လူတိုင်းက ဖျားနာမှုနဲ့ကင်းဖို့ သိပ်တော့မလွယ်လှပါဘူး။ ဖျားနာတဲ့အခါမှာလည်းသေသေချာချာဂရုစိုက်ပေးမှာ ခန္ဓါကိုယ်က ကျန်းမာအားပြည့်လာမှာပါ။ တစ်ခါတလေမှာ ဖျားနာကကောင်းကောင်းအနားယူလိုက်ရုံ၊ အာဟာရြပည့်ဝအောင်စားသုံးလိုက်ရုံနဲ့ပြန်လည်ကျန်းမာလာတာမျိုးလည်းရှိတတ်ပါတယ်။ ဖျားနာတယ်ဆိုတာက ကိုယ်ခံအားနည်းနေတဲ့အခါ ဗိုင်းရပ်စ်တွေက နှာခေါင်း လည်ချောင်းတို့ကနေတဆင့် ခန္ဓါကိုယ်ထဲဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တာပါ။ အထူးသဖြင့်ရောဂါပိုးတွေပိုမိုရှင်သန်နိုင်တဲ့အေးမြစိုစွတ်တဲ့ရာသီဥတုအခြေအနေမျိုးမှာ ပိုမိုဖျားနာလွယ်ကြပါတယ်။နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ရောဂါပိုးတွေတော်တော်လေးတော့များပါတယ်။ ဒါကြောင့် ဖျားနာမှုက ကင်းစင်ဖို့ဆိုရင် လိုက်နာပေးသင့်တဲ့အချက်လေးတွေရှိနေပါတယ်။
ဖျားနာမှု ကင်းစင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်
ဖျားနာမှုကြောင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်သူတွေအနေနဲ့ ဒီအချက်တွေကို သတိထားပေးဖို့ပြောပါရစေ။
- အိပ်ရေးဝဝအိပ်ပါ
- အာဟာရြပည့်ဝအောင်စားသုံးပါ
- သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
- လက်ကို စင်ကြယ်စွာဆေးကြောပေးပါ
- တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပေးပါ
- ဆေးလိပ်ြဖတ်ပါ
- အရက်၊ဘီယာေသာက်သုံးမှုကိုရှောင်ကြဉ်ပါ
- နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင်ထားပေးပါ။
ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်
အအေးမိဖျားနာတဲ့အခါ
များသောအားဖြင့် အအေးမိဖျားနာတာကပြည့်ပြည့်ဝဝအနားယူရုံနဲ့ သက်သာသွားတတ်ကြပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိပြီး တစ်ရက်ကနေ ၃ ရက်အတွင်းမှာ အခုလိုမျိုး လက္ခဏာတွေတွေ့ရတတ်ပါတယ်။
- နှာစေးမယ်
- နှာမွှန်မယ်
- ချောင်းဆိုးမယ်
- နှာခေါင်းပိတ်မယ်
- ကိုယ်လက်တွေ နည်းနည်းကိုက်ခဲမယ်
- ခေါင်းကိုက်မယ်
- အဖျားငွေ့ငွေ့လေးရှိနေမယ်
- နေရထိုင်ရ မအီမသာဖြစ်မယ်
- အဖျားက ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုများနေမယ်
- ကြွက်သားတွေ နာကျင်ကိုက်ခဲနေမယ်
- ချမ်းတုန်နေမယ်
- ချွေးတွေထွက်မယ်
- ချောင်းခြောက်တွေဆိုးမယ်
- ကိုယ်လက်မအီမသာဖြစ်ပြီး အားနည်းနေသလိုဖြစ်မယ်
- နှာခေါင်းပိတ်မယ်
- လည်ချောင်းနာမယ်
ဒီလိုအခြေအနေတွေဆိုရင် ဆရာဝန်နဲ့ပြသပေးပါ
အအေးမိဖျားနာတာဆိုပေမယ့်
- လူကြီးတွေမှာ အဖျားက ၁၀၁.၃ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်ဆိုရင် ကလေးငယ်တွေမှာ အဖျားက ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုများနေမယ်ဆိုရင်
- အဖျားက ၅ ရက်ထက်ပိုကြာနေရင် ဒါမှမဟုတ်နေကောင်းပြီးမှပြန်ဖျားခဲ့ရင်
- အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်ဆိုရင်
- အသက်ရှုတဲ့အခါ ချွဲသံပါနေရင်
- လည်ချောင်းကတော်တော်လေးနာနေမယ်ဆိုရင်
- ခေါင်းကိုက်မယ်ဆိုရင်
- အစားစားချင်စိတ်မရှိဖြစ်နေမယ်ဆိုရင်
- အစားစားလိုက်တိုင်း အန်နေမယ်၊ အရည်သောက်ရင်တောင်ပြန်အန်နေမယ်
- မျိုချဖို့ခက်ခဲနေမယ်
- ချောင်းဆိုးတာက အချိန်ကြာတဲ့အထိ မသက်သာဘူးဆိုရင်
- နှာခေါင်းပိတ်တာက အချိန်တော်တော်ကြာတဲ့အထိမသက်သာဘူးဆိုရင်
- အရေပြားမှာ အနီရောင် အပိမ့်တွေထွက်မယ်
- ရင်ဘတ်ေအာင့်မယ်
- နှုတ်ခမ်းတွြေပါလာမယ်
- အသက်ရှုရခက်မယ်
- ဆီးသွားရခက်မယ်
- တစ်ချိန်လုံးလိုလို အိပ်နေမယ်
- ရေဓါတ်အရမ်းခန်းခြောက်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ လိုအပ်နေပါပြီ။
[embed-health-tool-bmi]