မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 11, 2020 . 2 mins read
Share now

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ဆီးချိုရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတစ်ရပ်ပါ။

ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။  ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးလို့ ပြောပါရစေ။

မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။

၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း နှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်း အချက်များ လေ့လာခြင်း စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။

ရာခိုင်နှုန်း အတိအကျ​ ပြောရမယ်ဆိုရင် ဆီးချို ခံစားနေရသူ အမျိုးသား အရေအတွက်က အယောက် ၁၀၀ မှာ ၁၀.၈ ရာခိုင်နှုန်း ကနေ ၁၁.၅ ရာခိုင်နှုန်း အထိရှိပြီး အမျိုးသမီးအရေအတွက်က အယောက် ၁၀၀ မှာ ၉.၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဆီးချိုရောဂါ အကြို လက္ခဏာ ခံစားနေရသူ အရေအတွက်က အယောက် ၁၀၀ မှာ အမျိုးသား ၁၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် တော်တော်လေးကို များပြားလှတဲ့ပမာဏပါ။

 မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေရတဲ့ အကြောင်းအရင်းများ

မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုကို မြင့်တက်စေတဲ့ အကြောင်းအရင်းက တော်တော်လေး များပါတယ်။ ဒီအကြောင်းအရင်းတွေထဲမှာမှ ဆီးချို နဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရစေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေက

နောက်ထပ်တွေ့ရှိရတဲ့ အချက်အလက်တစ်ခုက ဆီးချိုရောဂါ ခံစားနေရသူ အများစုဟာ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ မရှိကြတာပါ။ ဆီးချိုရောဂါ လက္ခဏာဆိုတာကို မသိကြသလို ဆီးချိုဆိုတာကို နာမည်ပဲ ကြားဖူးတာမျိုးတွေပါ။

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုဖြစ်ပွားမှုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေကို ရာခိုင်နှုန်း အတိအကျနဲ့ ပြောပြရမယ်ဆိုရင်

  • ဆေးလိပ် နဲ့ ဆေးရွက်ကြီးသုံးစွဲသူ အရေအတွက်က ၂၆.၁ ရာခိုင်နှုန်း
  • ကွမ်းယာ နဲ့ ဆေးရွက်ကြီးသုံးစွဲသူ အရေအတွက်က ၄၃.၂ ရာခိုင်နှုန်း
  • အရက် အလွန်အကျွံသောက်သုံးသူ အရေအတွက်က ၁၀.၃ ရာခိုင်နှုန်း
  • ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ စားသုံးမှု နည်းသူ အရေအတွက်က ၈၆.၆ ရာခိုင်နှုန်း
  • ကိုယ်လက်လှုပ်ရှားမှု နည်းသူ အရေအတွက်က ၁၅.၇ ရာခိုင်နှုန်း
  • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေသူ အရေအတွက်က ၂၂.၄ ရာခိုင်နှုန်း
  • အဝလွန်ပြဿနာ ခံစားနေရသူ အရေအတွက်က ၅.၅ ရာခိုင်နှုန်း
  • သွေးတိုးရောဂါ ခံစားရသူ အရေအတွက်က ၂၆.၄ ရာခိုင်နှုန်း
  • သွေးတွင်း အဆီများနေသူ အရေအတွက်က ၃၆.၇ ရာခိုင်နှုန်း ဆိုပြီး တွေ့ရှိရပါတယ်။ ဒါတွေက လက်ရှိမှာ မဖြစ်သေးပေမယ့် ဆီးချို ဖြစ်လာဖို့ အလားအလာရှိနေတဲ့သူတွေပါ။

ဒီအချက်တွေအပြင် မြန်မာလူမျိုးအများစုက ထမင်းကို အဓိက အားထားစားတာ၊ အချို၊အငန်ကဲတဲ့ အစားအစားတွေကို နှစ်ခြိုက်တာတွေကလည်း ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်စေနေတာပါ။

ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ။

ဆီးချိုရောဂါ ခံစားရပြီဆိုရင် နောက်ဆက်တွဲ အနေနဲ့

  • မျက်စိအမြင်အာရုံဆုံးရှုံးတာ
  • နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရတာ
  • လေဖြတ်တာ
  • နှလုံးသွေးကြောပိတ်တာ
  • ကျောက်ကပ်ပျက်စီးတာ
  • ခြေလက်တွေက အာရုံကြောလေးတွေ ပျက်စီးတာ
  • အနာကျက်နှေးတာ
  • အနာမကျက်တာ
  • ခြေလက်တွေ ပုတ်ပြီး ဖြတ်တောက်ပစ်ရတာတွေကို ခံစားရနိုင်ပါတယ်။

အဆိုးရွာဆုံး နောက်ဆက်တွဲအနေနဲ့ကတော့  ဆီးချိုရောဂါက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတာပါ။

ဆီးချို ဘယ်လို ကာကွယ်မလဲ။

ဆီးချိုက ကုသလို့ မပျောက်ပေမယ့် ကာကွယ်လို့ရသလို သေချာဂရုစိုက်ရင် သက်တမ်းစေ့နေလို့ရပါတယ်။ ဒီတော့ ဆီးချိုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကလေးထိန်း ပြီး ဝိတ်ချမလား

မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 3 mins read