backup og meta

ဆီးချိုသမားတွေရဲ့ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာပါတဲ့ ကယ်လ်လိုရီတွေကို ဘယ်လိုတွက်ချက်မလဲ

ဆီးချိုသမားတွေရဲ့ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာပါတဲ့ ကယ်လ်လိုရီတွေကို ဘယ်လိုတွက်ချက်မလဲ

ကယ်လိုရီဆိုတာက စားသောက်လိုက်တဲ့ အစားအသောက်တွေထဲမှာပါတဲ့ စွမ်းအင်တွေပဲဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ စားသုံးတဲ့အစားအသောက်တွေထဲမှာပါတဲ့ ကယ်လိုရီကိုရေတွက်တဲ့နည်းလမ်းကိုလေ့လာခြင်းဖြင့် သူတို့ကျန်းမာရေးအခြေအနေပေးမှာ အပြုသဘောဆောင်တဲ့ ကွဲပြားခြားနားမှုတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

တကယ်လို့ သင်ကကိုယ်အလေးချိန်လျှော့ချဖို့လိုအပ်မယ်ဆိုရင် ကယ်လိုရီစားသုံးမှုပမာဏကိုလျှော့ချရမှာဖြစ်ပါတယ်။ အမျိုးအစား – ၂ ဆီးချို (type 2 diabetes) ဝေဒနာသည်တွေအတွက် ကိုယ်အလေးချိန်လျှော့ချမှုက အရေးပါတဲ့ အချက်တစ်ရပ်ပါ။ ကယ်လိုရီပမာဏလျှော့စားတာက ဆီးချိုဝေဒနာရှင်တွေကို ကိုယ်အလေးချိန်ကျအောင် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။

ဆီးချိုရောဂါနဲ့ အကြိုဆီးချိုရောဂါဆိုတာ

ဂလူးကို့စ် (သို့)သွေးတွင်းသကြားဓါတ်က ခန္ဓါကိုယ်က ဆဲလ်တွေအတွက် အင်အားဖြည့်ပေးနိုင်မယ့် အဓိကအရင်းအမြစ်တစ်ရပ်ပါ။

ဆီးချိုဝေဒနာရှိသူတွေမှာ ခန္ဓါကိုယ်က သကြားဓါတ်ကိုထုတ်လုပ်တဲ့လုပ်ဆောင်မှုတွေနဲ့သွေးတွင်းသကြားဓါတ်ကို အသုံးပြုမှုတွေက ပျက်စီးနေတာမျိုးတွေရှိနေနိုင်ပါတယ်။

ဆီးချိုရောဂါ အမျိုးအစားတော်တော်များများရှိပေမယ့် အဖြစ်အများဆုံး ၂ ခုကတော့ အမျိုးအစား – ၁ ဆီးချိုရောဂါ နဲ့ အမျိုးအစား – ၂ ဆီးချိုရောဂါ (type 2 Diabetes) တို့ပဲဖြစ်ပါတယ်။

အမျိုးအစား – ၁ ဆီးချိုရောဂါ

အမျိုးအစား – ၁ ဆီးချိုရောဂါမှာ ပန်ကရိယက အင်ဆူလင်ကိုမထုတ်နိုင်တာဖြစ်ပါတယ်။ အင်ဆူလင်ဆိုတာကသွေးကြောတွေအတွင်း ကသကြားဓါတ်တွေကို ခန္ဓါကိုယ်က ဆဲလ်တွေဆီကိုရောက်ရှိစေတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။

beta cell လို့ခေါ်တဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို ခန္ဓါကိုယ်က တိုက်ခိုက်တဲ့ autoimmune process ဖြစ်ပေါ်တာကြောင့် အမျိုးအစား – ၁ ဆီးချိုရောဂါဖြစ်လာရတာဖြစ်ပါတယ်။ ကလေးအရွယ်မှာကတည်းကရောဂါခံစားနေရတယ်ဆိုတာကို သိရှိနိုင်ပေမယ့် အရွယ်မရွေးဖြစ်ပေါ်နိုင်ပါတယ်။ အသက်တော်တော်ကြီးမှဖြစ်တာမျိုးတောင်ရှိပါတယ်။

အမျိုးအစား -၂ ဆီးချိုရောဂါ

အမျိုးအစား – ၂ ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဆီးချိုဝေဒနာ သည် ၉၀ ရာခိုင်နှုန်းက အမျိုးအစား – ၂ ဆီးချိုကိုခံစားနေရသူတွေဖြစ်ပါတယ်။ ကလေးတွေမှာဖြစ်လေ့သိပ်မရှိပါဘူး။ ကိုယ်အလေးချိန်ပုံမှန်ထက်ပိုများနေတဲ့သူတွေနဲ့ အဝလွန်တဲ့သူတွေမှာအဖြစ်များပါတယ်။

ဒီအမျိုးအစား -၂ ဆီးချိုရောဂါမှာတော့ ပန်ကရိယက အင်ဆူလင်ကိုလုံလောက်အောင်မထုတ်ပေးတာ (သို့) ခန္ဓါကိုယ်ကဆဲလ်တွေက အင်ဆူလင်ရဲ့ အကျိုးသက်ရောက်မှုကို ခုခံနေတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒါကြောင့်သွေးကြောထဲမှာ သကြားဓါတ်တွေအများအပြားရှိနေတာမျိုးဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါ အကြို လက္ခဏာ

အမျိုးအစား – ၂ ဆီးချိုရောဂါ မဖြစ်ခင်မှာသွေးတွင်းသကြားဓါတ်ကမြင့်တက်လာပေမယ့် ဆီးချိုရောဂါရယ်လို့ သတ်မှတ်ရလောက်အောင်အထိမြင့်တက်နေတာမျိုးမဟုတ်ပါဘူး။ ဒီအခြေအနေကို ဆီးချိုရောဂါ အကြိုလက္ခဏာလို့ခေါ်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာအဆင့်မှာသွေးတွင်းသကြားဓါတ်က ၁၀၀ ကနေ ၁၂၅mg/dL ကြား (သို့) (HbA1c ) က ၅.၇ ကနေ ၆.၄ ရာခိုင်နှုန်း ကြားမှာရှိမှာဖြစ်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာရှိသူတိုင်း အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်လာတာတော့မဟုတ်ပါဘူး။ ဆီးချိုရောဂါ အကြိုလက္ခဏာရှိသူတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ကပဲ ဆီးချိုရောဂါခံစားရတာဖြစ်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာရှိပေမယ့်လည်း ဆီးချိုရောဂါဖြစ်မလာတဲ့သူတွေမှာ နှလုံးရောဂါခံစားရနိုင်ခြေ၊ကျောက်ကပ်ရောဂါနဲ့သွေးတွင်းသကြားဓါတ်ပမာဏမြင့်တက်မှုကြောင့်ဖြစ်ပေါ်ခံစားရနိုင်တဲ့ အခြားနောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။

အစားအသောက်တွေက သွေးတွင်းသကြားဓါတ်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲ။

လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ စိတ်ဖိစီးမှုခံစားရခြင်း နဲ့ ဖျားနာခြင်းအပါအဝင် အကြောင်းအရာတော်တော်များများကသွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။

သွေးတွင်းသကြားဓါတ်အပေါ်မှာ အဓိကသက်ရောက်မှုရှိတဲ့ အချက်တွေထဲက တစ်ခုက သင်စားသုံးလိုက်တဲ့ အစားအစာအမျိုးအစား နဲ့ စားသုံးလိုက်တဲ့ ပမာဏပဲဖြစ်ပါတယ်။

အာဟာရဓါတ် ၃ မျိုးဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီဓါတ်တွေထဲမှာမှ ကာဗိုဟိုက်ဒရိတ်ကသွေးတွင်း သကြားဓါတ်အပေါ်မှာ အကြီးမားဆုံးသက်ရောက်မှုရှိပါတယ်။

အကြောင်းရင်းက ခန္ဓါကိုယ်ကကာဗိုဟိုက်ဒရိတ်တွေကိုချေဖျက်လိုက်တဲ့အခါ သကြားဓါတ်အနေနဲ့ပြိုကွဲသွားပြီးသွေးကြောတွေထဲကိုရောက်ရှိသွားပါတယ်။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ အစာကြေလွယ်တဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားမိတဲ့အခါသွေးတွင်းသကြားဓါတ်ကတော်တော်လေးကိုမြင့်တက်သွားပါတယ်။ အဆိုပါအစားအသောက်မျိုးတွေကို ပမာဏများများစားသုံးမယ်ဆိုရင် အင်ဆူလင်ပမာဏ များစွာလိုအပ်မှာဖြစ်သလိုသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတဲ့ ဆီးချိုရောဂါသောက်ဆေးတွေကိုလည်း အများအပြားလိုအပ်မှာဖြစ်ပါတယ်။

ကယ်လိုရီ ပမာဏ ၁,၂၀၀ ကနေ ၁,၆၀၀

လေ့ကျင့်ခန်းတစ်ခုခုကိုလုပ်ဆောင်နေတဲ့ ခန္ဓါကိုယ်အချိုးအစား သွယ်လျပြေပြစ်တဲ့အမျိုးသမီးတွေအနေနဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမှာ ကယ်လ်လိုရီ ၁,၂၀၀ ကနေ ၁,၆၀၀ အထိထည့်သွင်းစားသုံးနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင် ခန္ဓါကိုယ်အချိုးအစား အနေတော်အနေအထားရှိတဲ့ အမျိုးသမီးတွေ နဲ့ ခန္ဓါကိုယ်အရွယ်အစားက အနေတော်အနေအထားရှိပြီးလေ့ကျင့်ခန်းမလုပ်ဆောင်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း ကယ်လိုရီပမဏကို ၁,၂၀၀ ကနေ ၁,၆၀၀ အထိစားသုံးလို့ရပါတယ်၊ လို့National Diabetes Information Clearinghouse ကအကြံပြုထားပါတယ်။ အစားအသောက်တွေအနေနဲ့ ကစီဓါတ် ၆ ပန်းကန်လုံးစာ၊ နို့ နဲ့ အခြားနို့ထွက်ပစ္စည်းတွေ ၂ ခွက်စာ၊ ဟင်းသီးဟင်းရွက်တွေ ပန်းကန်လုံး ၃ လုံးစာ၊ အသားနဲ့ အသားထွက်ပစ္စည်းတွေ ၆အောင်စ ၊ သစ်သီးတွေ ပန်းကန်လုံး ၃ လုံးစာ နဲ့ အဆီဓါတ်ပါတဲ့အစားအသောက်တွေ ပန်းကန်လုံး ၃ လုံးစာအထိစားသုံးပေးနိုင်ပါတယ်။

ကယ်လိုရီ ပမာဏ ၁,၆၀၀ ကနေ ၂,၀၀၀

ကိုယ်အလေးချိန်လျှော့ချလိုတဲ့ ကိုယ်ခန္ဓါအရွယ်အစားကြီးမားတဲ့ အမျိုးသမီးတွေ၊ ကိုယ်အလေးချိန်လျှော့ချဖို့ ဆန္ဒမရှိတဲ့ကိုယ်ခန္ဓါအရွယ်အစားပြေပြစ်တဲ့ အမျိုးသားတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်မှုမရှိတဲ့ ခန္ဓါကိုယ်အရွယ်အစား အနေတော်အရွယ်အမျိုးသားတွေ နဲ့ ကိုယ်အလေးချိန်လျှော့ချချင်နေတဲ့ ကိုယ်ခန္ဓါအရွယ်အစားဖွံ့ထွားတဲ့ အမျိုးသားတွေ အနေနဲ့နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ကယ်လိုရီပမာဏ ၁,၆၀၀ ကနေ ၂,၀၀၀ အထိထည့်သွင်းစားသုံးနိုင်ပါတယ်။ အစားအသောက်တွေအနေနဲ့ကတော့ ကစီဓါတ် ပန်းကန်လုံး ၈ လုံးစာ၊ နို့ နဲ့ နို့ထွက်ပစ္စည်း ၂ခွက်စာ၊ ဟင်းသီးဟင်းရွက် ပန်းကန်လုံး ၄ လုံးစာ၊ သစ်သီး ပန်းကန်လုံး ၃ လုံးစာ၊ အသားနဲ့ အသားထွက်ပစ္စည်းတွေက ၄အောင်စကနေ ၆အောင်စ၊ အဆီက ပန်းကန်လုံး ၄ လုံးစာလောက်အထိစားသုံးပေးလို့ရပါတယ်၊ လို့ National Diabetes Information Clearinghouse ကထောက်ခံပေးထားပါတယ်။

ကယ်လိုရီ ပမာဏ ၂,၀၀၀ ကနေ ၂,၄၀၀ အထိ

ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်နေတဲ့ ခန္ဓါကိုယ်အရွယ်အစားအနေတော် အမျိုသားတွေ နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့မလိုတဲ့ ခန္ဓါကိုယ်အရွယ်အစားဖွံ့ဖြိုးတဲ့အမျိုးသားတွေအနေနဲ့ ကယ်လိုရီ ပမာဏကို ၂,၀၀၀ ကနေ ၂,၄၀၀ အထိစားသုံးပေးလို့ရပါတယ်။ အဆိုပါ စားသောက်မှုပုံစံမှာ ကစ်ဒါတ် ပန်းကန်လုံးနဲ့ ၁၀ လုံးစာ၊နို့ နဲ့ နို့ထွက်ပစ္စည်း ၂ခွက်စာ၊ ဟင်းသီးဟင်းရွက် ပန်းကန်လုံး ၄ လုံးစာ၊ သစ်သီး ပန်းကန်လုံး ၄ လုံးစာ၊ အသားနဲ့ အသားထွက်ပစ္စည်းတွေက ၅ အောင်စကနေ ၇ အောင်စ၊ အဆီက ပန်းကန်လုံး ၅ လုံးစာလောက်အထိစားသုံးပေးလို့ရပါတယ်၊ လို့ National Diabetes Information Clearinghouse က အကြံပြုထားပါတယ်။

ကာဗိုဟိုက်ဒရိတ်ကို တွက်ချက်ပြီး အာဟာရမျှတတဲ့ အစားအသောက်ကိုစားသောက်ဖို့

  • လက်မှတ်ရ အာဟာရဗေဒပညာရှင်နဲ့ဆွေးနွေးပါ။ သူ (သို့) သူမက အစားအသောက်တစ်မျိုးစီတိုင်း နဲ့ အဆာပြေစားစရာတစ်မျိုးစီတိုင်းမှာ ကာဗိုဟိုက်ဒရိတ်ဘယ်လောက်ပမာဏထည့်သွင်းစားသုံးရမလဲဆိုတဲ့အစီအစဉ်ချမှတ်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ အချိုဓါတ်စားသုံးရမယ့် ပမာဏကိုပါ ကူညီသတ်မှတ်ပေးမှာဖြစ်ပါတယ်။
  • စားသောက်မယ့်ပမာဏကို တိုင်းတာပါ။ သင့်အနေနဲ့ အမြဲတမ်းစားသောက်မယ့် အစားအစာပမာဏကို မတိုင်းတာနိုင်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ စံပုံစံ အစားအသောက်ပုံစံ သတ်မှတ်မှုကို လုပ်ဆောင်နိုင်ဖို့ ပထမဆုံးအကြိမ်သင်ကြားနေတာဆိုရင်တော့ ဒီလိုမျိုး စားသောက်မယ့် ပမာဏကိုတိုင်းတာ တာကသင့်ကိုအထောက်အကူပြုနိုင်မှာပါ။
  • စားသောက်တဲ့ အစားအစာပမာဏကို ဂရမ် (သို့) စားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုတွက်ချက်ပါ။
  • ပရိုတင်းပါဝင်တဲ့ အစားအစာတွေကို စံသတ်မှတချက်ပမာဏအတိုင်းစားသောက်ပေးပါ။ ပရိုတင်းဓါတ်ပါဝင်တဲ့ အစားအသောက် ကအာဟာရဓါတ်မျှတတဲ့ အစားအစာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။
  • ပြည့်ဝဆီပါဝင်မှုပမာဏကို ကန့်သတ်ပါ။ အာဟာရမျှတတဲ့ အစားအသောက်ထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီပမာဏ ကအတိုင်းအတာတစ်ရပ်သာပါဝင်တာဖြစ်ပါတယ်။ လက်မှတ်ရအာဟာရဗေဒပညာရှင်နဲ့ဆွေးနွေးပါ။
  • ပြည့်ဝဆီစားသုံးမှုပမာဏကို ကန့်သတ်ပါ။ အာဟာရမျှတတဲ့ အစားအသောက်ထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီပါဝင်မှုကို ကန့်သတ်မှုလည်းပါဝင်ပါတယ်။နေ့စဉ် စားသုံးတဲ့အစားအသောက်တွေထဲမှာ အဆီပမာဏဘယ်လောက်အထိလိုအပ်လဲဆိုတာကို လက်မှတ်ရ အာဟာရဗေဒပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။

မိမိနေ့စဉ်စားသုံးတဲ့ ပမာဏကိုသိပါစေ။

နေ့စဉ်စားသုံးတဲ့ ပမာဏက ကိုယ်အလေးချိန်၊ လှုပ်ရှားမှုဘယ်လောက်ရှိတယ်ဆိုတာရယ်၊သောက်နေရတဲ့ ဆီးချိုဆေးတွေ နဲ့သွေးတွင်းသကြားဓါတ်ဘယ်လောက် ပမာဏက သင့်အတွက် အဆင်ပြေလဲဆိုတဲ့ အချက်တွအပေါ်မှာမူတည်နေပါတယ်။ စားသောက်တဲ့ အစားအသောက်တစ်ရပ်စီတိုင်းနဲ့ အဆာပြေစားစရာတွေတိုင်းမှာ ကာဗိုဟိုက်ဒရိတ် ဘယ်လောက်ပါဝင်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး လက်မှတ်ရ အာဟာရဗေဒပညာရှင်နဲ့ ဆီးချိုရောဂါနဲ့ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူက သင့်ကို အကူအညီပေးပါလိမ့်မယ်။

အရွယ်ရောက်ပြီးသူ အများစုအတွက်နေ့စဉ်စားသုံးသင့်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ လမ်းညွှန်ချက်ကတော့-

  • အစားအစာတစ်ရပ်စီတိုင်းမှာ ၄၅ ဂရမ် ကနေ ၆၀ ဂရမ် အထိပါဝင်သင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပမာဏအနေနဲ့ကတော့ ပန်းကန်လုံး ၃ လုံး စာကနေ ၄ လုံးစာလောက်ပါ။
  • အဆာပြေစားစရာတစ်ရပ်စီတိုင်းမှာ ၁၅ ဂရမ်ကနေ ၂၀ ဂရမ်အထိပါဝင်သင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပမာဏအနေနဲ့ကတော့ ပန်းကန်လုံ ၁ လုံးစာလောက်ပါ။

အခြား အသုံးဝင်မယ့်အကြံပြုချက်များ

  • ကာဗိုဟိုက်ဒရိတ်ပမာဏကိုသိရအောင် အစားအသောက်တွေမှာပါတဲ့ အညွှန်းစာသားတွေကိုဖတ်ပါ။
  • သွေးတွင်းသကြားဓါတ်ကိုစစ်ဆေးပါ။ အစားမစားခင် နဲ့ အစားစားပြီး ၂ နာရီအကြာမှာသွေးဖောက်စစ်ပေးခြင်းဖြင့် မိမိစားသု့းလိုက်တဲ့ အစားအစာကသွေးတွင်းသကြားဓါတ်အပေါ်မှာ ဘယ်လောက်ထိသက်ရောက်လဲဆိုတာကို သိရမှာဖြစ်ပါတယ်။
  • ဘာတွေစားလဲဆိုတာကိုမှတ်ထားပါ။ မိမိစားလိုက်တဲ့ အစားအစာက သွေးတွင်းသကြားဓါတ် အပေါ်ဘယ်လောက်ထိသက်ရောက်လဲဆိုတာကိုမှတ်ထားပေးပါ။ သင့်ရဲ့ လက်မှတ်ရ အာဟာရဗေဒပညာရှင်နဲ့ ဆီးချိုရောဂါဆိုင်ရာကျွမ်းကျင်သူတွေနဲ့သွားရောက်ဆွေးနွေးတဲ့အခါတိုင်း မိမိစားသောက်တဲ့ အစားအသောက်တွေမှတ်တမ်းကိုပြန်လည်သိရှိနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ အစားအသောက်ပုံစံကပြန်လည်ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ ယူဆမိတဲ့အချိန်တိုင်းမှာပြန်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.diabetes.co.uk/features/diabetes-counting-calories.html

http://www.healthline.com/nutrition/diabetes-carbs-per-day#section3

http://www.livestrong.com/article/464032-how-many-calories-should-a-diabetic-eat-daily/

http://www.webmd.com/diabetes/carbohydrate-counting-for-people-who-use-insulin

ယခုပုံစံ

12/10/2021

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိကောင်းစရာ

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်



Aye Thi Mon မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement