ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ
HbA1c ဆိုတာက ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့ စကားရပ်တစ်ခုဖြစ်ပါတယ်။ HbA1c ဆိုတာက glycated haemoglobin ကိုဆိုလိုတာပါ။ ခန္ဓါကိုယ်တလျှောက်ကအောက်ဆီဂျင်တွေကိုသယ်ဆောင်ပေးနေတဲ့ သွေးနီဥဆဲလ်ထဲက ပရိုတင်းတစ်မျိုးဖြစ်တဲ့ဟီမိုဂလိုဘင်ကသွေးထဲက ဂလူးကို့စ်နဲ့ပေါင်းစည်းပြီး ‘glycated’ ဖြစ်သွားတဲ့အခါ HbA1c ဖြစ်ပေါ်လာပါတယ်။
Glycated haemoglobin (HbA1c) က ဆရာဝန်တွေကို ရက်သတ္တပတ်အပိုင်းအခြားနဲ့လအပိုင်းအခြားကာလတွေ အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ပျမ်းမျှသွေးတွင်းသကြားဓါတ်ကိုတိုင်းတာသိရှိစေနိုင်မှာဖြစ်ပါတယ်။ ဆီးချိုရောဂါသည် တွေမှာ HbA1c ပမာဏများလေလေ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေ များလေလေပဲဖြစ်ပါတယ်။
HbA1c တိုင်းတာပြီး ဆီးချိုရောဂါကိုရှာဖွေခြင်း
- HbA1c တိုင်းတာရာမှာ HbA1c ပမာဏက ၄၂ mmol/mol ( ၆.၀ ရာခိုင်နှုန်း) သာရှိရင် ဆီးချိုရောဂါမရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။
- HbA1c ပမာဏ က ၄၂ mmol/mol နဲ့ ၄၇ mmol/mol ( ၆.၀ ရာခိုင်နှုန်းကနေ ၆.၄ ရာခိုင်နှုန်း)ရှိနေရင် ဆီးချိုအစပျိုးအဆင့်၊
- HbA1c ပမာဏ က ၄၈ mmol/mol (၆.၅ ရာခိုင်နှုန်း) နဲ့အထက်ဆိုရင် အမျိုးအစား-၂ ဆီးချိုရောဂါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကသတ်မှတ်ပေးထားပါတယ်။ တခါတလေမှာ HbA1c ပမာဏ တိုင်းတာမှုကို အမျိုးအစား-၁ ဆီးချိုရောဂါကိုစစ်ဆေးရာမှာအသုံးပြုပါတယ်။ HbA1c စမ်းသပ်မှုကို အမျိုးအစား- ၁ ဆီးချိုရောဂါကို ရှာဖွေဖော်ထုတ်ရာမှာအသုံးပြုလေ့ရှိပါတယ်။
အစားအသောက်နဲ့သွေးတွင်းသကြားဓါတ်ကိုထိန်းညှိခြင်း
အစားအသောက်ကိုမှန်ကန်စွာရွေးချယ်စားသုံးမှုက ဆီးချိုရောဂါကိုထိန်းညှိရာမှာအထောက်အကူပြုနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်ကိုတိုင်းတာမှုက အစားအသောက်တွေကသွေးတွင်းသကြားဓါတ်အပေါ်မှာဘယ်လိုသက်ရောက်လဲဆိုတာကို သုံးသပ်ရာမှာ အထောက်အကူပြုပါတယ်။
ဘယ်အစားအသောက်တွေက ခန္ဓါကိုယ်ရဲ့သွေးချိုကိုတအားမြင့်တက်မသွားစေဘူးလဲဆိုတာကိုလည်း စတင် လေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းတဲ့အစားအသောက်တွေက အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရသူတွေမှာ ထိရောက်မှုရှိပြီး သွေးတွင်းသကြားဓါတ်ပမာဏကိုတိုးတက်စေသလို ဆေးဝါးတွေအပေါ်မှာမှီခိုနေရမှုကို လျှော့ချပေးပါ။
အမျိုးအစား- ၂ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီးပရိုတင်းနဲ့ခန္ဓါကိုယ် အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တဲ့ဖြည့်စွက်စာကိုစားသုံးပေးခြင်းက ဆီးချိုရောဂါ ကိုထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
ဆီးချိုဝေဒနာခံစားနေရသူတွေအနေနဲ့ အနည်းဆုံး တစ်နှစ်တစ်ကြိမ်လောက်တော့ HbA1c ကိုစစ်ဆေးပေးသင့်ပါ တယ်။
အချို့တွေဆိုရင်မကြာခဏဆိုသလို HbA1c ကိုစစ်ဆေးကြပါတယ်။ HbA1c ပမာဏတစ်ရပ်တည်းကိုကြည့်ပြီး ဆီးချိုရောဂါရဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရနိုင်သလားဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ နောက်ဆက်တွဲ ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျအောင်ထိန်းချုပ်မှုကောင်းကောင်းလုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။
ဘယ်အချိန်တွေမှာ HbA1c စမ်းသပ်မှုတွေကိုလုပ်ဆောင်သင့်သလဲ။
HbA1c စမ်းသပ်မှုကို ၃ လတစ်ကြိမ်ဖြစ်ဖြစ်၊၆လတစ်ကြိမ်ဖြစ်ဖြစ် ၁၂ လတစ်ကြိမ်ဖြစ်ဖြစ် လုပ်ဆောင်ပေးရမှာဖြစ် ပါတယ်။ စစ်ဆးမှုရလဒ်က သွေးတွင်းသကြားဓါတ်ကို ၂ ကနေ၃လတာကာလအတွင်းဘယ်လောက်ထိ ကောင်းကောင်းထိန်းချုပ်လိုက်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်မှုကောင်းကောင်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်ဆေးမှုရလဒ်က မိမိအနေနဲ့ဆီးချိုရောဂါကိုထိန်းသိမ်းရာမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေလား ဒါမှမဟုတ် မှန်ကန်တဲ့လမ်းကြောင်းနဲ့ဘယ်လောက်ထိနီးစပ်နေပြီလဲဆိုတာကိုသိမြင်နိုင်စေမှာဖြစ် ပါတယ်။
သွေးအားနည်းရောဂါလိုမျိုး ဟီမိုဂလိုဘင်အပေါ်သက်ရောက်မှုရှိနေတဲ့ရောဂါတွေခံစားနေရသူတွေမှာ HbA1c စစ်ဆေးမှုရလဒ်တွေကမမှန်ကန်နိုင်ပါဘူး။ ဗီတာမင် စီနဲ့ဗီတာမင် အီးဖြည့်စွက်ဆေးတွေ၊နဲ့သွေးတွင်း ကိုလက်စထေရောပမာဏမြင့်တက်နေတာတွေကလည်း HbA1c စစ်ဆေးမှုရလဒ်အပေါ်မှာသက်ရောက်မှုရှိနိုင် သလို ကျောက်ကပ်နဲ့အသည်းတွေကလည်း HbA1c စစ်ဆေးမှုရလဒ်အပေါ်မှာသက်ရောက်မှုရှိပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]