backup og meta

အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့

အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့

အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့ သတ်မှတ်ထားတဲ့ အပူချိန်မှာ သိမ်းဆည်းဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်က ဘာလဲဆိုတာ မပြောခင်မှာ အင်ဆူလင်ကို ဘယ်သူတွေ လိုအပ်လဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အင်ဆူလင် ဆိုတဲ့ စကားလုံးက ရင်းနှီးကျွမ်းဝင် မရှိပေမယ့် ဆီးချိုသွေးချိုရောဂါဆိုတာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။

အရင်ကဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေနဲ့ အတော်လေး အလှမ်းဝေးခဲ့တာပါ။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်သူ အရေအတွက်က များလာတာကြောင့် ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက နေ့စဉ်ဘဝရဲ့ စကားလုံး တစ်လုံးလိုတောင် ဖြစ်လာပါပြီ။  အင်ဆူလင်ဆိုတာကို အရင်မပြောခင် ဆီးချိုသွေးချိုရောဂါ အမျိုးအစားလေး ခွဲပြချင်ပါတယ်။

 အမျိုးအစားတွေက ဘာတွေလဲ….

ဆီးချိုသွေးချိုရောဂါဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။

အမျိုးအစား () ဆီးချိုသွေးချိုရောဂါ

အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါဆိုတာက autoimmune disease တစ်မျိုးပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ အစပြုလာတဲ့ ရောဂါအခြေအနေတစ်မျိုးပေါ့။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ ခံစားရတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်လုပ်နိုင်တော့ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်လို့ပါ။

အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါက ကလေးငယ်တွေ၊ လူငယ်တွေမှာ အဖြစ်များပါတယ်။

အမျိုးအစား () ဆီးချိုသွေးချိုရောဂါ

အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုတာကတော့ အင်ဆူလင်ဟော်မုန်း ခုခံအားတက်လာတဲ့အခြေအနေပါ။ ခန္ဓာကိုယ်မှာ အင်ဆူလင်မတိုးတော့တာပေါ့။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုလိုအပ်တယ်ဆိုတဲ့သဘောပါ။

ဒီလိုအခြေအနေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်မှုက နှစ်ကာလကြာလာတဲ့အခါ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယကဆဲလ်တွေ အားအင်ကုန်ခမ်းပြီး အင်ဆူလင်ထုတ်နိုင်စွမ်းကျသွားပါတော့တယ်။ ဒီလိုနဲ့ လုံလောက်တဲ့ အင်ဆူလင်ကို မရတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။

အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။

အင်ဆူလင်ဆိုတာ ဘာလဲ…….

အင်ဆူလင်ဆိုတာက ဆီးချိုသွေးချိုရောဂါဖြစ်တဲ့သူတွေအတွက် ကုထုံး တစ်ရပ်ပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၂ခုစလုံး အတွက် အသုံးပြုလို့ ရပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင် ဟော်မုန်းကို အလုံအလောက် မထုတ်နိုင်တဲ့အခါ ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။ ဒီလို ဆီးချိုသွေးချိုရောဂါဖြစ်လာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ဆေးတွေ သောက်ကြတာ ရှိပေမယ့် ဆေးသောက်ကြတာ ရှိသလို အင်ဆူလင်ထိုးရတာလည်း ရှိပါတယ်။

အင်ဆူလင်က အရေပြားအောက်အဆီပြင်ထဲကို ထိုးရတာဖြစ်တာကြောင့် လွယ်ကူပြီး နာကျင်ခြင်းလည်း နည်းပါတယ်။ ဆီးချိုသွေးချိုရောဂါရှိပေမယ့်လည်း သက်တမ်းစေ့နေထိုင်နိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

အင်ဆူလင် ထိုးတာက ထိရောက်တဲ့ ကုထုံးပါ……

အင်ဆူလင် ထိုးတာက ဆီးချိုသွေးချိုရောဂါ ကုသမှုအတွက် ထိရောက်တဲ့ ကုထုံးတစ်ရပ်ပါ။ ဒါပေမယ့် အင်ဆူလင် အာနိသင်ထိရောက်ဖို့ဆိုရင် အင်ဆူလင်ကို အအေးသေချာလေး ထိန်းဖို့ လိုပါမယ်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အင်ဆူလင်က အပူချိန် အပြောင်းအလဲကြောင့် ပျက်စီးထိခိုက်လွယ်တဲ့ ဆေးဝါး အမျိုးအစားပါ။

အင်ဆူလင်က အပူနဲ့ တိုက်ရိုက် ထိတွေ့ရင်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုများတဲ့အပူချိန်နဲ့ ထိတွေ့မိရင်ဖြစ်ဖြစ် အင်ဆူလင်ရဲ့ အာနိသင်က ပျက်စီးသွားနိုင်ပါတယ်။

အာနိသင် ပျက်စီးသွားပြီဆိုကတည်းက ဒီအင်ဆူလင်ကို ထိုးတဲ့အခါမှာလည်း ထိရောက်မှု အာနိသင် မရှိတော့တာမျိုး ဖြစ်မှာပါ။ ဒီတော့ သွေးချိုကို မထိန်းနိုင်ဘဲ မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။

ဒါကြောင့် အင်ဆူလင်ကို မဖောက်ရသေးခင် ဘူးသစ်ဆို ၂ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်ကြား အပူချိန်မှာ သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဖောက်ပြီးသွားရင်တော့ အပူချိန် ၃၀ဒီဂရီအောက်မှာ ၄ပတ်ကနေ ၆ပတ်ထိ ထားနိုင်ပါတယ်။

ဝယ်ယူလာတဲ့အခါမှာလည်း အအေးကို သေချာထိန်းပြီး သယ်ယူဖို့ လိုပါမယ်။

အင်ဆူလင်ကို ရေခဲသေတ္တာ အခဲကန့်ထဲ ထည့်တာလည်း မလုပ်ရပါဘူး။ ဒီလို လုပ်တာ အင်ဆူလင်ရဲ့ အာနိသင်ကို ပျက်စီးစေနိုင်လို့ပါ။

ဒီလိုဆို အင်ဆူလင် ထိုးရတာ ရှုပ်ထွေးလိုက်တာဆိုပြီး စိတ်ညစ်သွားပြီလား။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ အင်ဆူလင်ကို အရင်လို အပ်နဲ့ ထိုးတာမျိုး မဟုတ်ဘဲ သယ်ယူသိမ်းဆည်းရလွယ်တဲ့ အင်ဆူလင်ထိုး ကိရိယာလေးတွေ ပေါ်လာပါပြီ။ သိမ်းဆည်းနည်းတွေလည်း လွယ်ကူလာပါတယ်။

ဥပမာ ဆီးချိုသွေးချိုရောဂါရှိသူ တော်တော်များများ သုံးစွဲနေတဲ့ အင်ဆူလင်အရော  ဆေးထိုးကိရိယာအသစ်ဆိုရင်  အသုံးမပြုခင်မှာ ၂ ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်ကြား အပူချိန်မှာ သိမ်းဆည်းထားရမှာဖြစ်ပြီး  စပြီး အသုံးပြုပြီးရင်တော့ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်အောက် အနေအထားမှာ ၄ပတ်ကနေ ၆ပတ်ကြာသိမ်းလို့ ရပါတယ်။

အင်ဆူလင်ကို အသုံးပြုတဲ့အခါ ဒါလေးတွေ သတိထားပါ

အင်ဆူလင်ကို အသုံးပြုတဲ့အခါမှာလည်း

  • ကုန်ဆုံးရက် ကျော်နေသလား
  • ဆေးရည်က အရောင်ပြောင်းနေလား။ နောက်နေလား။
  • ဆေးရည်တွေ ခဲနေလား။
  • အပူချိန်နဲ့ တိုက်ရိုက် ထိတွေ့ထားသလား။
  • ဆေးရည်ထဲမှာ အဖတ်လေးတွေလိုမျိုး ပုံမှန် မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ် ဖြစ်နေလားဆိုတာကို သေချာစစ်ကြည့်ဖို့ လိုပါမယ်။

နောက်ဆုံး တစ်ချက်က ဆီးချိုသွေးချိုရောဂါကို အင်ဆူလင်နဲ့ ထိထိရောက်ရောက် ကုသချင်တယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အင်ဆူလင်ကို သတ်မှတ်ထားတဲ့ အပူချိန်တွင် သေချာထိန်းဖို့က မေ့ထားလို့ မရတဲ့အရာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cold Chain and Insulin: Should We Follow the Polio Vaccine Example? https://www.ncbi.nlm.nih.gov/pmc/articles/PMC6683691/ Accessed Date 25 August 2021

STORAGE OF INSULIN https://idf.org/images/IDF_Europe/Storage_of_Insulin_-_IDF_Europe_Awareness_Paper_-_FINAL.pdf  Accessed Date 25 August 2021

EADSG Guidelines: Insulin Storage and Optimisation of Injection Technique in Diabetes Management https://www.ncbi.nlm.nih.gov/pmc/articles/PMC6437255/ Accessed Date 25 August 2021

ယခုပုံစံ

18/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။

GLP-1 receptor agonists တွေကို ကိုဗစ်လူနာမှာ ဆက်သုံးသင့် မသုံးသင့်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement