backup og meta

ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်း (၅) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်း (၅) ခု

    ခေါင်းကိုက်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုတွေ ဖြစ်နေသလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း လေးတွေပါ။

    ဒါတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်

    ခေါင်းကိုက်ရတာ အများစုကတော့ ဒီ အကြောင်းအရင်းတွေကြောင့်ပါ။

  • စိတ်ဖိစီးတာ
  • ရာသီမလာခင် နဲ့ လာပြီးချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့်
  • နောက်ကျော နဲ့ လည်ပင်းက ကြွက်သားတွေ တင်းမာနေတာကြောင့်
  • ဆာလောင်တာ နဲ့ ရေဓာတ် ခမ်းခြောက်တာကြောင့်
  • သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်
  • အရက်ကဖင်း နဲ့ သကြားတွေ စားသုံးမှု များတာကြောင့် ခေါင်းကိုက်ရတာပါ။
  • ခေါင်းကိုက်စေတဲ့ အခြားအကြောင်းအရင်းတွေက –

    ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်း (၅) ခု

    အခု ပြောပြမယ့် နည်းလမ်းလေးတွေကို အသုံးပြုပြီး ခေါင်းကိုက်တာကို သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်း တွေကတော့

    (၁) မျက်လုံးကို မှိတ်ပြီး အနားယူလိုက်ပါ – ဒါက ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း တစ်ခုပါ။ ခေါင်းကိုက်တာကို ဖြစ်စေတဲ့ တင်းအားတွေကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ ခေါင်းအရမ်းကိုက်လာတဲ့အခါ တိတ်ဆိတ်ပြီး၊ အလင်းရောင် ဝင်ရောက်မှုနည်းတဲ့ အခန်းထဲမှာ ငြိမ်ငြိမ်လေး လှဲနေပြီး မျက်လုံး မှိတ်ထားပေးပါ။ တိတ်ဆိတ်မှောင်မိုက်မှုက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အထောက်အကူ ပြုပေးပြီး ခေါင်းကိုက်တာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    (၂) စိတ်ကို ဖြေလျော့လိုက်ပါ – အသက်ကို ခပ်ပြင်းပြင်းနဲ့ ခပ်ဝဝလေး ရှူပေးတဲ့ လေ့ကျင့်ခန်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ အသက်ကို ဝမ်းဗိုက်ပိုင်းအထိ  ရှိုက်ပြီး ရှူပေးတာကို အကြိမ်ရေ များများလုပ်ပေးလေလေ ခေါင်းကိုက်တာက သက်သာလာလေလေပါ။ မျက်လုံး မှိတ်ပြီး ဝင်သက်ထွက်သက် မှတ်ပေးလို့လည်း ရပါတယ်။

    (၃) ဂုတ် နဲ့ နားထင်တွေကို နှိပ်ပေးပါ – ခေါင်းကိုက်တဲ့အခါ ဂုတ်နဲ့ နားထင်တွေကို လက်ချောင်းလေးတွေကို သုံးပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေကာ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

    (၄) ရေနွေးဝတ် ကပ်ပေးပါ – ရေခပ်နွေးနွေးလေးကို ဇလုံထဲ ထည့်ပြီး တဘက်စလေး စိမ်လိုက်ပါ။ ပြီးရင် ရေကို ညှစ်ချလိုက်ပြီး ဦးခေါင်းခွံနဲ့ လည်ကုပ် ထိစပ်တဲ့ နေရာမှာ ကပ်ပေးလိုက်ပါ။ တကယ်လို့ ရေနွေး ကပ်တာက မသက်သာဘူး ဆိုရင် အချိန် ခဏ စောင့်ပြီး ရေခဲဝတ်ကပ်ပေးလိုက်ပါ။

    (၅) ဆေးတစ်ခုခု သောက်ပါ – အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပြီးပေမယ့် မသက်သာဘူးဆိုရင်တော့ ဆေးရဲ့ အကူအညီကို ရယူဖို့စဉ်းစားရပါမယ်။ အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်ပေးရပါမယ်။ ပါရာစီတမောတို့၊ NSAIDs အကိုက်အခဲပျောက်ဆေးတို့လိုမျိုး ဆေးကိုသောက်သုံးပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement