backup og meta

အရက်က ဆီးချို ကျစေသတဲ့လား ……

အရက်က ဆီးချို ကျစေသတဲ့လား ……

ဆီးချို ရှိတယ်။ အရက်လည်း သောက်တတ်တယ်ဆိုတဲ့ သူတွေရှိလား….. နောက်တစ်ချက်က အရက်လေး နည်းနည်လောက် ချလိုက် ဆီးချိုတောင် ကျသေးတယ်။ ဆေးတောင် မလိုဘူးဆိုသူတွေရော ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

အရက်က ဆီးချို ကျစေသတဲ့လား …….

ဆီးချိုရှိနေသူ တစ်ယောက်အနေနဲ့ အရက်သောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို သွေးတွင်းသကြားဓာတ် ကျဆင်းစေတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အယ်လ်ကိုဟောမှာ ကယ်လ်လိုရီ များစွာ ပါဝင်နေလို့ပါ။

အရက်က ဒီလိုမျိုး သွေးတွင်းသကြားဓာတ်ကို မငြိမ်မသက်ဖြစ်စေတဲ့အတွက် မသောက်တာကတော့ အကောင်းဆုံးပါ။

တကယ်လို့ ဆီးချိုလည်း ရှိတယ် အရက်ကိုလည်း မဖြတ်နိုင်ဘူး ကြိုက်တယ်ဆိုရင်တော့ ပထမ တစ်ချက် အနေနဲ့ အလွန်အကျွံ မသောက်မိဖို့ နဲ့ မသောက်ခင်မှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး တိုင်းတာချိန်ညှိဖို့ပါ။ ပြီးမှ သောက်သင့်ပါတယ်။ ဖြတ်လိုက်တာကတော့ အကောင်းဆုံးပေါ့။

ကျန်းမာရေးအခြေအနေအရ အယ်လ်ကိုဟော သောက်ဖို့ သင့်တော်ရဲ့လားဆိုတာကိုလည်း ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်ဖို့ လိုပါမယ်။ ရေရှည်မှာကတော့ အရက်ဖြတ်ဖို့ကိုပဲ အကြံပေးမှာဖြစ်ပါတယ်။

အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွ ဆီးချိုရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အရက်ကို နည်းနည်းပဲ သောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး အရက်ကို အလွန်အကျွံ သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ အသက်အန္တရာယ် ထိခိုက်စေလောက်တဲ့အထိ သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား -၁ ဆီးချို ရှိသူတွေမှာပါ။

အယ်လ်ကိုဟော သောက်သုံးမှုက သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေတာ ဖြစ်စေနိုင်သလို ရုတ်ချည်း ကျဆင်းတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက အင်ဆူလင် မတိုးတာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

ဘီယာ နဲ့ ဝိုင်ချိုချိုတွေကတော့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

အယ်လ်ကိုဟော နဲ့ ဆီးချို

အရက်က ဆီးချို ကျစေသတဲ့လား ……

ဆီးချို ရှိရင် အယ်လ်ကိုဟော မသောက်သင့်ပါဘူး။ ဒီလိုပြောရတာက

  • အယ်လ်ကိုဟောက အစားစားချင်စိတ် ဖြစ်စေပြီး အစားတွေကို အလွန်အကျွံ စားမိနိုင်တာကြောင့် သွေးချိုမြင့်နိုင်ပါတယ်။
  • အယ်လ်ကိုဟောက ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ဝိတ်တက်စေပြီး ဆီးချိုကို ပိုဆိုးစေနိုင်ပါတယ်။
  • အယ်လ်ကိုဟောက ဆုံးဖြတ်နိုင်စွမ်း ကျဆင်းစေနိုင်တာကြောင့် အစားအစာရွေးချယ်မှု မှားယွင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။
  • အယ်လ်ကိုဟောက ဆေးတွေရဲ့ အာနိသင် ထိရောက်မှု နဲ့ အင်ဆူလင်ရဲ့ ထိရောက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
  • အယ်လ်ကိုဟောက သွေးတွင်းအဆီတက်စေနိုင်ပါတယ်။
  • အယ်လ်ကိုဟောက သွေးတိုးစေနိုင်တယ်။
  • အယ်လ်ကိုဟောက အသားတွေပူတာ နီမြန်းတာ၊ နှလုံးခုန်မြန်တာ၊ စကားတွေ ပလုံးပထွေးပြောတာမျိုး ဖြစ်စေနိုင်တယ်။ ဒါက သွေးချိုကျတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေနဲ့ ရောထွေးစေနိုင်တယ်။

ဒီအချက်တွေအပြင် ဆီးချို ရှိသူအနေနဲ့ အရက်သောက်တဲ့အခါ အခုလို ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အရက်အလွန်အကျွံ သောက်တာကြောင့် သွေးတိုးတာဖြစ်စေနိုင်သလို အာရုံကြောတွေ ထိခိုက်ပျက်စီးတာ၊ ရေဓာတ်ဆုံးရှုံးပြီး ကောင်းကောင်း အိပ်မပျော်တာ၊ နှလုံးရောဂါ နဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေကို ခံစားရနိုင်ပါတယ်။

ဆီးချို ရှိပေမယ့် အရက်သောက်မယ်ဆိုရင်

ဆီးချို ရှိပေမယ့် အရက်ကို မစွန့်လွှတ်နိုင်လို့ သောက်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိရစေချင်ပါတယ်။

  • အစာမရှိဘဲ မသောက်ပါနဲ့။ သွေးချိုရုတ်တရက် ကျဆင်းနိုင်လို့ပါ။
  • အစားတစ်ခုခု နဲ့ တွဲသောက်ပါ။ အမြည်းလေးနဲ့ သောက်ဖို့ ဆိုလိုတာပါ။
  • ဖြည်းဖြည်းချင်း သောက်ပါ။ နည်းနည်းမှန်မှန် သောက်တာမျိုးပါ။
  • ချိုတဲ့ သောက်စရာတွေနဲ့ ရောသောက်တာမျိုး မလုပ်ပါနဲ့။ ရေနဲ့ပဲရောသောက်တာမျိုး လုပ်ပါ။
  • အရက်ကို ဘာမှမရောဘဲ မသောက်ပါနဲ့။ ဆိုဒါ၊ ရေ စတာတွေနဲ့ ရောသောက်ပါ။
  • ဆီးချိုရှိတာကို သတိရပါ။
  • မသောက်ခင်မှာ သွေးချိုတိုင်းပါ။
  • အလွန်အကျွံ မသောက်ပါနဲ့။

ဆီးချို နဲ့ အယ်လ်ကိုဟော ပမာဏ

ဆီးချို ရှိသူတွေအနေနဲ့ အယ်လ်ကိုဟောကို မသောက်တာ အကောင်းဆုံးပါ။ ရှောင်မရလို့ သောက်တော့မယ်ဆိုရင်

  • အမျိုးသမီးဆိုရင် တစ်နေ့ကို တစ်ယူနစ်ထက် ပိုမသောက်သင့်ပါဘူး။
  • အမျိုးသားဆိုရင် ၂ယူနစ်ထက် ပိုမသောက်သင့်ပါဘူး။

ဆီးချို ရှိသူ တစ်ဦးအနေနဲ့ တစ်နေ့ကို အယ်လ်ကိုဟော ၃ယူနစ်နဲ့အထက် သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

တစ်ခုထပ်ပြီး သတိပေးချင်တာကတော့ အရင်တည်းက အရက်မသောက်တတ်တဲ့သူက အရက်က ဆီးချိုအနည်းငယ်ကျစေတာပဲဆိုပြီး အစလုပ်မသောက်သင့်ပါဘူး။ ဆီးချိုကျစေနိုင်တဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ခုပြောထားတဲ့ အရက်ပမာဏကလည်း နေ့စဉ်သောက်ရမယ့် ပမာဏမဟုတ်ပါဘူး။ မရှောင်နိုင်လို့ သောက်ဖြစ်ခဲ့ရင် ဒီပမာဏတွေကို မကျော်လွန်သင့်ဘူးဆိုတာ သတိပေးထားတာပဲ ဖြစ်ပါတယ်။

ကဲ ….. အရက်က ဆီးချို ကျစေသတဲ့လား …… လို့မေးရတဲ့ အကြောင်းအရင်းကို သိပြီဟုတ်။

ဆီးချိုရှိသူတွေအတွက် သတင်းစကား

ခန္ဓာကိုယ်က အယ်လ်ကိုဟောကို အခြားသော အစားအစာတွေ သောက်စရာတွေကို ချေဖျက်တဲ့ပုံစံနဲ့ မတူတဲ့ပုံစံနဲ့ ချေဖျက်ရပါတယ်။ အယ်လ်ကိုဟော သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့ အကျိုးကျေးဇူး အနည်းငယ် ရှိတယ်ဆိုပေမယ့် အယ်လ်ကိုဟောက သွေးတွင်းသကြားဓာတ်ကို ရုတ်ချည်းကျဆင်းသွားစေနိုင်လောက်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ အရက်ဖြတ်ဖို့ လိုပါတယ်။ ပွဲရှိလို့ အရက်သောက်မယ်ဆိုရင်တောင် နည်းနည်းပဲ သောက်ဖို့ အကြုံပြုပါရစေ။ အစားမရှိဘဲ သောက်တာမျိုးလည်း မလုပ်ပါနဲ့။ အသောက်ခင်၊ သောက်နေစဉ် နဲ့ သောက်ပြီးချိန်တွေမှာ သွေးချိုတိုင်းတာတာမျိုး လုပ်ပေးပါ။

# ခန္ဓာကိုယ်ထဲက အသည်း ဘယ်လို အလုပ်လုပ်သလဲ!

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Should I drink alcohol? https://www.diabetesaustralia.com.au/food-activity/eating-well/should-i-drink-alcohol/ Accessed Date 20 July 2022

alcohol and diabetes https://www.diabetes.org.uk/guide-to-diabetes/enjoy-food/what-to-drink-with-diabetes/alcohol-and-diabetes Accessed Date 20 July 2022

Alcohol & Diabetes https://www.diabetes.org/healthy-living/medication-treatments/alcohol-diabetes Accessed Date 20 July 2022

Consequences of Alcohol Use in Diabetics https://www.ncbi.nlm.nih.gov/pmc/articles/PMC6761899/#:~:text=Heavy%20drinking%2C%20particularly%20in%20diabetics,nerve%20damage%2C%20and%20eye%20disease. Accessed Date 20 July 2022

Mixing Alcohol with Your Diabetes

https://www.hopkinsmedicine.org/gim/faculty-resources/core_resources/Patient%20Handouts/Handouts_May_2012/Mixing%20Alcohol%20with%20your%20Diabetes.pdf Accessed Date 20 July 2022

Can I Drink Alcohol If I Have Type 2 Diabetes? https://www.verywellhealth.com/can-i-drink-alcohol-if-i-have-type-2-diabetes-1087730 Accessed Date 20 July 2022

ယခုပုံစံ

26/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချို နဲ့ စိတ်ဖိစီးခြင်း

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement