backup og meta

ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ်

    ခေါင်းစဉ်ကို ဖတ်ပြီး ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် ဆိုတာက ရှိမှ မရှိဘဲ ဘယ်လို ဖြစ်နိုင်မှာလဲလို့များ တွေးနေလား။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူလို့ ရပါတယ်။ လိုအပ်တဲ့ လုပ်ဆောင်စရာတွေတော့ ရှိတာပေါ့။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ် က ဘာတွေများ ဖြစ်မလဲ။ ဖတ်ကြည့်လိုက်ပါနော်။

    ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ်

    ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ် ကတော့

  • ခြင်လုံဇကာ တပ်ဆင် အသုံးပြုပါ
  • နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေ တပ်ဆင်ပြီး နေအိမ်ထဲကို ခြင်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပါ။ ခြင်လုံဇကာ တပ်ဖို့ အဆင်မပြေဘူး ဆိုရင် ခြင်ထောင် အသုံးပြုပေးလည်း ရပါတယ်။

    နောက်ထပ် လုပ်လို့ ရတဲ့ နည်းလမ်း တစ်ခုက နေအိမ် တံခါးတွေကို လုံအောင် ပိတ်ပြီး လေအေးပေးစက် ဖွင့်ထားလို့လည်း ရပါတယ်။ လေအေးပေးစက် မရှိဘူးဆိုရင် ပန်ကာ ဖွင့်ထားလို့ ရပါတယ်။

    • ငှက်မွေးပါ

    နေအိမ်မှာ ငှက်ကလေးတွေ မွေးထားတာကလည်း ခြင်တွေကို နှိမ်နှင်းရာမှာ ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ။ ကြက်လေးတွေ ငှက်လေးတွေက ခြင်ကို အစားအစာ အဖြစ် စားသုံးကြပါတယ်။ ငှက်ကို သီးသန့် မမွေးနိုင်ဘူး ဆိုရင်နေအိမ် အနီးဝန်းကျင်မှာ ငှက်အိမ်လေးတွေ ဆောက်လုပ်ပေးထားလိုက်ပါ။ အသိုက် လာဖွဲ့တဲ့ ငှက်လေးတွေက ခြင်နှိမ်နှင်းရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးပါလိမ့်မယ်။

    ခြင်လောင်းလေးတွေကို စားတဲ့ ငါးမွေးလို့လည်း ရပါတယ်။

  • ရေဝပ်နေတဲ့ နေရာတွေထဲကို ကော်ဖီမှုန့်တွေ ဖြူးပေးပါ
  • ကော်ဖီမှုန့်မှာ ခြင်သားလောင်းလေးတွေကို သေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ကော်ဖီ ကြိုက်တတ်သူတွေ ဆိုရင်တော့ ဒီနည်းလမ်းက အဆင်ပြေတာပေါ့နော်။ သုံးပြီးသား ကော်ဖီမှုန့်တွေကို နေအိမ် အနီးအပါးမှာ ရှိနေတဲ့ ရေဝပ်နေတဲ့ နေရာတွေမှာ ဖြူးပေးလိုက်ပါ။ ဒီနည်းလမ်းက အသုံးတည့်မယ့် ခြင်ကောင်ရေ လျော့ချရေး လုပ်ငန်းစဉ် တစ်ရပ်ပါ။

    • ခြင်ပြေးစေတဲ့ အပင်တွေ စိုက်ပါ

    တိုက်ခန်းနဲ့ နေသူတွေ ဆိုရင်တော့ ဝရံတာ ဒါမှမဟုတ် အခန်းတွင်းမှာ၊ ခြံနဲ့နေသူတွေ ဆိုရင်တော့နေအိမ် အနီးဝန်းကျင် နဲ့ ခြံထဲမှာ ခြင်ပြေးစေတဲ့ အပင်တွေ စိုက်ထားပြီး ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးလို့ ရပါတယ်။

    ခြင်ပြေးစေဖို့ လာဗင်ဒါပန်းပင်၊ ပူစီနံပင်၊ ကြောင်ဆေးပင်၊ ပင်စိမ်းပင် နဲ့ ကြက်သွန်ဖြူပင် (ကြက်သွန်မိတ်) တို့ စိုက်ထားလို့ ရပါတယ်။

    ခြင်ပြေးအောင် အသုံးပြုလေ့ရှိတဲ့ အခြေခံကျတဲ့ နည်းလမ်း တစ်ခုပါ။ ခြင်နိုင်ဆေး ဆိုတဲ့ နေရာမှာလည်း ခြင်ဆေးခွေကို အသုံးပြုနိုင်သလို ခြင်ပြေးစက်၊ ခြင်ဆေးစပရေးဆိုပြီး အမျိုးအစားတွေကို စုံလင်နေတာပါပဲ။ ကလေးငယ် ရှိသူတွေ အနေနဲ့ကတော့ ခြင်ဆေးထက် စပရေးက ပိုအဆင်ပြေပါတယ်။ စပရေးက ခြင်တင်မကဘဲ အခြားအင်းဆက်တွေကိုပါ နှိမ်နှင်းပေးနိုင်တာကြောင့် ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် တင်မကဘဲ အင်းဆက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးနိုင်စေမှာပါ။

    အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကြည့်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement