အဆုတ်ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 27, 2021 . 2 mins read
Share now

အဆုတ် ကင်ဆာကကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။

အဆုတ်ကင်ဆာ ဆိုတာ

အဆုတ်ကင်ဆာဆိုတာက အခြား ကင်ဆာတွေလိုပါပဲ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေကနေ စတာပါ။ ပုံမှန်ကတော့ ခန္ဓာကိုယ်က မလိုအပ်ဘဲ ဆဲလ်ကွဲပွားတာမျိုး မဖြစ်စေဖို့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားမှုတွေ မဖြစ်စေဖို့ ထိန်းချုပ်ပေးထားပါတယ်။

ဒီစနစ် ပျက်ယွင်းသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန် မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ပြီး အကျိတ်တွေ ဖြစ်ပေါ်ရာကနေတဆင့် ကင်ဆာဖြစ်လာပါတော့တယ်။ အဆုတ်ကင်ဆာဆိုတာကလည်း အဆုတ်ထဲမှာ ပုံမှန်မဟုတ်​တဲ့ ဆဲလ် ကွဲပွားတာတွေ အကျိတ်တွေ ဖြစ်တာမျိုးကို ဆိုလိုတာပါ။

ဘယ်လို လက္ခဏာတွေ ရှိနိုင်လဲ။

အဆုတ်ကင်ဆာက လက္ခဏာမပြတာ ရှိသလို အခုလို လက္ခဏာလေးတွေလည်း တွေ့ရနိုင်ပါတယ်။ အဆုတ်ကင်ဆာက အစောပိုင်းမှာ လက္ခဏာ မပြရင်တောင် နောက်ပိုင်းမှာ အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။

အဆုတ်ကင်ဆာ အမျိုးအစား

အဆုတ်ကင်ဆာဖြစ်တဲ့အခါ ကင်ဆာက အဆုတ်ကနေ စတင်ဖြစ်ပွားတာရှိသလို အခြားနေရာကနေ စတင်တဲ့ ကင်ဆာဆဲလ်က အဆုတ်ဆီ ရောက်လာတာမျိုးလည်း ရှိပါတယ်။

အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ ကင်ဆာကို primary lung cancer လို့ ခေါ်ပြီး အခြားနေရာကနေ ကင်ဆာဆဲလ်တွေ ပြန့်လာကနေ ဖြစ်ပွားတဲ့ အဆုတ်ကင်ဆာကိုတော့ secondary lung cancer ကင်ဆာလို့ ခေါ်ကြပါတယ်။

အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ primary lung cancer ကိုလည်း ကင်ဆာဆဲလ် စတင်ကြီးထွားပုံကိုလိုက်ပြီး အခုလို အမျိုးအစား ခွဲထားပါသေးတယ်။ ဒါတွေကတော့

  • non-small-cell lung cancer – ဆဲလ်သေးသေးလေးတွေထဲမှာ ဖြစ်တာမဟုတ်တဲ့ကင်ဆာ အမျိုးအစားပါ။ အဖြစ်များတဲ့ အဆုတ်ကင်ဆာ အမျိုးအစားပေါ့။ အဆုတ်ကင်ဆာ ဖြစ်ပွားမှု ၈၇ ရာခိုင်နှုန်း နီးပါးရဲ့ ကင်ဆာဖြစ်ရခြင်း အကြောင်းအရင်းပေါ့။
  • small-cell lung cancer – အဆုတ်ကင်ဆာဆဲလ် သေးသေးလေးတွေမှာ ဖြစ်တဲ့ ကင်ဆာအမျိုးအစားပါ။ အဖြစ်နည်းပေမယ့် ပြန့်နှံ့မှုက ဆဲလ်သေးသေးလေးတွေထဲမှာ ဖြစ်တာမဟုတ်တဲ့ ကင်ဆာ အမျိုးအစားထက် ပိုမြန်ပါတယ်။

အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ

အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

ဘယ်လို သိရှိကုသမလဲ။

အဆုတ်ကင်ဆာ ကုသမှုက ခံစားနေရတဲ့ အခြေအနေပေါ်ကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ စောစောသိပြီး စောစော ကုသမယ်ဆိုရင်တော့ ကင်ဆာဆဲလ်တေါ သိမ်ပြန့်ခင်မျာ အထိရောက်ဆုံး ဖယ်ရှား ကုသနိုင်မှာဖြစ်ပြီး အောင်မြင်နိုင်ခြေကလည်း အတော်လေး များပါတယ်။ ကင်ဆာဆဲလ်တွေကို ဖယ်ရှားတဲ့ နည်းနဲ့ ကုသလို့ ရပါတယ်။

နောက်တစ်မျိုးကတော့ ဓာတ်ရောင်ခြည် အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ နည်းနဲ့ အဆုတ်ကင်ဆာကို ကုသတာပါ။

ဓာတ်ရောင်ခြည် ကုထုံးအပြင် ဆေးသွင်း ကုသမှုနည်းနဲ့လည်း အဆုတ်ကင်ဆာကို ကုသလို့ ရပါသေးတယ်။

ရောဂါအခြေအနေကိုလိုက်ပြီး ခံယူရတဲ့ ကုသမှုတွေကတော့ ကွာခြားနိုင်ပါတယ်။

ဘယ်လို ကာကွယ်မလဲ။

အဆုတ်ကင်ဆာ မဖြစ်စေဖို့ဆိုရင်

Takeaways

အဆုတ်ကင်ဆာက ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များတဲ့ ကင်ဆာပါ။ ဖြစ်နိုင်တဲ့ အကြောင်းတွေ၊ လက္ခဏာတွေကို သိထားမယ်ဆိုရင် ရောဂါမရင့်ခင် စောစောစီးစီး ကုသမှု ခံယူနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read