backup og meta

မသိမသာနဲ့ သက်တမ်းကိုလျော့စေတဲ့ အစားအသောက်တွေ


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မသိမသာနဲ့ သက်တမ်းကိုလျော့စေတဲ့ အစားအသောက်တွေ

    တစ်နေ့တာမှာ စားလိုက်တဲ့အစားအစာတွေက အာဟာရြဖစ်ရဲ့လားလို့တွေးမိဖူးလား။ တစ်နေ့တာမှာ စားလိုက်တဲ့အစားအစာတိုင်း ကအာဟာရမဖြစ်ပါဘူး။ ကြိုက်လို့ဆိုပြီးနေ့တိုင်းလိုလိုစားမိနေတဲ့ အချို့အစားအစာတွေက လူ့သက်တမ်းကိုတောင် တိုစေနိုင်ပါတယ်။ ဒီအစားအစာတွေကို ကိုယ်တိုင်လည်း စားမိနေနိုင်တာကြောင့် သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။

    မသိမသာနဲ့ လူ့သက်တမ်းကိုလျော့စေနိုင်တဲ့ အစားအသောက်တွေက ဘာတွေများလဲ

    အာလူးကြော်

    အကြာကြီးကြော်ထားတဲ့ အစားအသောက်တွေမှာacrylamide လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။ ဒီဓါတ်က အာလူးကြော်မှာလည်း ပါပါတယ်။ ဒီဓါတ်တွေကိုနေ့စဉ်နဲ့အမျှစားမိတဲ့အခါ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် အာလူးကြော်ကို ကြိုက်ရင်တောင် အိမ်မှာပဲကြော်စားပေးပါ။

    Hot Dogs

    တာရှည်ခံပစ္စည်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် တကယ်ကိုမညီညွတ်တဲ့ အစားအစာတစ်ခုပါ။ Hot dogs ကိုစားသုံးတာကဆေးလိပ် သောက်သလိုပဲ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ အငန်ကဲတာနဲ့ တာရှည်ခံပစ္စည်းပါဝင်တာကြောင့်Hot dogs စားသုံးမှုက ကင်ဆြာဖစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။

    မာဂျရင်း

    မနက်ခင်းတိုင်းပေါင်မုန့်ကို မာဂျရင်းလေးသုတ်ပြီး စားရတာကိုသဘောကျနေလား။ ဒါကတကယ်ရောကျန်းမာရေးအတွက်ကောင်းရဲ့လား။ မာဂျရင်းမှာ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ အသွင်ပြောင်းအဆီတွေပါဝင်နေတာကြောင့်သွေးတွင်းကိုလက်စထရောကိုများစေနိုင်သလိုသွေးကြောတွေကို ထိခိုက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    သကြား

    ချိုချိုလေးမှ ကြိုက်တယ်ဆိုတဲ့သူတွေသတိထားပါ။ အချိုဓါတ်က လူကို စွဲလမ်းစေတတ်သလိုသွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချို၊ကင်ဆာ၊ အဝလွန်၊ နှလုံးရောဂါတွေကနေ ကင်းဝေးစေဖို့ အချိုတွေကိုလျှော့စားဖို့ပြောပါရစေ။ သကြားအစား သဘာဝပျားရည်စစ်စစ်ကို အစားထိုးစားသုံးပေးလို့ရပါတယ်။

    အချိုရည်တွေ

    အချိုရည်တွေက ကျန်းမာရေးကို အထိခိုက်စေနိုင်ဆုံးအရာတွေထဲက တစ်ခုပါ။ အရေပြား၊သွေးတွင်းသကြားဓါတ်၊ဟော်မုန်းပမာဏ နဲ့ စိတ်ခံစားမှုတွေအပေါ်မှာပါသက်ရောက်မှုရှိနေတာပါ။ အချိုရည်တွေက သကြားဓါတ်ပါဝင်မှုများသလို တာရှည်ခံပစ္စည်းတွေလည်းပါဝင်နေတာကြောင့် ကျန်းမာရေးအတွက်ကောင်းကျိုးမရှိသလောက်ပါပဲ။ ဒါကြောင့် ကိုယ်တိုင် သစ်သီးကို လတ်လတ်ဆတ်ဆတ် ကြိတ်ပြီးသောက်ဖို့ပြောပါရစေ။

    အစားအသောက်တိုင်းကကျန်းမာရေးကိုထိခိုက်စေတာမဟုတ်ပေမယ့် တာရှည်ခံပစ္စည်းတွေ၊ အချိုပမာဏကဲတာတွေ နဲ့ အခြားသော အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်တွေပါဝင်နေတာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာပါ။ ဒါကြောင့် ကိုယ်စားသုံးလိုက်တဲ့ အစားအသောက်တွေက ခန္ဓါကိုယ်ကို ထိခိုက်တာမျိုးမဖြစ်စေဖို့ အစားအသောက်တွေကိုစားသုံးတဲ့အခါ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာကိုသေချာဖတ်ကြည့်ပြီးရွေးစေချင်ပါတယ်။ဘေးကင်းတဲ့ စားသောက်မှုပုံစံကိုမွေးမြူကြဖို့ တိုက်တွန်းချင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement