အသုံးပြုပုံများ
Premsyn Pms ကို ဘာအတွက်အသုံးပြုကြသလဲ
Premsyn PMSကိုအမျိုးသမီးတွေဓမ္မတာရာသီလာစဉ်မှာခံစားရလေ့ရှိတဲ့အောက်ပါလက္ခဏာတွေခဏတာသက်သာဖို့အတွက်သုံးလေ့ရှိပါတယ်။
ဗိုက်အောင့်ခြင်း
ခေါင်းကိုက်ခြင်း
ဗိုက်ဖောင်းခြင်း
ကျောအောင့်ခြင်း
ရေကြောင့်ကိုယ်အလေးချိန်တက်ခြင်း
ကြွက်သားများနာခြင်း
စိတ်အနှောင့်အယှက်ဖြစ်ခြင်း
Premsyn Pms ဘယ်လိုသောက်သုံးသင့်သလဲ
အသေးစိတ်အတွက်သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။
Premsyn Pms ဘယ်လိုသိမ်းဆည်းရမလဲ
Premsyn PMS ကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Premsyn PMS ဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။
Premsyn PMSကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Premsyn Pms အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အကယ်၍သင့်မှာအောက်ဖော်ပြပါအခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင်ဆေးအသုံးမပြုခင်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်သို့မဟုတ်ကလေးနို့တိုက်နေချိန်-အကယ်၍သင်ဟာကိုယ်ဝန်ဆောင်မိခင်သို့မဟုတ်ကလေးနို့တိုက်နေတဲ့မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင်ဘယ်ဆေးကိုမဆိုဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
အခြားဆေးဝါးများသောက်သုံးနေချိန်-တိုင်းရင်းဆေး၊အားဖြည့်ဆေးများအပါအဝင်သင်လက်ရှိသောက်သုံးနေတဲ့ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင်ပြောပြရမှာဖြစ်ပါတယ်။
Premsyn PMSသို့မဟုတ်အခြားဆေးဝါးများတွင်ပါဝင်သည့်ပစ္စည်းတစ်မျိုးမျိုးနှင့်ဓါတ်မတည့်ခြင်း
ရောဂါဝေဒနာတစ်ခုခုခံစားနေရခြင်း
Acetaminophenပါတဲ့ဆေးတွေ(ဆရာဝန်ညွှန်ကြားထားတာရောမညွှန်ကြားတာတွေပါပါပါတယ်)နဲ့တွဲမသုံးပါနဲ့။ ဆေးတစ်မျိုးမှာacetaminophenပါမပါမသေချာပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။
ယခုဆေးကိုသုံးနေစဉ်
သင့်အနေနဲ့အိပ်ငိုက်စေနိုင်ပါတယ်။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။
အရက်သေစာ၊အိပ်ဆေးများနဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးတဲ့ဆေးတွေဟာသင့်ကိုပိုပြီးအိပ်ငိုက်စေမှာပါ။
ကားမောင်းနေစဉ်သို့မဟုတ်စက်ပစ္စည်းတစ်ခုခုမောင်းနေစဉ်မှာသတိထားပါ။
အထူးသဖြင့်ကလေးတွေမှာစိတ်တုန်လှုပ်ခြောက်ခြားမှုတွေရတတ်ပါတယ်။
ယခုဆေးမှာacetaminophenပါဝင်ပါတယ်။ သင်အောက်ပါပုံစံတွေနဲ့ဆေးကိုသောက်သုံးပါကပြင်းထန်တဲ့အသည်းထိခိုက်မှုဖြစ်နိုင်ပါတယ်။
တစ်နေ့တာအတွက်အမြင့်ဆုံးဆေးပမာဏဖြစ်တဲ့ဆေးပြား၈ပြားအထက်ကို၂၄နာရီအတွင်းသောက်ခြင်း
Acetaminophenပါတဲ့အခြားဆေးတွေနဲ့တွဲသောက်ခြင်း
ယခုဆေးကိုသုံးနေစဉ်နေ့တိုင်းအရက်၃ကြိမ်နဲ့အထက်သောက်ခြင်း
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Premsyn Pms ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Premsyn Pms ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
သင့်မှာအောက်ပါအခြေအနေတွေရှိပါကဆေးသုံးတာကိုရပ်ပြီးဆရာဝန်ကိုပြောပြပါ။
နာကျင်မှုပိုဆိုးလာခြင်းသို့မဟုတ်၁၀ရက်ထက်ပိုကြာနေခြင်း
အဖျားရောဂါပိုဆိုးလာခြင်းသို့မဟုတ်၃ရက်ထက်ပိုကြာနေခြင်း
ရောဂါလက္ခဏာအသစ်များပေါ်လာခြင်း
နီမြန်းခြင်း၊ရောင်ရမ်းခြင်းများဆက်ရှိနေခြင်း
အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Premsyn Pms နဲ့ ဓါတ်ပြုနိုင်သလဲ
Premsyn PMSကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့
သွေးကျဲဆေး ဝါဖရင်
အိပ်ဆေးများ၊စိတ်ဖိစီးမှုကိုလျှော့ချပေးသောဆေးများ
အစားအသောက်တွေနဲ့ အရက်က Premsyn Pms နဲ့ ဓါတ်ပြုနိုင်သလား
Premsyn PMSဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Premsyn Pms နဲ့ ဓါတ်ပြုနိုင်သလဲ
Premsyn PMSဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။
ယခုဆေးနဲ့သက်ရောက်မှုရှိနိုင်တဲ့ကျန်းမာရေးအခြေအနေတွေကတော့
အသည်းရောဂါ
ရေတိမ်ရောဂါ
အဆုတ်တွင်းရှိလေအိတ်များဖောင်းသောရောဂါသို့မဟုတ်နာတာရှည်လေပြွန်ရောင်ရောဂါစသည့်အသက်ရှူခြင်းဆိုင်ရာပြသနာများ
ဆီးကျိတ်ရောင်ရမ်းခြင်းကြောင့်ဆီးသွားရခက်ခဲခြင်း။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Premsyn Pms ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်ပြီးသူများနဲ့အသက်၁၂နှစ်နှင့်အထက်ကလေးများအတွက်
ဆေးပြားနှစ်ပြားကိုရေနဲ့၆နာရီခြားတစ်ခါလိုသလောက်သောက်ပါ။
၂၄နာရီအတွင်းမှာဆေးပြား၈ပြားထက်မပိုပါစေနဲ့သို့မဟုတ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပါ။
ညွှန်ကြားထားသည်ထက်ပိုမသောက်ပါနဲ့။
ကလေးတွေအတွက် Premsyn Pms ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက်၁၂နှစ်အောက်ကလေးငယ်များအတွက်:ဆရာဝန်ကိုမေးမြန်းပါ။
Premsyn Pms ကိုဘယ်လိုရရှိနိုင်သလဲ
Premsyn PMSကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။
- ဆေးပြားပုံစံ
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Premsyn PMSဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။