အသီးအနှံတွေမှာ ကာဗိုဟိုက်ဒရိတ်တွေအပြင် အမျှင်ဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်ေတွလို အာဟာရဓါတ်တွေပါဝင်ပါတယ်။ နာနတ်သီးချစ်သူတွေ ဆီးချိုရှိရင် ဘယ်လိုရအောင်စားမလဲဆိုတာ အကြံလေးပေးမယ်နော်။
နာနတ်သီးနဲ့ ဆီးချို
အသီးအများစုမှာ ေသွးတွင်းသကြားဓါတ်ညွှန်းကိန်း(GI)နည်းကြပါတယ်။ fructose နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကာဗိုဟိုက်ဒရိတ်တွေကို စုပ်ယူမှုနှေးအောင်၊ သကြားဓါတ်တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
GI ညွှန်းကိန်း အလယ်အလတ်အဆင့်မှာရှိတဲ့ နာနတ်သီးက တခြားအသီးတွေထက်တော့သွေးတွင်းသကြားဓါတ်ပိုတက်စေနိုင်တာ အမှန်ပါပဲ။ နာနတ်သီးကို အသင့်အတင့်စားလို့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့သွေးတွင်းသကြားဓါတ်မြင့်တက်နိုင်စွမ်းကို ထိန်းနိုင်ဖို့အတွက် အစေ့အဆန်တွေ၊ထောပတ်သီးတို့လို ပရိုတင်းနဲ့ အကျိုးပြုအဆီဓါတ်ပါဝင်တာတွေနဲ့ တွဲစားလို့ရပါတယ်။
နာနတ်သီး GI နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက –
- အရမ်းမှည့်နေတာလား။ (မှည့်လေ ချိုလေ GI ပိုမြင့်လေ)
- ဘယ်လိုနည်းနဲ့စားမှာလဲ (ဖျော်ရည်ဆိုGI ပိုများပြီ)
- အသင့်စားအသီးဘူးထဲကလား။ (စည်သွပ်ထားတဲ့အသီးအနှံတွေက အချိုပိုများတယ်)
နာနတ်သီးမှာ ဗီတာမင် စီနဲ့ မဂ္ဂနိစ်ကြွယ်ဝတဲ့အပြင်အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီအုပ်စုတွေ၊ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့bromelainဒြပ်ပေါင်းတို့ပါဝင်လို့ ကြိုက်တတ်ရင် ဆီးချိုသမားတွေ အနည်းအကျဉ်းပမာဏစားလို့သင့်ပါတယ်။
ဘယ်လိုစားမလဲ
အကောင်းဆုံးကတော့ ဒီအတိုင်းစားပါ၊ရေခဲသေတ္တာထဲ အအေးခံစားပါ။
မွမ်းမံပြင်ဆင်ထားတဲ့ နာနတ်သီး( စည်သွပ်ဘူး၊ယို၊ဖျော်ရည်)တွေက အချိုပိုကဲတတ်ပါတယ်။ သူ့ကြောင့်သွေးတွင်းသကြားဓါတ်မတက်အောင်GI နည်းတဲ့အစားအစာတွေနဲ့တွဲစားပါ။ ဆိုလိုတာကသွေးတွင်းသကြားဓါတ်မြင့်စေနိုင်တာတွေရှောင်ပြီးတာသေချာမှ နာနတ်သီးကိုစားသင့်ပါတယ်။GIမြင့်မယ့်အရာတွေနဲ့တွဲစားရင် ပိုတက်တော့မှာပေါ့။
ဒီတော့ စားသောက်တဲ့အာဟာရမှာ –
- ဆန်လုံးညို
- မုယောစပါး
- ဂံျုကြမ်း
- ပဲ
- အုတ်ဂျုံ
- အဆီမပါတဲ့အသား
- အကျိုးပြုအဆီ (ထောပတ်သီး၊ အဆီများတဲ့ငါး) တို့နဲ့တွဲစားပါ။
ဆီးချိုနဲ့တခြားအသီးအနှံများ
ဆီးချိုရှိနေလည်း ဒီအသီးအနှံတွေစားလို့ရပါတယ် –
- ငှက်ပျောသီး
- လိမ္မော်သီး
- သင်္ဘောသီး
- ထောပတ်သီး
- ဆီးသီး
- ဖရဲသီး
- စပျစ်
- ဂရိတ်ဖရု
- ဘလူးဘယ်ရီ
- စတော်ဘယ်ရီ
- မက်မွန်သီး စတာတွေ ကို ထိုက်သင့်သလောက်စားပါ။ တစ်ချိန်တည်းတော့ အများကြီးမစားချလိုက်နဲ့ပေါ့။
ချိုတဲ့အသီးအနှံတွေကို လုံးဝကြီးရှောင်ဖို့မဟုတ်ပေမယ့် တစ်နေ့တာစားသုံးသမျှရဲ့သွေးတွင်းသကြားဓါတ်သက်ရောက်မှုကို ချင့်ချိန်စားသုံးမယ်ဆိုရင် အဆင်ပြေပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]