backup og meta

ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး

ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး

ကာကွယ်ဆေးမရှိတဲ့ ဆင်တုပ်ကွေးကူးစက်ခံရပြီဆိုရင် ပဋိဇီဝဆေး တွေသောက်ပေမယ့်လည်း သိပ်တော့အဆင်ပြေလှတယ်မဟုတ်ပါဘူး။ ဒီတော့ ဆင်တုပ်ကွေးသက်သာစေဖို့ ဘာတွေလုပ်လို့ရမလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံးများ

ဆင်တုပ်ကွေးသက်သာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။

ဆားရည်စိမ်ပါ

ဆားရည်စိမ်တာက ဆင်တုပ်ကွေးကြေင့်ဖြစ်တဲ့ အဆစ်တွေနာတာကို ထိထိရောက်ရေညက်သက်သာစေနိုင်သလို အရေပြားပေါ်က အဖုအပိမ့်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေမှာအသေအချာပါ။

နနွင်း

နာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်သလိုရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ နနွင်းမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့် အဖျားသက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်မှာပါ။

ချင်း (ဂျင်း)

ချင်းပြုတ်ရည်သောက်ပေးတာကလည်း အဖျားကျစေနိုင်ပြီး အဆစ်တွေရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေမှာပါ။

အုန်းစိမ်းရည်

အုန်းစိမ်းရည်သောက်ပေးတာကအသည်းကို ကျန်းမာစေနိုင်ပါတယ်။ အဖျားမြန်မြန်သက်သာစေနိုင်ပြီး ဆင်တုပ်ကွေးကြောင့် ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို အမြန်ဆုံး သက်သာစေနိုင်မှာပါ။

ပင်စိမ်းရွက်

ပင်စိမ်းရွက်က ကိုယ်ပူကျစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်ကိုရေနွေးပူပူထဲခတ်သောက်တာဖြစ်ဖြစ်ရေစင်အော်ငဆေးပြီး ဝါးစားပေးတာဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။

နေကြာစေ့နဲ့ပျားရည်

နေကြာစေ့ကို ကြိတ်ခြေပြီး ပျားရည်နဲ့ရောစပ်လို့စားပေးပါ။နေကြာစေ့မှာ ဇင့်နဲ့ဗီတာမင် E ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေမှာပါ။ ပျားရည်ကတော့ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေမှာပါ။

ရေအေးဝတ်ကပ်ပေးပါ

အဆစ်တွေနာနေမယ်ဆိုရင် ဇလုံတစ်ခုထဲကိုရေနဲ့ရေခဲတုံးလေးတွေ ထည့်ပြီး အဝတ်စသန့်သန့်လေးကို စိမ်ပေးပါ။ပြီးရင်အဆစ်နာတဲ့နေရာတွေမှာ ကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက အဆစ်နာတာကို ထိထိရောက်ရောက်သက်သာစေမှာပါ။

ဒါတွေအပြင် ဆင်တုပ်ကွေးသက်သာစေဖို့အတွက်ဆိုရင်

  • ပြည့်ပြည့်ဝဝအနားယူပါ
  • အရည်များများသောက်ပါ
  • အာဟာရပြည့်ဝအောင်စားပါ
  • ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝတဲ့အစားအစာတွေစားပေးပါ
  • ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေတွေလုပ်ပေးပါ
  • ရေနွေးနဲ့ရေချိုးပေးပါ (ဆပ်ပြာခပ်ပျော့ပျော့လေးသုံးပေးပါ)
  • ကြက်သွန်ဖြူများများစားပေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

PREVENT & TREAT CHIKUNGUNYA WITH THESE HOME REMEDIEShttps://www.dabur.com/odomosprotect/blog/prevent-and-treat-chikungunya-with-these-home-remedies Accessed Date 30 July 2019

Recovering From Chikungunya the Natural Wayhttp://www.hgcaribbean.com/living/healthy-living/recovering-from-chikungunya-the-natural-wayAccessed Date 30 July 2019

ယခုပုံစံ

28/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆင်တုပ်ကွေးဖြစ်နေပြီလား

ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေ စားပေးဖို့လိုပါတယ်။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement