မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ဆီးချို ဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စု (Metabolic syndrome) တွင် ပါဝင်သောရောဂါ ဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင်ပေါ်မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပါသည်။ တခြားသော ဆီးချိုအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်မရှိခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။
အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်အား ထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်းသကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါသည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်များတွင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။
အမျိုးအစား ၁ မှာ ၂လောက်အဖြစ်မများပါ။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။။ ကလေးငယ်များနှင့် မြီးကောင်ပေါက်အရွယ်များတွင် အတွေ့ရများပြီး အသက် ၄-၇ နှစ်နှင့် ၁၀ -၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည်နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။
အမျိုးအစား ၁ ဆီးချို ၏ ရောဂါလက္ခဏာများမှာ အချိန်တိုအတွင်း မြန်မြန်ဖြစ်ပွားလာနိုင်ပါသည်။ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ
အထက်တွင်ဖော်ပြထားသည့်အထဲတွင် မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပါ။
အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှ ပြန်တိုက်ခိုက်ပြီး ဖျက်ဆီးခြင်းကြောင့် ဖြစ်လာရပါသည်။ အကျိုးဆက်အနေနှင့် အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါ။ တစ်နည်းဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို ဆဲလ်အတွင်းသို့ ပို့ဆောင်ရန် အင်ဆူလင် မရှိတော့သောကြောင့် သွေးတွင်းသကြားဓာတ် မြင့်မားလာပါသည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။
အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းတချို့မှာ
အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေမပြရသေးပါ။ ထိုအချက်များမှာ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အောက်ပါအချက်များနှင့် တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပါသည်။
သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့် ပုံမှန်ပြသရမည်။ ထိုမှသာအောက်ပါတို့ကို လုပ်နိုင်မည်ဖြစ်သည်။
အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။
ထိုဆရာများကိုလည်း သင့်တွင်ဆီးချိုရှိကြောင်း ပြောပြထားရမည်။
အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလောမှ ရောဂါကို အတည်ပြုထားသည်ဆိုလျှင် ဆရာဝန်နှင့် ပုံမျန်ပြသင့်ပါသည်။ သွေးတွင်းသကြားဓာတ်အား ကောင်းကောင်းမထိန်းနိုင်မချင်း ခပ်စိတ်စိတ်ပြသသင့်ပါသည်။
ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်းသကြားဓာတ်အားထိန်းရန် အကောင်းဆုံးဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကို ချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓာတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုးရရှိနိုင်ပါသည်။ (အာနိသင် မြန်မြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့်ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။
ကျန်းမာသောအစားအသောက်မှာ ဂလူဒကို့စ်လယ်ဗယ်ကို ထိန်းရာတွင် အကူအညီရပါသည်။ နေ့စဉ် သကြားနှင့် ကစီဓာတ်စားသောက်မှုအား လိုအပ်သည့်ပမာဏအတိုင်း ထိန်းချုပ်ခြင်းမှာ အရေးပါပါသည်။ အစားအသောက်ပညာရှင်များက အစားအသောက်နှင့် ပတ်သတ်ပြီး အကြံပေးပါလိမ့်မည်။
လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းရာတွင်အကူအညီဖြစ်ပါသည်။ ထို့အပြင် နောက်ဆက်တွဲပြဿနာများအား ကာကွယ်နိုင်ရန် ခြေထောက်နှင့် မျက်လုံးအား ဂရုစိုက်သင့်ပါသည်။
Pramlintide (Symlin) သည် အမိုင်လင်ပုံစံတူထိုးဆေးတစ်မျိုးဖြစ်ပြီး အမျိုးအစား ၁ နှင့် ၂ တွင်အသုံးပြုနိုင်ပါသည်။ ၎င်းသည် အစာအိမ်မှ အစာများ အူအတွင်းသို့အရောက်နှေးစေပြီး အစားစားပြီးစတွင်ဖြစ်တတ်သော သွေးတွင်းသကြားဓာတ်ထိုးတက်မှုကို နှေးသွားစေပါသည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက အမျိုးအစား ၁ ဆီးချို ကို ထိန်းချုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍ သင့်၌ မေးခွန်းများရှိသည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။