ခေါင်းကိုက်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာထိခိုက်မှုတွေဖြစ်နေသလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမယ့်နည်းလမ်းလေးတွေပါ။
ခေါင်းကိုက်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာထိခိုက်မှုတွေဖြစ်နေသလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမယ့်နည်းလမ်းလေးတွေပါ။
ခေါင်းကိုက်ရတာအများစုကတော့ ဒီအကြောင်းအရင်းတွေကြောင့်ပါ။
ခေါင်းကိုက်စေတဲ့အခြားအကြောင်းအရင်းတွေက –
အခုပြောပြမယ့်နည်းလမ်းလေးတွေကို အသုံးပြုပြီး ခေါင်းကိုက်တာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။
(၁) မျက်လုံးကိုမှိတ်ပြီးအနားယူလိုက်ပါ – ဒါကခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ခေါင်းကိုက်တာကိုဖြစ်စေတဲ့ တင်းအားတွေကိုလည်းလျော့ကျသွားစေနိုင်ပါတယ်။ခေါင်းအရမ်းကိုက်လာတဲ့အခါ တိတ်ဆိတ်ပြီး၊ အလင်းရောင်ဝင်ရောက်မှုနည်းတဲ့ အခန်းထဲမှာငြိမ်ငြိမ်လေးလှဲနေပြီး မျက်လုံးမှိတ်ထားပေးပါ။ တိတ်ဆိတ်မှောင်မိုက်မှုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အထောက်အကူပြုပေးပြီးခေါင်းကိုက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
(၂) စိတ်ကိုဖြေလျော့လိုက်ပါ – အသက်ကို ခပ်ပြင်းပြင်းနဲ့ခပ်ဝဝလေးရှုပေးတဲ့လေ့ကျင့်ခန်းက စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပြီးခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ အသက်ကို ဝမ်းဗိုက်ပိုင်းအထိ ရှိုက်ပြီး ရှုပေးတာကို အကြိမ်ရေများများလုပ်ပေးလေလေခေါင်းကိုက်တာက သက်သာလာလေလေပါ။ မျက်လုံးမှိတ်ပြီး ဝင်သက်ထွက်သက်မှတ်ပေးလို့လည်းရပါတယ်။
(၃) ဂုတ် နဲ့ နားထင်တွေကိုနှိပ်ပေးပါ –ခေါင်းကိုက်တဲ့အခါ ဂုတ်နဲ့နားထင်တွေကို လက်ချောင်းလေးတွေကို သုံးပြီး ခပ်ဖွဖွလေးနှိပ်ပေးပါ။ ဒီလိုလုပ်ပေးတာကသွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး ကြွက်သားတွေကိုပြေလျော့စေကာခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
(၄) ရေနွေးဝတ်ကပ်ပေးပါ –ရေခပ်နွေးနွေးလေးကို ဇလုံထဲထည့်ပြီး တဘက်စလေးစိမ်လိုက်ပါ။ပြီးရင်ရေကိုညှစ်ချလိုက်ပြီး ဦးခေါင်းခွံနဲ့ လည်ကုပ်ထိစပ်တဲ့နေရာမှာ ကပ်ပေးလိုက်ပါ။ တကယ်လို့ရေနွေးကပ်တာက မသက်သာဘူးဆိုရင် အချိန်ခဏစောင့်ပြီးရေခဲဝတ်ကပ်ပေးလိုက်ပါ။
(၅)ဆေးတစ်ခုခုသောက်ပါ – အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပြီးပေမယ့် မသက်သာဘူးဆိုရင်တော့ဆေးရဲ့ အကူအညီကို ရယူဖို့စဉ်းစားရပါမယ်။ အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်ပေးရပါမယ်။ Tylenol ရဲ့ Extra Strength Caplets လိုမျိုးဆေးကိုသောက်သုံးပေးလို့ရပါတယ်။ ဒီဆေးကခေါင်းကိုက်တာကို သက်သာစေနိုင်စွမ်းရှိပြီး အစာအိမ်ထိခိုက်တာမျိုးလည်းမရှိပါဘူး။ ဒါကြောင့် နည်းလမ်းအမျိုးမျိုးကို စမ်းကြည့်ပေမယ့် အဆင်မပြေရင်တော့ဆေးသောက်လိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။