backup og meta

သင်္ကြန်လည်ရင် ရေစိုခံမိတ်ကပ်လူးမယ့်လေဒီလေးတို့ ဒါလေးတော့ သိထားဖို့လိုပါမယ်နော်

ရေတွေ စိုမယ့် သင်္ကြန်မှာ အလှမပျက်စေဖို့ရေစိုခံမိတ်ကပ်လူးပြီး သင်္ကြန်လည်ဖို့ စဉ်းစားနေတယ်ဟုတ်။ သင်္ကြန်မှာရေစိုခံမိတ်ကပ်လေးလူးပြီး အလှမပျက်ဘဲ သင်္ကြန်လည်ဖို့စဉ်းစားထားတယ်ဆိုရင်တော့ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။

ရေစိုခံမိတ်ကပ်နဲ့အသားအရေ

ရေတွေစိုမယ့် သင်္ကြန်မှာ မျက်တောင်ကော့်ဆေး၊ အိုင်းလိုင်နာကနေစလို့ ဖောင်ဒေးရှင်းအဆုံးရေစိုခံကို သုံးဖို့စဉ်းစားတာက မှန်ကန်တဲ့ရွေးချယ်မှုပါ။ ဒါပေမယ့် မှန်ကန်တဲ့ရွေးချယ်မှုနောက်မှာ လိုက်နာရမယ့် အချက်တွေကို မလိုက်နာရင်တော့ ထိခိုက်မှုကို ခံစားရမှာက ကိုယ်တိုင်ပါနော်။ရေစိုခံမိတ်ကပ်က ပုံမှန်လူးနေကျမိတ်ကပ်တွေထက် အသားမှာ ပိုစွဲစေမှာဖြစ်သလို ဖျက်ရတာလည်းခက်ခဲမှာပါ။နောက်တစ်ခုကချွေးပေါက်တွေမှာ ပိတ်ဆို့မှုပိုဖြစ်နိုင်တယ်။ အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်သလို ဝက်ခြံထွက်တာကိုလည်း ပိုဖြစ်စေနိုင်ပါတယ်နော်။ ဒါကြောင့် သင်္ကြန်လည်ပြီးပြန်လာရင် မိတ်ကပ်တွေကိုသေချာဖျက်သင့်ပါတယ်နော်။

သဘာဝပစ္စည်းလေးတွေသုံးပြီးရေစိုခံမိတ်ကပ်ကို ဒီလိုဖျက်ပါ

ဆီ

ဆီသုံးပြီးရေစိုခံမိတ်ကပ်တွေကို ဖျက်လို့ရပါတယ်နော်။ ဘာဆီတွေကိုသုံးရမလဲဆိုရင်တော့ အုန်းဆီ၊ သံလွင်ဆီ၊အယ်လ်မွန်ဆီ၊ ဂျိုဂျိုးဘားဆီတို့ပါ။ အသားအရေကိုခြောက်သွေ့စေခြင်းမရှိဘဲရေစိုခံမိတ်ကပ်တွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။ မိတ်ကပ်တွေကိုဖယ်ရှားပေးတဲ့အပြင် အသားအရေကို အစိုဓါတ်ပါထိန်းပေးမှာပါ။ ဂွမ်းစမှာ ဆီစွတ်ပြီး မျက်နှာကို အပေါ်ဘက်ကိုဆွြဲပီးဖျက်ပေးပါ။ ဒါမှချွေးပေါက်ထဲမှာ မိတ်ကပ်တွေ ကြွင်းကျန်မနေမှာပါ။ အသားအရေကခြောက်သွေ့မယ် ဒါမှမဟုတ် ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အဆီတွေထဲက ကြိုက်နှစ်သက်ရာအဆီတစ်ခုခုကို rose water နဲ့ရောပြီးမှ မိတ်ကပ်ဖျက်ဖို့သုံးပေးပါ။

နို့

သဘာဝမိတ်ကပ်ဖျက်ဆေးတစ်ခုပေါ့။ မျက်နှာပေးက မိတ်ကပ်တွေကိုပြောင်စင်အောင်ဖျက်ပေးနိုင်မှာပါ။ အသားအရေကို အစိုဓါတ်ထိန်းပေးနိုင်စွမ်းလည်းရှိပါတယ်။ နို့အစိမ်းကို ဂွမ်းစလေးနဲ့တို့ယူပြီး အပေါ်ကိုဆွဲတင်တဲ့ပုံစံနဲ့ မိတ်ကပ်တွေကိုဖျက်ပေးပါ။ချွေးပေါက်လေးတွေအကုန်သန့်စင်သွားစေဖို့ပါ။ မျက်လုံးအတွက်သု့းထားတဲ့ မိတ်ကပ်တွေကိုလည်း ဖျက်ဖို့ နို့ကို သုံးလို့ရပါတယ်။ အရေပြားပေါ်က မိတ်ကပ်တွေကိုတင် သန့်စင်ပေးတာမဟုတ်ဘဲ အသားအရေကို လန်းဆန်းစေနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာlactic acid၊ အဆီ နဲ့ ပရိုတင်းတို့ပါဝင်တာကြောင့် အသားအရေကို ကြည်လင်သန့်စင်စေပြီး အရေပြားမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မိတ်ကပ်တွေကိုဖယ်ရှားပေးပြီး အသားအရေကို အစိုဓါတ်ထိန်းပေးနိုင်မှာပါ။ အရေပြားခြောက်သွေ့မှုကင်းစေမှာပါ။ အရသာထည့်သွင်းထားခြင်းမရှိတဲ့ ဒိန်ချဉ်ကို ဂွမ်းစလေးနဲ့ တို့ယူပြီး အရေပြားပေါ်မှာ စက်ဝိုင်းသဏ္ဍာန် ပွတ်ပေးပါ။ပြီးရင်ရေအေးလေးနဲ့ဆေးချလိုက်ပါ။ပြီးရင် အရေပြားကို အစိုဓါတ်ထိန်ခရင်မ်တစ်မျိုးမျိုးလူးပေးပါ။

ပျားရည်

ပျားရည်ကမျက်နှာပေါ်က မိတ်ကပ်တွေနဲ့ အညစ်အကြေးတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်သလို အရေပြားပေါ်က ဆဲလ်သေတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေကိုနူးညံ့ခောမွေ့စေမှာပါ။ အဝတ်စသန့်သန့်လေးကိုရေဆွတ်ပြီး ပျားရည် တစ်စက်၊နှစ်စက်လောက်ချလိုက်ပါ။ မျက်နှာတစ်ခုလုံးကို နှံ့နေအောင်ပွတ်ပေးပြီး လက်ချောင်းထိပ်လေးတွေကိုသုံးပြီး မျက်နှာကို စက်ဝိုင်းသဏ္ဍာန်နှိပ်ပေးပါ။ ၅ မိနစ် ကနေ ၁၀ မိနစ်လောက်ထားပြီးတော့ မျက်နှာကိုရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

သခွားသီး

သခွားသီးအရည်ကို သုံးပြီး မိတ်ကပ်တွေကို ဖျက်လို့ရပါတယ်နော်။ သခွားသီးကို အနှစ်ဖြစ်တဲ့အထိကြိတ်လိုက်ပါ။ သံလွင်ဆီ ဒါမှမဟုတ် ဂျိုဂျိုးဘားအဆီနည်းနည်းထည့်လိုက်ပါ။ပြီးရင်မျက်နှာကိုလူးပေးလိုက်ပါအေးမြလန်းဆန်းမှုကိုခံစားရစေပြီး မိတ်ကပ်တွေကိုလည်း ထိထိရောက်ရောက်ဖျက်ပေးနိုင်မှာပါနော်။ မျက်နှာကို နှိပ်နယ်ပေးပြီးနောက်ဆုံးအဆင့်အနေနဲ့ မျက်နှာကိုရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။

ထောပတ်သီး

ထောပတ်သီးအဆီကို မိတ်ကပ်ဖျက်ဖို့ အသုံးများကြတာသိပြီးသားဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ မိတ်ကပ်ဖျက်ဖို့ ထောပတ်သီး အဆီမရှိဘူးဆိုရင်လည်းထောပတ်သီးကို သုံးလို့ရပါတယ်နော်။ထောပတ်သီးအနှစ်ကို မျက်နှာပေါ်မှာနှံ့နေအောင်လူးပြီး လက်ချောင်းလေးတွေသုံးလို့ နှိပ်နယ်ပေးပါ။ပြီးရင်တော့ရေသန့်သန့်လေးကိုသုံးလို့ ဆေးကြောလိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Best Ways To Remove Makeup Without Toxic Chemicalshttps://www.naturallivingideas.com/naturally-remove-makeup/ Accessed Date 5 April 2019

3 Ways To Gently Remove WaterproofMakeuphttps://stylecaster.com/beauty/3-ways-gently-remove-waterproof/ Accessed Date 5 April 2019

Makeup Tip: Naturally Remove Makeup Without Makeup Remover!https://ablossominglife.com/makeup-tip-naturally-remove-makeup-without-makeup-remover/ Accessed Date 5 April 2019

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်္ကြန်ရေပက်ခံပြီးနောက် ပျက်စီးသွားတဲ့ဆံသားကို ဘယ်လိုထိန်းသိမ်းမလဲ

မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement