home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လေဒီပိစိလေးတွေကို ခြေသည်းနီ မဆိုးပေးပါနဲ့

လေဒီပိစိလေးတွေကို ခြေသည်းနီ မဆိုးပေးပါနဲ့

မေမေတွေ လက်သည်းနီဆိုးနေတဲ့အခါ၊ တီတီတွေ လက်သည်းနီဆိုးချင်တဲ့အခါ မီးမီးလည်း ဆိုးချင်တယ်ဆိုပြီး လာကပ်ချွဲတဲ့ လေဒီပိစိလေးကို လက်သည်းနီ ခြေသည်းနီတွေ ဆိုးပေးဖြစ်လား။ လေဒီပိစိလေးတွေရဲ့ ပြည့်ဖောင်းနေတဲ့ လက်လေးတွေ ခြေထောက်လေးတွေက လက်သည်းနီ၊ခြေသည်းနီတွေနဲ့ လိုက်တယ်ဆိုပေမယ့် မဆိုးပေးဖို့ ပြောပါရစေ။

မိဘ တော်တော်များများက ဘေဘီလေးတွေရဲ့ ခြေသည်းလက်သည်းလေးတွေမှာ လက်သည်းနီဆိုးပေးတာက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုသာဖြစ်ပြီး အန္တရာယ်ရှိစေမယ်လို့ ထင်မထားကြပါဘူး။ အချို့ဆို ဘေဘီလေးနဲ့ လိုက်အောင်ဆိုပြီး အရောင်တောက်တောက်လေးတွေတောင် ဝယ်ပေးတတ်ပါသေးတယ်။ တကယ်ကတော့ လက်သည်းနီဆိုးတာက လေဒီပိစိလေးတွေအတွက် တော်တော်လေး အန္တရာယ်များတဲ့ ကိစ္စပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

လေဒီပိစိကို လက်သည်းနီ မဆိုးပေးသင့်တဲ့ အကြောင်းအရင်း

ဒါကြောင့် လေဒီပိစိလေးကို လက်သည်းနီ မဆိုးပေးတာက အကောင်းဆုံးပါ။ လက်သည်းနီမှာ အဆိပ်အတောက် ဖြစ်စေတဲ့အရာတွေ မပါဘူးလို့ ဘယ်လောက်ပဲရေးရေး အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အရာတွေက ပါနေဆဲပါ။

လက်သည်းနီမှာပါတဲ့ အဆိပ်အတောက်တွေကကဘာတွေများလဲ……….

လက်သည်းနီတွေက အရောင်အသွေး စုံစုံလင်လင်နဲ့ လှပေမယ့် ဓာတုပစ္စည်းတွေလည်း အများကြီး ပါဝင်နေပါတယ်။ လက်သည်းနီထဲမှာ ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့

Toluene – Toluene က paint thinner၊ ပြုပြင်ထားတဲ့ ရနံ့၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေထဲမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ Toluene နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မှုက အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်သလို အာရုံကြောစနစ်နဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။

Triphenyl phosphate ( TPHP) – လက်သည်းနီ အများစုမှာပါတတ်တဲ့ TPHP ပလပ်စတစ်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ ရေရှည်မှာ ကျန်းမာရေးပြဿနာ တော်တော်များကို ဖြစ်စေနိုင်ပါတယ်။

Formaldehyde – Formaldehyde က ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်း တော်တော်များများမှာ ပါဝင်နေပါတယ်။ လက်သည်းနီတွေမှာတော့ Formaldehyde ကို လက်သည်းနီတွေ မကွာထွက်စေဖို့ အသုံးပြုကြတာပါ။ ဒါက ကြာရှည်ထိတွေ့မိတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာ ခံစားရနိုင်ပြီး ကင်ဆာရောဂါ ခံစားရနိုင်ပါတယ်။

Phthalates – Phthalates ကို ရနံ့တာရှည်ခံစေဖို့ အသုံးပြုကြသလို လက်သည်းနီ အချိန်ကြာမြင့်စွာ ခံစေဖို့ အသုံးပြုကြပါတယ်။ ငယ်စဉ်မှာ ဒီဓာတုပစ္စည်းနဲ့ ထိတွေ့မှုများတာက ကလေးကို ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးစေပြီး ဓာတ်မတည့်မှုရောဂါတွေ ခံစားရစေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးတွေကို အဆိပ်အတောက်ကင်းစွာနဲ့ ကြီးပြင်းလာစေဖို့ လက်သည်းနီ မဆိုးပေးကြဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Is Applying Nail Polish on Babies and Toddlers Safe? https://parenting.firstcry.com/articles/is-applying-nail-polish-on-babies-and-toddlers-safe/ Accessed Date 11 June 2020

Is It Safe to Paint Your Toddler’s Nails? https://www.verywellfamily.com/painting-toddlers-nails-290008 Accessed Date 11 June 2020

You May Want To Think Twice Before Putting Nail Polish On Your Toddler https://www.moms.com/is-nail-polish-safe-for-toddlers/ Accessed Date 11 June 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 06/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။