အချိုရည်စွဲနေတဲ့ ကလေးကို ဘယ်လိုဖျောင်းဖျဆွဲဆောင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 1, 2020 . 2 mins read
Share now

အအေးသောက်မယ်၊ အချိုရည်သောက်မယ် တကဲကဲနဲ့ ပူဆာနေတတ်တဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားတာလား။ ကလေးကျေနပ်ရင်ပြီးရော အချိုရည်လေးဝယ်တိုက်လိုက်တာပဲ ဆိုရင်တော့ မေမေတို့ မှားနေပါပြီနော်။

အချိုရည်သောက်တာများရင် ချောင်းဆိုးရင်ကျပ်အတွက်ပဲ ပြဿနာရှိတာမဟုတ်လို့ပါပဲ။ အချိုကဲတဲ့ အစားနဲ့ အသောက်တွေက ကလေးတွေကို ကိုယ်အလေးချိန်တက်စေနိုင်(အဝလွန်စေနိုင်)တယ်၊ နှလုံးရောဂါ၊ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း၊ သွားပိုးစားခြင်းစတဲ့ ကျန်းမာရေးအန္တရာယ်တွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရ ကလေးတွေဟာ တစ်ပတ်ကို အချိုရည် ၈ အောင်စလောက်ပဲ သောက်သင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ ပုံမှန်အချိုရည်သံဘူးတစ်ဘူးစာထက် ပိုနည်းတဲ့ပမာဏပါ။

ကလေးတွေ အချိုရည်သောက်တာများရင် –

(၁) သွားပိုးစားမယ်၊ သွားတွေ ပျက်စီးလာမယ်

(၂) အဝလွန်လာမယ်

(၃) အခြားကလေးတွေနဲ့ယှဉ်ရင် အာဟာရချို့တဲ့လာမယ်

(၄) ကိုယ်ခံအားနည်းပြီး ရောဂါတွေ ဝင်လွယ်လာမယ်

(၅) အချိုကို စွဲလန်းလာတယ်

(၆) မှတ်ဉာဏ်တွေကို ထိခိုက်စေတယ်

(၇) ချောင်းဆိုး၊ ရင်ကြပ်စေတယ်

ဒါ့ကြောင့် အချိုရည်လုံးဝမသောက်ရဘူးလို့ တားမြစ်လို့လည်းမဖြစ်ပြန်ပါဘူး။ ကလေးဆိုတာမျိုးက မလုပ်နဲ့ဆိုမှ ပိုလုပ်ချင်တာဆိုတော့ ဒါလည်းနည်းလမ်းမှန်မဟုတ်ပါဘူး။ မေမေတို့ဘက်က ဉာဏ်ရှိရှိနဲ့ လှည့်စားရမယ်၊ ဆွဲဆောင်ရမယ်၊ ဖျောင်းဖျရမယ်၊ ချော့မော့ရမယ်လေ။

အချိုရည် မစွဲအောင် ဘယ်လိုလုပ်ရမလဲ

(၁) အချိုရည်တွေ အမြဲဝယ်မထားပါနဲ့

ကဲ…ဒါအရှင်းဆုံးပဲမလား။ တချို့က အိမ်ကရေခဲသေတ္တာထဲမှာ အချိုရည်ဘူးတွေ အမြဲမပြတ် စီထည့်ထားတတ်တယ်။ ဒီလိုထားတာက ကလေးအတွက် အနီးကပ်ရန်သူပါနော်။ သူဟာသူ ယူသောက်ဖို့လွယ်သလို အမြဲရှိနေတော့ မြင်တိုင်းသောက်ဖို့ပူဆာပါလိမ့်မယ်။

(၂) အရည်အသွေးမကောင်းတဲ့ အချိုရည်တွေကို ရှောင်ပါ

ကလေးတွေကို လုံးဝအချိုရည်ဖြတ်တာထက် သောက်သုံးမှုလျော့စေဖို့ထိန်းတာ ပိုကောင်းပါတယ်။ သူသိပ်ကြိုက်တော့လည်း တစ်ခါတလေတိုက်ပေါ့။ ဒါပေမယ့် ဒီလိုတိုက်တဲ့အချိုရည်က အရည်အသွေးကောင်းပြီး ဘေးကင်းစိတ်ချရဖို့လိုပါတယ်။ ဥပမာ အရောင်ဆိုးဆေး၊ အနံ့အတု၊ အရသာအတုတွေများတဲ့ အချိုရည်က အဆိပ်သက်သက်မို့ပါပဲ။ အချိုပါတာချင်းတူတူ သဘာဝအသီးကိုအခြေခံပြီးထုတ်တာမျိုး၊ အချိုနည်းတာမျိုးကို ရွေးသင့်ပါတယ်။

(၃) ကိုယ်တိုင်ဖျော်တိုက်ပါ

အသင့်သောက်အချိုရည်တွေနဲ့စာရင် အသီးအနှံတွေကို ကိုယ်တိုင်ကြိတ်ဖျော်တဲ့ အချိုရည်က ကျန်းမာရေးနဲ့အာဟာရဓာတ်တွေအတွက် ပိုသင့်တော်ပါတယ်။ တာရှည်ခံပစ္စည်းနဲ့ အနံ့အရသာအတုတွေ မပါတာနဲ့တင် သာနေပါပြီ။

(၄) ကန့်သတ်ချက်ထားပါ

တစ်ပတ်မှာ ဘယ်နှကြိမ်ပဲအချိုရည်သောက်ရမယ်ဆိုတာမျိုး စည်းကမ်းလေးကန့်သတ်ထားဖို့ လိုပါတယ်။ တစ်နေ့တည်း နှစ်ဘူး၊ သုံးဘူး သောက်ပစ်တာမျိုးတော့ အလိုလိုက်မထားသင့်ပါဘူး။

(၅) လူကြီးတွေကလည်း လျှော့ပါ

ကလေးကိုတော့ တားထားပြီး လူကြီးတွေက အချိုရည်သောက်ကြရင် မတရားရာကျပါတယ်နော်။ ဒါကိုမြင်တဲ့ကလေးကလည်း တားလို့ရတော့မှာမဟုတ်ပါဘူး။ ဆီးချိုသွေးချိုအန္တရာယ်နဲ့ အဝလွန်အန္တရာယ်ဟာလည်း ကလေးနဲ့လူကြီး အတူတူဖြစ်နိုင်ခြေရှိတာမို့ အချိုစားသုံးမှုကို ဆင်ခြင်သင့်တာအမှန်ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဘေဘီလေးကို ရေညှိကျွေးရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်းရင် ဘယ်လိုပြုစုပေးရမလဲ ဆိုတာ မေမေတို့ သိထားနိုင်ဖို့ ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read
ကလေးက တိတ်တိတ်လေး သွေးအားနည်းနေနိုင်တာကို မေမေတို့ သတိထားမိရဲ့လား

ကလေးက တိတ်တိတ်လေး သွေးအားနည်းနေနိုင်တာကို မေမေတို့ သတိထားမိရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 2 mins read

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read