brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

  1. အခြေခံကျန်းမာရေး
  2. အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖျားတဲ့အခါ ဘယ်လိုအချိန်မှာ ဆေးခန်းသွားပြဖို့လိုမလဲ

လူတိုင်းက ဖျားနာမှုနဲ့ကင်းဖို့ သိပ်တော့မလွယ်လှပါဘူး။ ဖျားနာတဲ့အခါမှာလည်းသေသေချာချာဂရုစိုက်ပေးမှာ ခန္ဓါကိုယ်က ကျန်းမာအားပြည့်လာမှာပါ။ တစ်ခါတလေမှာ ဖျားနာကကောင်းကောင်းအနားယူလိုက်ရုံ၊ အာဟာရြပည့်ဝအောင်စားသုံးလိုက်ရုံနဲ့ပြန်လည်ကျန်းမာလာတာမျိုးလည်းရှိတတ်ပါတယ်။ ဖျားနာတယ်ဆိုတာက ကိုယ်ခံအားနည်းနေတဲ့အခါ ဗိုင်းရပ်စ်တွေက နှာခေါင်း လည်ချောင်းတို့ကနေတဆင့် ခန္ဓါကိုယ်ထဲဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တာပါ။ အထူးသဖြင့်ရောဂါပိုးတွေပိုမိုရှင်သန်နိုင်တဲ့အေးမြစိုစွတ်တဲ့ရာသီဥတုအခြေအနေမျိုးမှာ ပိုမိုဖျားနာလွယ်ကြပါတယ်။နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ရောဂါပိုးတွေတော်တော်လေးတော့များပါတယ်။ ဒါကြောင့် ဖျားနာမှုက ကင်းစင်ဖို့ဆိုရင် လိုက်နာပေးသင့်တဲ့အချက်လေးတွေရှိနေပါတယ်။

ဖျားတဲ့အခါ ဘယ်လိုအချိန်မှာ ဆေးခန်းသွားပြဖို့လိုမလဲ

ဖျားနာမှု ကင်းစင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်

ဖျားနာမှုကြောင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်သူတွေအနေနဲ့ ဒီအချက်တွေကို သတိထားပေးဖို့ပြောပါရစေ။

  • အိပ်ရေးဝဝအိပ်ပါ
  • အာဟာရြပည့်ဝအောင်စားသုံးပါ
  • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
  • လက်ကို စင်ကြယ်စွာဆေးကြောပေးပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပေးပါ
  • ဆေးလိပ်ြဖတ်ပါ
  • အရက်၊ဘီယာေသာက်သုံးမှုကိုရှောင်ကြဉ်ပါ
  • နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင်ထားပေးပါ။
  • ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

    အအေးမိဖျားနာတဲ့အခါ

    များသောအားဖြင့် အအေးမိဖျားနာတာကပြည့်ပြည့်ဝဝအနားယူရုံနဲ့ သက်သာသွားတတ်ကြပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိပြီး တစ်ရက်ကနေ ၃ ရက်အတွင်းမှာ အခုလိုမျိုး လက္ခဏာတွေတွေ့ရတတ်ပါတယ်။

    • နှာစေးမယ်
    • နှာမွှန်မယ်
    • ချောင်းဆိုးမယ်
    • နှာခေါင်းပိတ်မယ်
    • ကိုယ်လက်တွေ နည်းနည်းကိုက်ခဲမယ်
    • ခေါင်းကိုက်မယ်
    • အဖျားငွေ့ငွေ့လေးရှိနေမယ်
    • နေရထိုင်ရ မအီမသာဖြစ်မယ်

    တုပ်ကွေးဖြစ်တဲ့အခါ

    တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူတတ်ပေမယ့် အားလုံးဆင်တူတာတော့မဟုတ်ပါဘူး။

    • အဖျားက ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုများနေမယ်
    • ကြွက်သားတွေ နာကျင်ကိုက်ခဲနေမယ်
    • ချမ်းတုန်နေမယ်
    • ချွေးတွေထွက်မယ်
    • ချောင်းခြောက်တွေဆိုးမယ်
    • ကိုယ်လက်မအီမသာဖြစ်ပြီး အားနည်းနေသလိုဖြစ်မယ်
    • နှာခေါင်းပိတ်မယ်
    • လည်ချောင်းနာမယ်

    ဒီလိုအခြေအနေတွေဆိုရင် ဆရာဝန်နဲ့ပြသပေးပါ

    အအေးမိဖျားနာတာဆိုပေမယ့်

    • လူကြီးတွေမှာ အဖျားက ၁၀၁.၃ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်ဆိုရင် ကလေးငယ်တွေမှာ အဖျားက ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုများနေမယ်ဆိုရင်
    • အဖျားက ၅ ရက်ထက်ပိုကြာနေရင် ဒါမှမဟုတ်နေကောင်းပြီးမှပြန်ဖျားခဲ့ရင်
    • အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်ဆိုရင်
    • အသက်ရှုတဲ့အခါ ချွဲသံပါနေရင်
    • လည်ချောင်းကတော်တော်လေးနာနေမယ်ဆိုရင်
    • ခေါင်းကိုက်မယ်ဆိုရင်
    • အစားစားချင်စိတ်မရှိဖြစ်နေမယ်ဆိုရင်
    • အစားစားလိုက်တိုင်း အန်နေမယ်၊ အရည်သောက်ရင်တောင်ပြန်အန်နေမယ်
    • မျိုချဖို့ခက်ခဲနေမယ်
    • ချောင်းဆိုးတာက အချိန်ကြာတဲ့အထိ မသက်သာဘူးဆိုရင်
    • နှာခေါင်းပိတ်တာက အချိန်တော်တော်ကြာတဲ့အထိမသက်သာဘူးဆိုရင်
    • အရေပြားမှာ အနီရောင် အပိမ့်တွေထွက်မယ်
    • ရင်ဘတ်ေအာင့်မယ်
    • နှုတ်ခမ်းတွြေပါလာမယ်
    • အသက်ရှုရခက်မယ်
    • ဆီးသွားရခက်မယ်
    • တစ်ချိန်လုံးလိုလို အိပ်နေမယ်
    • ရေဓါတ်အရမ်းခန်းခြောက်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ လိုအပ်နေပါပြီ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/09/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    hellobacsi white

    Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

    FOLLOW US

    • ကျန်းမာရေး ဆောင်းပါးများ
    • ကျန်းမာရေး ကိရိယာများ

    သတင်းအချက်အလက်

    • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ
    • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
    • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
    • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

    Hello Health

    • Hello Health အကြောင်း
    • ကျွန်ုပ်တို့အကြောင်း

    • HelloSehat
    • HelloKhunmor
    • HelloDoktor
    • HelloKrupet
    • HelloYishi
    • HelloSwasthya
    • HelloBacsi
    • HelloDoctor
    • HelloJiankang
    • https://www.dmca.com/ProtectionPro.aspx?r=m
    ©2025 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။