းဖြစ်နိုင်ပါတယ်။
  • အဖုအပိမ့်တွေကခြေထောက်တွေမှာဖြစ်ပြီးဆေးတွေလိမ်းတာ၊ မှိုသတ်ဆေးတွေသုံးတာမျိုးလုပ်ပေမယ့် သက်သာသွားတာမျိုးမရှိဘူးဆိုရင်တော့ အသည်းရောင် အသားဝါ စီပိုးကူးစက်ခံရတာဖြစ်နိုင်ပါတယ်။
  • သောက်နေကျမဟုတ်တဲ့ဆေးတစ်မျိုးမျိုးကိုသောက်သုံးပြီးချိန်မှာ အရေပြားမှာ အဖုအပိမ့်တွေထွက်လာတာဆိုရင်တော့ဆေးနဲ့ဓါတ်မတည့်တာကြောင့်ဖြစ်နိုင်ပါတယ်။
  • ပြန်ရည်ကြော ဂလင်းေတွရောင်ရမ်းမယ်။ မျက်နှာတွေရောင်ရမ်းမယ်၊ အဖျားတက်တာမျိုးတွေဖြစ်ပြီး အရေပြားမှာ အဖုအပိမ့်တွေထွက်လာတာဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ အသည်း၊နှလုံး၊အဆုတ်နဲ့ သိုင်းရွိုက်မှာပြဿနာရှိနေတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသစစ်ဆေးကြည့် သင့်ပါတယ်။
  • သတိထားရမယ့်နောက်တစ်ချက်က အရေပြားမှာ အဖုအပိမ့်ဖြစ်တာက ကင်ဆာရောဂါတွေရဲ့ အစောပိုင်းလက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။ အပေါ်မျက်ခွံပေါ်မှာ ခရမ်းရောင်သန်းတဲ့ အဖုအပိမ့်လေးတွေဖြစ်နေမယ်ဆိုရင် ဒါမှမဟုတ်နေရောင်နဲ့ထိတွေ့တဲ့နေရာမှာ လက်ဆစ်တွေပေါ်မှာ အရေပြားခပထူထူအဖုအပိမ့်တွေဖြစ်နေမယ်ဆိုရင် ကင်ဆာရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင်တော့ သားအိမ်ကင်ဆာခံစားနေရတာဖြစ်နိုင်ပါတယ်။နောက်တစ်ခုကကျောက်ကပ်ကင်ဆာအစောပိုင်းလက္ခဏာလည်းဖြစ်နိုင်ပါတယ်။

အရေပြားမှာ အသားပိုလိုအရာတွေထွက်လာတာ

အရေပြားမှာ ယခင်ကမရှိခဲ့တဲ့ အရာတွေဖြစ်လာတာမျိုးပါ။ အသားပိုထွက်လာတာဖြစ်ဖြစ် မှဲ့လိုလို အမှတ်လိုလိုအရာတွေထွက်လာမယ်ဆိုရင်တော့ သေချာလေးစစ်ဆေးသင့်ပါတယ်။

  • ဒါက အရေပြားကင်ဆာရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။
  • ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ရောဂါခံစားနေရတာကြောင့်လည်း အရေပြားမှာ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်။

အရေပြားမှာ အဖုအကျိတ်တွေထွက်လာတာ

အရေပြားမှာ အဆီကျိတ်လိုမျိုး အဖုအပိမ့်တွေထွက်လာတာက

  • သွေးတွင်းမှာ ကိုလက်စထရောများနေတာကြောင့်ဖြစ်နိုင်ပါတယ်။
  • ဆီးချိုကို မထိန်းနိုင်တာကြောင့်လည်း အရေပြားမှာ အဆီကျိတ်လိုမျိုး အရာတွေဖြစ်နိုင်ပါတယ်။
  • နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်တာကြောင့်လည်း အရေပြားမှာ အကျိတ်တွေဖြစ်လာနိုင်ပါတယ်။

အသားအရေအရောင်ပြောင်းလဲခြင်း

အသားအရေအရောင်ပြောင်းလာတာက ကိုယ်တွင်းမှာရောဂါတွေခံစားနေရတာကိုပြသနေတဲ့ လက္ခဏာပါ။

  • အသားအရောင်ဝါလာတာက အသည်းရောဂါခံစားနေရတာပါ။ အသည်းရောဂါခံစားရတဲ့အခါ အသားဝါလာတာအပြင် အသားညစ်သွားတာလိုမျိုး အရောင်ပြောင်းသွားတာလည်းဖြစ်နိုင်ပါတယ်။
  • အရေပြားမှာ အမဲရောင်အကွက်တွေဖြစ်ပေါ်တာက၊ အဆစ်တွေနေရာမှာ မဲနေတာ၊ အမာရွတ်တွေ မပျောက်ဘဲကျန်နေတာကadrenal ဂလင်းကဟော်မုန်းတွေလုံလောက်စွာမထုတ်လုပ်နိုင်တဲ့ရောဂါကို ခံစားနေရတာဖြစ်နိုင်ပါတယ်။

အသားအရေတွေခြောက်သွေ့မယ်၊ ကြမ်းလာမယ်

အသားအရေတွေက ပုံမှန်မဟုတ်ဘဲခြောက်သွေ့ကြမ်းတမ်းလာမယ်ဆိုရင်တော့ ဒီဝေဒနာတွေခံစားရတာဖြစ်နိုင်ပါတယ်။

  • ညို့သကျည်းမှာ အရေပြားက ခပ်ထူထူဖြစ်လာမယ်ဆိုရင်သွေးတိုးနေတာဖြစ်နိုင်သလိုကျောက်ကပ်ပြဿနာခံစားနေရတာဖြစ်နိုင်ပါတယ်။
  • အသားအရေကအရမ်းခြောက်ပြီး ယားယံနေမယ်ဆိုရင်တော့ဟော်မုန်းပြဿနာဖြစ်နိုင်သလို သိုင်းရွိုက်ကောင်းကောင်းအလုပ်မလုပ်တာဖြစ်နိုင်ပါတယ်။
  • အရေပြားအရမ်းခြောက်ပြီး နှင်းခြူဖစ်လာတာက သိုင်းရွိုက်လုပ်ဆောင်နိုင်စွမ်းကျနေတာကြောင့်ပါ။
  • အသားအရေကြမ်းတမ်းလာတာက ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ အဆုတ်၊ နှလုံးတို့မကျန်းမာတာကြောင့်ပါ။
  • အသားအရေပျော့တွဲတွဲဖြစ်တာကသွေးကင်ဆာခံစားနေရတာဖြစ်နိုင်သလို ကိုယ်တွင်းအင်္ဂါတွေ မကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့်အသားအရေကို ကျန်းမာအောင် ထိန်းသိမ်းပြီးနေ့စဉ်ဂရုတစိုက်လေးကြည့်ရှု့စစ်ဆေးလိုက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skin Conditions, Explainedhttps://www.health.com/skin-conditions Accessed Date 11 January 2019

Skin can show first signs of some internal diseaseshttps://www.aad.org/media/news-releases/skin-can-show-first-signs-of-some-internal-diseases Accessed Date 11 January 2019

5 Ways Skin Can Signal Health Problemshttps://www.livescience.com/46868-skin-changes-signal-health-problems.html Accessed date 11 January 2019

ယခုပုံစံ

04/10/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်သည်းခြေသည်းတွေ က ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး



Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement