နို့မှာပါတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်
နို့တိုက်မေမေ အနေနဲ့ သံပုရာရည် သောက်ပေးတာက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားရာရောက်ပြီးဘေဘီလေးကိုတိုက်တဲ့ နို့ထဲမှာလည်း အဆိပ်အတောက်ကင်းသွားစေမှာပါ။ အာဟာရပြည့်ဝပြီး သန့်စင်တဲ့နို့ချိုကို တိုက်ကျွေးနိုင်မှာပါ။
သွေးပေါင်ကျစေနိုင်တယ်
ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် နို့တိုက်မိခင်သွေးတိုးတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နို့တိုက်မေမေတွေမှာ ခံစားရတဲ့ မအီမသာဖြစ်တာ၊ မူးဝေတာေတွဖြစ်တာကို သက်သာစေနိုင်ပါတယ်။
အသားအရေကောင်းမွန်စေတယ်
နို့တိုက်မေမေက သံပုရာရည် သောက်ပေးမယ်ဆိုရင်မေမေရောဘေဘီလေးရော အသားအရေကြည်လင်လှပစေမှာ အသေအချာပါ။
ရင်သားကင်ဆာကာကွယ်နိုင်ပါတယ်
သံပုရာသီးမှာ ကင်ဆာကျိတ်တွေကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့limonene ပါဝင်နေတာကြောင့် ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။