သွေးတိုးဆိုတာ ဘာလဲ
သွေးတိုးရှိနေသူတွေ စားသုံးပေးသင့်သည်များ
သွေးတိုးရှိနေပြီဆိုရင် အစားအသောက်ကို ပုံမှန်ထက်ပိုဂရုစိုက်ဖို့ လိုအပ်မှာပါ။ ဒီတော့နေ့စဉ်စားသုံးမှုမှာ အခုပြောတဲ့ စားစရာလေးတွေပါဝင်အောင် စားသုံးပေးနော်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – ပိုတက်ဆီယမ်ကသွေးတိုးကျစေပြီး ကိုယ်တွင်း ကပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်အောင်လုပ်ဆောင်ပေးပါတယ်။သွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတိုးကျဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့် ဆလတ်ရွက်၊ ကိုက်လန်၊ဟင်းနုနွယ် နဲ့ အခြားအစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။
ဘယ်ရီသီးတွေ – ဘယ်ရီသီးတွေ အထူးသဖြင့်ဘလူးဘယ်ရီသီးတွေမှာ သဘာဝဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ် – အဆီထုတ်နွားနို့နဲ့ဒိန်ချဉ်တို့က ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ နှလုံးကို ကျန်းမာစေနိုင်သလို တစ်ပတ်ကို ၅ ကြိမ်လောက် ဒိန်ချဉ်သောက်ပေးမယ်။ အဆီထုတ်နို့သောက်ပေးမယ်ဆိုရင်သွေးတိုးဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်မှာပါ။သွေးတိုးရှိသူတွေမှာလည်းသွေးတိုးကျအောင် အထောက်အကူပြုပေးနိုင်မှာပါ။
ငှက်ပျောသီး –ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့်သွေးတိုးရှိသူတိုင်း စားပေးသင့်ပါတယ်။ မနက်ခင်းမှာ နွားနို့ထဲထည့်စားတာဖြစ်ဖြစ် အုတ်ဂျုံနဲ့ တွဲဖက်စာတာဖြစ်ဖြစ် ဒိန်ချဉ်ထဲထည့်စားတာဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။
ဆယ်လ်မွန်၊ မက်ကာရယ် – ငါးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုပါ။ Omega – 3 Fatty Acid ကြွယ်ဝတဲ့ ငါးတွေကသွေးတိုးကျစေနိုင်ပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလိုသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။
အစေ့အဆန်များ – အပျင်းပြေစားလေ့ရှိတဲ့နေကြာစေ့၊ ဖရုံစေ့ လိုမျိုး အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ အခြားသတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတိုးကျစေမှာ အသေအချာပါ။
ကြက်သွန်ဖြူ -ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ကိုယ်တွင်းမှာသွေးကြောတွေကို ကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်တိုးလာစေပြီးသွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။
အနက်ရောင်ချောကလက် – တစ်နေ့ကို အနက်ရောင်ချောကလက် ၁၀၀ ဂရမ်စားသုံးမှုကနှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ အချိုပါဝင်မှုနည်းတဲ့ချောကလက်စားသုံးမှုကသွေးတိုးကျစေနိုင်တဲ့အာနိသင်ရှိပါတယ်။
သလဲသီး – သလဲသီးကို အသီးအတိုင်း စားလို့ရသလိုဖျော်သောက်လို့လည်းရပါတယ်။ တစ်နေ့ကို သလဲသီးဖျော်ရည် တစ်ခွက်နှုန်းနဲ့ ၄ ပတ်ကြာသောက်သုံးမှုကသွေးတိုးကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ သလဲသီးကမေ့ထားလို့ မဖြစ်ပါဘူး။
ကျန်းမာရေးနပြ ညီညွတ်အောင်စားသုံးပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်လိုက်ပါ။
[embed-health-tool-heart-rate]