backup og meta

ဆီးချိုရှိတယ် ငှက်ပျောသီးစားသင့်ရဲ့လား………..

ဆီးချိုရှိတယ် ငှက်ပျောသီးစားသင့်ရဲ့လား………..

ဆီးချိုရှိတယ် ငှက်ပျောသီးစားလို့ရလားဆိုတာကို မပြောခင်ငှက်ပျောသီးလေးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းကို အရင်ပြောပြချင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်၊ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေမှာ အသေအချာပါ။ ဒါပေမယ့် ငှက်ပျောသီးမှာပါတဲ့ အာဟာရဓာတ်အများစုက ဆီးချိုရောဂါကို အထောက်အကူပြုမှုနည်းပြီး ရောဂါကိုပိုတိုးစေနိုင်ခြေကများပါတယ်။ ငှက်ပျောသီးမှည့်လေလေ မစားသင့်လေလေပါ။ ဆီးချိုရှိတယ် ငှက်ပျောသီးစားချင်တယ်ဆိုရင်တော့ သိပ်မမှည့်သေးတဲ့ ငှက်ပျောသီးက အဆင်ပြေဆုံးဖြစ်မှာပါ။

ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘာစားစားဂရုထားတာကအဆင်ပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ စားလိုက်တဲ့ အစားအစာတိုင်းက သွေးတွင်းသကြားဓာတ်အပေါ်မှာ သွားသက်ရောက်နေနိုင်တာကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိလို့ ငှက်ပျောသီးကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အကျိုးပြုအာဟာရဓာတ်များစွာ ပါဝင်နေတာကြောင့် စားသုံးပေးလို့ရတယ်လို့ အမေရိကန် ဆီးချိုရောဂါတိုက်ဖျက်ရေးအဖွဲ့ကြီးကဆိုပါတယ်။

အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို အလုံအလောက်မထုတ်နိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ ဆဲလ်တွေထဲမှာ သိုလှောင်ထားတဲ့ သကြားဓာတ်တွေက သွေးထဲကိုရောက်ရှိသွားပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုတွေဖြစ်လာပါတော့တယ်။ ဒီသွေးတွင်းသကြားဓာတ်ကို မထိန်းညှိနိုင်ရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြီးကြီးမားမားတက်လာနိုင်တာကြောင့် အစားအသောက်ကို သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။

ငှက်ပျောသီးက ခန္ဓာကိုယ်အတွက်ဘယ်လိုအကျိုးပြုလဲ…..

ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသလို ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်တို့ပါဝင်နေမှုကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုဆိုတာ အထွေအထူးပြောနေစရာမလိုအောင်ပါ။ ဗီတာမင် B6 ကစိတ်ခံစားမှုကိုကောင်းစေနိုင်ပြီး ဗီတာမင် C က ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး အမျှင်ဓာတ်က ဝမ်းမှန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုကောင်းစေပြီး အဝလွန်နေတဲ့ ဆီးချိုရောဂါအမျိုးအစား -၂ ခံစားနေရသူတွေကို ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ အများကြီးမစားသင့်တာ အမှန်ပါ။

ဒါဆို ဆီးချိုရှိသူတွေရော ကျန်းမာရေးအတွက် အကျိုးများတဲ့ ငှက်ပျောသီးကို စားသင့်ရဲ့လား………

အမေရိကန်ဆီးချိုတိုက်ဖျက်ရေးအဖွဲ့ကြီးကတော့ ဆီးချိုရှိသူတွေအနေနဲ့ ငှက်ပျောသီးကို စားလို့ရတယ်၊လို့ဆိုပါတယ်။ ငှက်ပျောသီးက အာဟာရဓာတ်ကြွယ်ဝနေတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ စားသုံးပေးလို့ရတယ်လို့ ထောက်ခံချက်ပေးထားတာတွေရှိပါတယ်။ ဒီနေရာမှာမေးစရာရှိတာက ငှက်ပျောသီးမှည့်တာကို စားမှာလား၊ မမှည့်တာကို စားမှာလားဆိုတာပါ။

ငှက်ပျောသီးကမှည့်လာလေလေ သူ့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က သကြားဓာတ်အဖြစ်ပြောင်းလဲလာလေလေပါ။ ဒီတော့ ဆီးချိုရှိသူတွေအနေနဲ့ အကျိုးအာနိသင်များတာကြောင့် ငှက်ပျောသီးကို စားမယ်ဆိုရင်တောင်မှာ အရမ်းမှည့်နေတာမျိုးကို မစားဖို့တော့ ပြောပါရစေ။ ငှက်ပျောသီးမှာ ကစီဓာတ်ပါဝင်မှုက ၉၀ ရာခိုင်နှုန်းကျော်ရှိနေတာကြောင့် မှည့်နေတာကို မစားသင့်ပါဘူး။ ဆီးချိုရှိသူတွေအနေနဲ့ ငှက်ပျောသီးစားချင်တယ်ဆိုရင်တောင် တစ်နေ့ကို သိပ်မမှည့်သေးတဲ့ ငှက်ပျောသီး အရွယ်တော် တစ်လုံးလောက်ကိုပဲ စားပေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Should You Eat Bananas If You’re Diabetic? https://www.curejoy.com/content/can-diabetics-eat-bananas/?utm_source=Popular&utm_medium=FCM&utm_campaign=Push Accessed Date 21 October 2019

How Bananas Affect Diabetes and Blood Sugar Levels https://www.healthline.com/nutrition/bananas-diabetes Accessed Date 21 October 2019

ယခုပုံစံ

26/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ဆီးချိုရှိတဲ့သူတွေ ကော်ဖီသောက်မယ်ဆိုရင်



Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement