backup og meta

Fatty Liver (အသည်းအဆီဖုံးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Fatty Liver (အသည်းအဆီဖုံးခြင်း)

    Fatty Liver အသည်းအဆီဖုံးခြင်း သို့မဟုတ် steatosis ဆိုသည်မှာ အသည်းအတွင်း အဆီများစုပုံလာခြင်းကိုခေါ်ဆိုခြင်းဖြစ်သည်။ အသည်းတွင် အဆီများရှိသည်မှာ ပုံမှန်ဖြစ်သော်လည်း အသည်း၏အလေးချိန် ၅-၁၀ % မှာ အဆီကြောင့်ဆိုပါက အသည်းအဆီဖုံးပြီဟုသတ်မှတ်ပါသည်။ အသည်းအဆီဖုံးခြင်းမှာ အပြုအမူြေပါင်းခြင်းဖြင့် ပြန်ကောင်းနိုင်သောအခြေအနေဖြစ်သည်။

    လက္ခဏာများ မပြတတ်သလို လုံးဝအသည်းပျက်စီးသွားခြင်းကိုလည်း မဖြစ်စေပါ။ အသည်းမှာ ခန္ဓါကိုယ်အတွင်း ဒုတိယအကြီးဆုံး အင်္ဂါဖြစ်သည်။ အသည်း၏လုပ်ငန်းမှာ ကျွန်ုပ်တို့ နေ့စဉ်စားသောက်သမျှကို ပြုပြင်ပေးပြီး အဆိပ်အတောက်များကို စစ်ပေးခြင်းဖြစ်သည်။ အဆီများလာပါက ထိုလုပ်ငန်းစဉ် အနှောက်အယှက်ခံရပါမည်။

    အသည်းသည် ဆဲလ်ဟောင်းများ ပျက်စီးသွားသည့်အခါ ဆဲလ်အသစ်များ ထုတ်ပေးခြင်းဖြင့် ပြန်ကောင်းအောင်လုပ်၏။ အသည်းကို ထပ်ခါထပ်ခါ ထိခိုက်မှုရှိလာသည့်အခါ ပြင်မရသည့် အမာရွတ်များအစားထိုးလာပါသည်။ ထိုအခြေအနေကို အသည်းခြောက်သည်ဟု ခေါ်ခြင်းဖြစ်သည်။

    Fatty Liver (အသည်းအဆီဖုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

    ဒီရောဂါသည် အဖြစ်များ၏။ အမေရိကန်တွင် ၁၀ – ၂၀ ရာခိုင်နှုန်းထိလူများ၌ အသည်းရောင်ခြင်း ပျက်စီးခြင်းမရှိသော အသည်းအဆီဖုံးသည့်အခြေအနေ ရှိနေကြပါသည်။ တရားဝင်ကိန်းဂဏန်းများမရှိသော် အထူးသဖြင့် အသည်းရောင်အသားဝါဘီရောဂါပိုးဟာဆိုရင် ကာကွယ်ဆေးထိုးပြီး ထိရောက်စွာ ကာကွယ်နိုင်ပြီဖြစ်လိလည်း မြန်မာနိုင်ငံတွင်လည်း အသည်းအဆီဖုံးသည့် အခြေအနေမှာ အလွန်အဖြစ်များပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

    Fatty Liver (အသည်းအဆီဖုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    အသည်းအဆီဖုံးခြင်းတွင် များသောအားဖြင့် လက္ခဏာများ မရှိတတ်ပါ။ မောပန်းလွယ်ခြင်း ဗိုက်ထဲမအီမသာ ခံစားရခြင်းမျိုးတော့ ဖြစ်တတ်ပါသည်။ အသည်းအနည်းငယ် ကြီးနေတတ်ပြီး ဆရာဝန်မှစမ်းသပ်စဉ် တွေ့ရှိနိုင်ပါသည်။

    အဆီများခြင်းက အသည်းကိုရောင်စေတတ်သည်။ အသည်းရောင်လာလျှင် အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ အားနည်းခြင်းနှင့် စိတ်ထွေခြင်းများ ဖြစ်တတ်ပါသည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

    Fatty Liver (အသည်းအဆီဖုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အသည်းအဆီဖုံးခြင်းဖြစ်ရသည့် အများဆုံးအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဟု ယုံကြည်ထားကြသည်။ ဖြစ်ရပ်အများအပြားတွင် အရက်မသောက်သူများ၌ အသည်းအဆီဖုံးခြင်း၏အကြောင်းရင်းကို ဆရာဝန်များ မသိရပါ။ အသည်းအဆီဖုံးခြင်းမှာ ခန္ဓါကိုယ်မှအဆီထုတ်လုပ်မှု များနေလျှင်သော်လည်းကောင်း အဆီများကို လုံလုံလောက်လောက် မချေဖျက်နိုင်လျှင်သော်လည်းကောင်း ဖြစ်လာတတ်၏။

    ပိုလျှံနေသော အဆီများကို အသည်းဆဲလ်များတွင် သိုလှောင်ရာမှာ အသည်းအဆီဖုံးရခြင်းဖြစ်သည်။ အဆီများများစားခြင်းက အသည်းဆီဖုံးခြင်းနှင့် တိုက်ရိုက်တော့လည်း မသက်ဆိုင်တတ်ပါ။

    Fatty Liver (အသည်းအဆီဖုံးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    အသည်းအဆီဖုံးခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

    • အဝလွန်ခြင်
    • သွေးထဲတွင် အဆီပမာဏမြင့်နေခြင်း သို့မဟုတ် Hyperlipidemia
    • ဆီးချို – အသည်းအဆီဖုံးခြင်းမှာ အသည်းတွင် အဆီစုလာခြင်းဖြစ်ပြီး သင်အဝလွန်သည့်အခါ ဖြစ်လေ့ရှိပါသည်။ အမျိုးအစား ၂ ဆီးချိုရှိခြင်းက အသည်းအဆီဖုံးခြင်းဖြစ်နိုင်မည့် အန္တရာယ်ရှိသည်။ အသည်းတွင်ပုံလာသောအဆီများမှာ အင်ဆူလင် ခုခံမှုနှင့်ဆက်နွှယ်နေပြီး ၎င်းမှာ အမျိုးအစား ၂ ဆီးချိုဖြစ်ရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။
    • မျိုးရိုးလိုက်ခြင်း
    • အလျင်အမြန် ကိုယ်အလေးချိန်ကျသွားခြင်း
    • တစ်ချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုး (အက်စ်ပရင်၊ စတီးရွိုက်၊ tamoxifen, tetracycline)
    • အရက်အလွန်အကျွံသောက်ခြင်း
    • ပါရာစီတမောလိုဆေးများကို ညွှန်ထားသည်ထက် ပိုသောက်ခြင်း
    • ကိုယ်ဝန်ရှိခြင်း
    • ကိုလက်စထရောများနေခြင်း
    • ထရွိုင်ဂလစ်စရိုက်များနေခြင်း
    • အာဟာရြပတ်လတ်ခြင်း
    • ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ရောဂါ

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

    Fatty Liver (အသည်းအဆီဖုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်၌ ရောဂါရှိနေကြောင်း သံသယရှိပါက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများကို ပြုလုပ်ပါလိမ့်မည်။ အသည်းအဆီဖုံးခြင်းကို အတည်ပြုရန်…

    သွေးစစ်ခြင်း အသည်းအင်ဇိုင်းများမြင့်တက်နေသည်ကို သွေးစစ်မှုမှသိနိုင်သည်။ ၎င်းမှာ အသည်းအဆီဖုံးခြင်းကို အတည်ပြုနိုင်သည်တော့မဟုတ်ပါ။ ရောင်ရမ်းရသည့်အကြောင်းရင်းကို သိနိုင်ရန် တခြားသော ခွဲခြမ်းစစ်ဆေးမှုများလိုအပ်ပါသေးသည်။

    တီဗီဓါတ်မှန် – အသည်းတွင်အဆီရှိနေသည့်နေရာများကို တီဗီဓါတ်မှန်၌ အဖြူရောင်အဖြစ်မြင်ရပါမည်။ တခြားသော ပုံရိပ်ဖော်နည်းပညာများကိုလည်း လိုကောင်းလိုပါလိမ့်မည်။ (CT သို့မဟုတ် MRI) ပုံရိပ်ဖော်နည်းပညာများမှာ အသည်းတွင်ရှိသော အဆီများကို သိရနိုင်သော်လည်း ဘယ်လောက်ထိခိုက်နေကြောင်းကိုသိရန် ဆရာဝန်အတွက် အကူအညီသိပ်မဖြစ်ပါ။

    အသည်းစစစ်ခြင်း အသည်းစယူရာတွင် ဆရာဝန်သည် အသည်းဆီသို့ ဆေးထိုးအပ်ထိုးပြီး တစ်ရှူးစအနည်းငယ်ကို ယူပါလိမ့်မည်။ နာကျင်မှုသက်သာစေရန် ထုံဆေးနှင့်လုပ်မည်ဖြစ်သည်။ အသည်းအဆီဖုံးခြင်းရှိမရှိ တိတိကျကျသိနိုင်သော တစ်ခုတည်းသောနည်းလမ်းလည်း ဖြစ်ပါသည်။ အသည်းစကိုစစ်ခြင်းဖြင့် ဖြစ်ပွားရသည့်အကြောင်းရင်းကို အတိအကျသိရနိုင်၏။

    Fatty Liver (အသည်းအဆီဖုံးခြင်း) ကို ဘယ်လိုကုသပါသလဲ

    ကံမကောင်းစွာဖြင့် အသည်းအဆီဖုံးခြင်းကို ကုသရန် ဆေး သို့မဟုတ် ခွဲစိတ်မှု ဆိုတာမျိုး မရှိပါ။ ထိုအစား အန္တရာယ်ရှိသည့် အချက်များကို လျော့ချရန်သာ ဆရာဝန်မှ လမ်းညွှန်ပါလိမ့်မည်။ ထိုလမ်းညွှန်ချက်များမှာ –

    • အယ်လ်ကိုဟောပါသောအရည်များကို ကန့်သတ်ခြင်း သို့မဟုတ် ရှောင်ခြင်း
    • ကိုလက်စထရောကို စီမံခြင်း
    • ဝိတ်လျှော့ခြင်း
    • သွေးတွင်းသကြားဓါတ်ကို ထိန်းခြင်း

    အဝလွန်ခြင်း သို့မဟုတ် အစားအသောက်ပုံစံကြောင့် အသည်းအဆီဖုံးရသည်ဆိုပါက ဆရာဝန်မှ သင့်ကို အစားရှောင်ခိုင်းပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါလိမ့်မည်။ နေ့စဉ်စားသုံးနေသည့် ကယ်လိုရီကိုလျော့ချခြင်းက ကိုယ်အလေးချိန်ကိုကျစေပြီး အသည်းကို ပြန်ကုစားချိန်ရစေပါသည်။

    အဆီများသောအစာများ၊ သကြားများသော အစာများကို ရှောင်ခြင်း လျော့ခြင်းဖြင့် အသည်းအဆီဖုံးခြင်းမှ ပြန်ကောင်းလာစေပါသည်။ လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဂျုံကြမ်းများလို ကျန်းမာရေးနှင့် ညီညွှတ်သည်များကို ရွေးချယ်စားသောက်ပါ။ အနီရောင်အသားများအစား ကြက်သားနှင့် ငါးလို အဆီနည်းသည့် ပရိုတင်းများဖြင့် အစားထိုးလိုက်ပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသည်းအဆီဖုံးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါ။ ဆီးချိုနှင့် ကိုလက်စထရောများခြင်းအတွက် ပေးသောဆေးများကို သေချာသောက်ပါ။ ထို့အပြင် တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ တစ်ပတ်ကို ၅ ရက်ခန့် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ပေးခြင်းဖြင့် ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းပါ။

    အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement