မျက်နှာပေါ်မှာ အနီရောင်ပြင်လိုက် ထွက်လာခြင်း မျက်နှာနီတိုင်း စိုးရိမ်စရာအနေအထားတစ်ရပ်မဟုတ်ပါဘူး။ ဒါပေမယ့် ပါးနှစ်ဖက်စလုံးမှာ လိပ်ပြာပုံစံအနီပြင်တွေ ထွက်နေပြီဆိုရင်တော့ ကိုယ်ခံအားစနစ် က ကိုယ်တွင်းက တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တိုက်ခိုက်တဲ့ဝေဒနာခံစားနေရတာဖြစ်ပါတယ်။
အဖျားတက်တာ၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာ၊ အဆစ်တွေ တောင့်တင်းတာမျိုးဖြစ်နိုင်ပါတယ်။ လက်ချောင်းလေးတွေက အေးစက်ပြာနှမ်းတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဘာကြောင့်မှန်းမသိ မျက်နှာရဲပြီး အခြားလက္ခဏာတွေပါဖြစ်ပေါ်ခံစားလာရရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါလိမ့်မယ်။
မျက်လုံးတစ်ဖက်တည်းမှာ ဖြစ်နိုင်သလို မျက်လုံးနှစ်ဖက်စလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေမျိုးမှာ မျက်ခွံတွဲကျတာက အမြင်အာရုံကို ပိတ်ဆို့သွားတာမျိုးအထိ ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာတော့ အန္တရာယ်မရှိဘူးဆိုပေမယ့် ဒီလိုဖြစ်တာက ဦးနှောက်၊ အာရုံကြောနဲ့ အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိနေပြီလို့ဖော်ပြနေတာဖြစ်ပါတယ်။
ရက်ပိုင်းအတွင်း ဒါမှမဟုတ် နာရီပိုင်းအတွင်း ရုတ်တရက် ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ အမြင်အာရုံနှစ်ထပ်ဖြစ်တာ၊ ကြွက်သားတွေ အားနည်းလာတာ၊အစားအစာတွေ မျိုချရခက်လာတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာမျိုးတွေဖြစ်လာမယ်ဆိုရင်တော့ ဒါတွေက လေဖြတ်ဝေဒနာရဲ့ အကြိုလက္ခဏာတွေပါ။
- မျက်နှာတစ်ခြမ်းလှုပ်လို့မရခြင်း
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု လှုပ်လို့မရတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ အမှန်ကန်ဆုံးသော နည်းလမ်းပါ။ အခြားရောဂါလက္ခဏာတွေမရှိဘူးဆိုရင်တောင်မှ ဒီအခြေအနေမျိုးက Bell’s palsy လို့ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။
ဗိုင်းရပ်စ်ဝင်ရောက်တာကြောင့် မျက်နှာကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ ရောင်ရမ်းတာကြောင့်လည်း မျက်နှာတစ်ခြမ်းလှုပ်လို့မရတာမျိုးဖြစ်နိုင်ပါတယ်။။ မေးရိုးနဲ့ နားနောက်ပိုင်းမှာ နာကျင်တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သိပ်မပြင်းထန်ဘူးဆိုရင် ၃ လကနေ ၆ လကြာတဲ့အခါ သက်သာသွားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။