backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cataract Surgery (မျက်စိအတွင်းတိမ် ခွဲစိတ်ကုသခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cataract Surgery (မျက်စိအတွင်းတိမ် ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

မျက်စိအတွင်းတိမ်ဖြစ်ခြင်းဆိုတာ မျက်လုံးရဲ့မှန်ဘီလူးမှာ ေဝဝါးလာခြင်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုကြောင့် အမြင်အာရုံကောင်းလာနိုင်ပါတယ်။

မျက်စိအတွင်းတိမ်ဆိုတာ ဘာလဲ

မျက်စိအတွင်းတိမ်ဆိုတာ အသက်ကြီးရင့်လာတာကြောင့် မျက်လုံးရဲ့ မှန်ဘီလူးနေရာမှာ မှုန်ဝါးလာခြင်းပဲ ဖြစ်ပါတယ်။ အမြင်အာရုံေဝဝါးစေပြီး မျက်လုံးရဲ့ အမြင်ချိန်ညှိမှုကို ပြောင်းလဲစေပါတယ်။

အကြောင်းရင်းများ

ဘယ်အချိန်မှာ မျက်စိအတွင်းတိမ်ခွဲစိတ်မှု ခံယူသင့်သလဲ

မျက်လုံးရဲ့ မှန်ဘီလူး ေဝဝါးလာပြီး အမြင်အာရုံ မကောင်းတော့ရင် အတွင်းတိမ် စဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ မျက်စိအတွင်းတိမ်ခွဲစိတ်မှုဆိုတာ ေဝဝါးနေတဲ့ မှန်ဘီလူးကို ဖယ်ထုတ်ပြီး ရှင်းလင်းစွာ မြင်ရမယ့် မှန်ဘီလူးအသစ်ကို တပ်ဆင်ပေးခြင်းပဲ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အတွင်းတိမ်ပြသနာဟာ အသက်အရွယ်နဲ့ ဆက်စပ်နေပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်စေနိုင်မယ့် တခြားအကြောင်းအရာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ အသက် ဘယ်လောက်ကြီးသည် ဖြစ်စေ ဒီခွဲစိတ်မှုဟာ သင့်ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

ပြင်ဆင်ခြင်း

မျက်စိအတွင်းတိမ် ခွဲစိတ်မှု မခံယူခင် ဘာတွေသိသင့်သလဲ

ဘယ်အဆင့်မှာမဆို အတွင်းတိမ်ကို ဖယ်ရှားနိုင်ပါတယ်။ အမြင်အာရုံ အရမ်းဆိုးလာတဲ့အထိ စောင့်မနေသင့်ပါဘူး။

နောက်ပြသနာတခုကတော့ အတွင်းတိမ်ခွဲစိတ်ပြီးချိန်မှာ မှန်ဘီလူးနောက်ပိုင်း အလွှာထူထဲလာခြင်း ဖြစ်ပါတယ်။ မှန်ဘီလူးကို ဖယ်လိုက်ပြီးချိန်မှာ ဆဲလ်တွေ ကြီးထွားလာလို့ ဖြစ်ပါတယ်။ ဒီပြသနာိကု ဖြေရှင်းဖို့ လေဆာရောင်ခြည်ကုသမှု ပြုလုပ်နိုင်ပါတယ်။ မှန်ဘီလူး အစားလဲစရာ မလိုပါဘူး။

ခွဲစိတ်မှု မလုပ်ခင် ဘာတွေလုပ်ရမလဲ

မခွဲစိတ်ခင် ကနဦးစစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ မျက်စိဆရာသန်ဟာ မျက်စိနဲ့ မြင်ကွင်းအခြေအနေကို စစ်ဆေးပါလိမ့်မယ်။ ဖန်တီးထားတဲ့ မှန်ဘီလူးနဲ့ အစားထိုးဖို့ အဆင်ပြေနိုင်လား၊ ခွဲစိတ်ပြီးချိန်မှာ အမြင်အာရုံ ကောင်းနိုင်သလား စစ်ဆေးပါလိမ့်မယ်။

သင့်အနေနဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေ၊ အကျိုးကျေးဇူးတွေ၊ တခြား ပြောင်းလဲရွေးချယ်နိုင်တဲ့ ကုသမှုတွေ စသဖြင့် မေးမြန်းထားရပါလိမ့်မယ်။ သင်သိလိုတာတွေ သိရတဲ့အခါ နားလည်ပြီး သဘောတူကြောင်း လက်မှတ်ထိုးပေးနိုင်ပါလိမ့်မယ်။

ခွဲစိတ်မှုမှာ ဘာတွေပါဝင်လဲ

ထုံဆေးနဲ့ခွဲစိတ်ပြီး မိနစ်၃၀ခန့် ကြာပါတယ်။

ဆရာဝန်ဟာ သင့်မျက်လုံး သူငယ်အိမ်ကျယ်လာစေဖို့၊ မျက်လုံးကြွက်သားတွေ ပြေလျော့သွားစေဖို့ မျက်စဉ်း ခပ်ပေးပါလိမ့်မယ်။ ဒါမှ မှန်ဘီလူးကို ဖယ်ထုတ်ရတာ လွယ်ကူမှပါ။ မျက်လုံးထဲကို ထုံဆေးပါတဲ့ မျက်စဉ်းခပ်ပြီး မျက်နှာပေါ် အကာတခုခု အုပ်ပေးပါလိမ့်မယ်။

အကာအုပ်ထားပေမယ့် ကောင်းကောင်း အသက်ရှူနိုင်၊ စကားပြောနိုင်ပါတယ်။ မျက်ခွံကို ထိန်းပေးမယ့် ကလစ်ပါ တပ်ဆင်တာမို့ မျက်တောင်ခပ်မိမှာ စိုးရိမ်စရာ မလိုပါဘူး။

ထုံဆေး အာနိသင်ပြတဲ့အခါ ဆရာဝန်ဟာ မျက်လုံးပေါ်မှာ ခွဲရာသေးသေးလေး ပေးပါလိမ့်မယ်။ မျက်လုံးပါင်ပပြီး နိုးနေသည့်တိုင်အောင် ဘာကိရိယာတွေသု့းနေလဲဆိုတာ သင်မမြင်နိုင်ပါဘူး။ အလင်းရောင်နဲ့ လှုပ်ရြှးမှုသာ မြင်ရပါတယ်။ နာကျင်မှု မရှိပါဘူး။

အတွင်းတိမ်ကို ဖယ်ထုတ်တဲ့ ခွဲစိတ်မှုအမျိုးအစားကို phacoemulsification လို့ ခေါ်ပါတယ်။ ေဝဝါးနေတဲ့ မှန်ဘီလူးကို ခွဲဖို့ ဆရာဝန်ဟာ ultrasound နည်းလမ်းကို သုံးပါလိမ့်မယ်။ အဲ့ဒီကိရိယာသုံးနေချိန်မှာ အသံခပ်တိုးတိုး ဆက်တိုက်ကြားနေရပါလိမ့်မယ်။

ကျိုးကြေသွားတဲ့ မှန်ဘီလူးစတွေကို ထုတ်ပစ်ပြီး မှန်ဘီလူးအိမ်ကို ဒီအတိုင်းထားခဲ့ပါတယ်။ ပြိးရင် အဲဒီအိတ်ထဲမှာ မှန်ဘီလူးအသစ် တပ်ဆင်လိုက်ပါတယ်။

ပြန်လည်သက်သာလာခြင်း

ခွဲစိတ်မှုပြီးရင် ဘာတွေလုပ်နိုင်လဲ

ထုံဆေးသုံးပြီးတဲ့အခါ သင့်မျက်လုံးမှာ ပုံမှန်ခံစားမှုတွေ ပြန်ရဖို့ နာရီပေါင်းများစွာ ကြာပါတယ်။ သင့်မျက်လုံးကို ကာကွယ်မယ့် အကာအကွယ်တခုကို ညလုံးပေါက် ဝတ်ဆင်ထားရပါမယ်။

ပဋိဇီဝဆေးပါတဲ့ မျက်စဉ်းကို အိမ်မှာခပ်ပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ မျက်လုံးရောင်ခြင်းအတွက် စတီးရွိုက်ပါတဲ့ မျက်စဉ်းကိုလည်း ညွှန်နိုင်ပါတယ်။ မျက်စဉ်းကို ဘယ်လိုနှုန်းထား ခပ်ရမယ်ဆိုတာ ဆရာဝန်အကြံပေးတဲ့အတိုင်း လိုက်နာဖို့ လိုပါတယ်။

ခွဲစိတ်ပိုင်း နာရီအနည်းငယ်အတွင်းမှာ အိမ်ပြန်နိုင်ပါတယ်။ ထုံဆေးပြယ်တဲ့အချိန်ထိ တယောက်ယောက်ကို အဖော်ပြုတာ ပိုကောင်းပါတယ်။

နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

မျက်စိအတွင်းတိမ် ခွဲစိတ်ခြင်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြသနာတချို့ ရှိပါတယ်။ တယောက်နဲ့ တယောက်တော့ မတူနိုင်ပါဘူး။

နောက်ဆက်တွဲပြသနာတွေကြုံရတာ ရှားပေမယ့် အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။

  • မှန်ဘီလူးအိမ်စုတ်ပြဲခြင်း
  • မှန်ဘီလူးအသစ်နဲ့ ပတ်သက်ပြီး ပြသနာရှိခြင်း (ဥပမာ အမျိုးအစား၊ တည်နေရာ မှားခြင်း)
  • ဆိုးရွားသော မျက်လုံး ပိုးဝင်ခြင်း
  • အမြင်လွှာကါာကျခြင်း
  • မျက်လုံးအတွင်း သွေးယိုခြင်း (ဒီလိုဖြစ်ရင် ခွစြိတ်မှုရပ်တန့်ပြီး နောက်နေ့မှ ဆက်လုပ်သင့်ပါတယ်)

ပြသနာတခုခုရှိခဲ့ရင် အမြင်အာရုံကို ထိခိုက်နိုင်ပြီး နောက်ထပ်ခွဲစိတ်မှု လိုအပ်ပါတယ်။ အသေးစိတ်ကို မျက်လုံးခွဲစိတ်မယ့် ဆရာဝန်ဆီမှာမေးနိုင်ပါတယ်။

အတွေ့အများဆု့း ပြသနာကတော့ မှန်ဘီလူးအိမ် နောက်ပိုင်းမှာ ထူတဲလာခြင်းပဲ ဖြစ်ပါတယ်။ မှန်ဘီလူးကို ဖယ်ထုတ်ပြီး ကျန်ခဲ့တဲ့ဆဲလ်တွေ ကြီးထွားလာလို့ ဖြစ်ပါတယ်။ ဒီပြသနာဟာ အတွင်းတိမ်လိုပဲ အမြင်အာရုံကို ဒုက္ခပေးပါတယ်။ ဒီပြသနာကို လေဆာရောင်ခြည်နဲ့ ကုသနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement