backup og meta
hellosayarwon logo
ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

မျက်စိကျန်းမာရေး

မျက်စိကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

ဆီးချို သွေးချို

ဆီးချို သွေးချို

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ကိရိယာများ

ကျန်းမာရေးကိရိယာများ

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ရှိမရှိ အွန်လိုင်းကနေ စစ်ဆေးနိုင်ပါပြီ

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ရှိမရှိ အွန်လိုင်းကနေ စစ်ဆေးနိုင်ပါပြီ

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

လေဖြတ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း‌ကနေ စစ်ဆေးလို့ ရနေပါပြီ

လေဖြတ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း‌ကနေ စစ်ဆေးလို့ ရနေပါပြီ

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ  စစ်ဆေးကြည့်ပါ

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြည့်ပါ

သင့် အစာခြေစနစ် ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို အွန်လိုင်းကနေ  စစ်ဆေးကြည့်မယ်

သင့် အစာခြေစနစ် ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

ပိုမိုကြည့်ရှုမည်။
အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

ပိုမိုကြည့်ရှုမည်။
BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်

ပိုမိုကြည့်ရှုမည်။
သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
2 years
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
အမျိုးသမီး ကျန်းမာရေး
အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး ပါဝင်ခဲ့ပါတယ်။ သူတို့တွေကို စလေ့လာစမှာ သူတို့မှာ သွေးတိုးရောဂါအခံ ဒါမှမဟုတ်  သွေးတိုးရောဂါအတွက် ဆေးသောက်နေတာမျိုး မရှိပါဘူး။

၇နှစ်ကြာပြီး ၂၀၁၅မှာတော့ လေ့လာမှာမှု ပါဝင်တဲ့ အမျိုးသမီးတွေရဲ့ ၇၁၀၀ခန့် (တနည်းအားဖြင့် ၅ယောက်မှာ ၁ယောက်က) သွေးတိုးရောဂါခံစားနေရတာကို တွေ့ရပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေက အခြား အမျိုးသမီးတွေထက် သွေးတိုးရောဂါ ခံစားရနိုင်ခြေက ၂၃ ရာခိုင်နှုန်းပိုများနေပါတယ်။  လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ကြုံခဲ့ရဖူးသူတွေမှာကတော့ ပုံမှန်ထက် သွေးဆိုးရောဂါ ခံစားရနိုင်ခြေ ၁၂ ရာခိုင်နှုန်း ပိုများနေပါတယ်။ အခြေအနေ နှစ်ရပ်စလုံးကို ခံစားရဖူးတဲ့ အမျိုးသမီးတွေမှာတော့ သွေးတိုးရောဂါ ခံစားရနိုင်ခြေက ၆ ရာခိုင်နှုန်း ပိုများနေပါတယ်။

အကြောင်းကတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာ ထိပါးစော်ကား ခံရတာက အမျိုးသမီးတွေကို စိတ်ဖိစီးမှု ဖြစ်စေပြီး ဒီလို စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတိုးရောဂါ ဖြစ်လာရတာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိခိုက်လာတာက နှလုံးကျန်းမာရေးပါ။

လေ့လာမှုအရ သိရတာက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရဖူးတဲ့ အမျိုးသမီးတွေမှာ သွေးတိုးရောဂါ ခံစားရနိုင်ခြေ များနေသလို ရုတ်ရက် နှလုံးရပ်တာ နဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေလည်း အတော်များနေတယ်ဆိုတာပါ။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုနဲ့ နှလုံး ကျန်းမာရေး

မကြာသေးခင်က တွေ့ရှိခဲ့တဲ့ လေ့လာတွေ့ရှိမှုအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ နှောင့်ယှက်ခံရတာတွေက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်သလို သွေးတိုးရောဂါလိုမျိုး နာတာရှ​ည် ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

အမျိုးသမီးတွေမှာ သွေးတိုးရောဂါ ခံစားရစေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်းတွေကတော့ ခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ နှောင့်ယှက်စော်ကားခံရတာ၊ အလုပ်ခွင်မှာ ထိတွေ့မိနိုင်တဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေကြောင့်ပါ။ ဒီအနေအထားတွေက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။

ဆေးလိပ်သောက်တာ၊ နှလုံးရောဂါရှိတာမျိုး လုံးဝမရှိတဲ့ အမျိုးသမီးတွေဟာ အလုပ်ခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာကြောင့်  ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုတွေကြောင့် သွေးပေါင်ချိန်တွေတက်ပြီး သွေးတိုးရောဂါကို ခံစားကြရပါတယ်။

ဒီလို ထိပါးစော်ကားခံရမှုက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ဖြစ်စေပြီး ရေရှည်မှာ သွေးတိုးတာကို ခံစားရပါတယ်။ သွေးတိုးတာကို အချိန်ကြာမြင့်စွာ ခံစားရမှုက နှလုံးထိခိုက်တာ၊ နှလုံးရောဂါ နဲ့ ရုတ်တရက် နှလုံးရပ်တာတွေကို ခံစားရနိုင်သလို လေဖြတ်တာကိုလည်း ခံစားရစေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ကိုယ်ထိလက်ရောက် ခံစားရမှ မဟုတ်ဘဲ နှုတ်အားဖြင့် ပြောဆိုမှုကို ခံစားရတာကလည်း သွေးတိုးတာနဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေ များစေပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံရပြီး နှစ် အနည်းငယ်အကြာမှာ အခုလိုမျိုး ရောဂါတွေကို ခံစားရလေ့ရှိတာပါ။ မျိုးရိုးမရှိသူ၊ ရောဂါဖြစ်နိုင်ခြေရှိတဲ့ နေထိုင်စားသောက်မှုပုံစံ မရှိသူတွေမှာတောင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကြောင့် သွေးတိုးတာနဲ့ နှလုံးထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။

ဆက်ပြီးလေ့လာလိုတဲ့အချက်များ

ဒီလေ့လာမှုမှာ ကန့်သတ်ချက်တချို့တော့ ရှိနေပါတယ်။ လေ့လာချက်မှာ ပါဝင်သူအများစုက လူဖြူအမျိုးသမီး၊ သူနာပြုဆရာမတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ရလဒ်တွေက အမျိုးသမီးတိုင်းကို ကိုယ်စားပြုမှာတော့ မဟုတ်ပါဘူး။  နောက်တစ်ခုက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဖြစ်တဲ့အချိန်နဲ့ ဘယ်လောက်ထိ ဆိုးရွားခဲ့လဲဆိုတာကို သေချာမသိကြပါဘူး။ ဖြစ်ပြီးတာကို ပြန်မေးပြီး လေ့လာတာဖြစ်တဲ့အတွက် တိကျမှုမှာ အားနည်းနိုင်ပါတယ်။

ဒါကြောင့် လေ့လာမှု ဦးဆောင်သူ Lawnက နောက်ထပ်လေ့လာမှုတွေ ပြုလုပ်တဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီး လူမျိုးစုံ အမျိုးသမီးတွေပါဝင်အောင် ထပ်ပြီးလေ့လာရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sexual Assault, Harassment Linked to Greater Risk of High Blood Pressure in Women https://www.verywellhealth.com/sexual-violence-hypertension-in-women-5220683 Accessed Date 22 August 2022

Sexual Assault and Harassment Linked to Long-Term Hypertension in Women https://psychcentral.com/news/sexual-assault-harassment-long-term-hypertension-risk-women Accessed Date 22 August 2022

Sexual assault, harassment linked to women’s high blood pressure risk https://www.heart.org/en/news/2022/02/22/sexual-assault-harassment-linked-to-womens-high-blood-pressure-risk Accessed Date 22 August 2022

Sexual Assault, Harassment Linked to High Blood Pressure in Women https://www.everydayhealth.com/hypertension/sexual-assault-harassment-linked-to-high-blood-pressure-women/ Accessed Date 22 August 2022

Women’s Experiences of Sexual Assault and Harassment Linked With High Blood Pressure https://www.nimh.nih.gov/news/science-news/2022/womens-experiences-of-sexual-assault-and-harassment-linked-with-high-blood-pressure Accessed Date 22 August 2022

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း

ဟော်မုန်း မညီမျှမှုက အမျိုးသမီး စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement
Logo

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

FOLLOW US

Logo SocialLogo SocialLogo SocialLogo Social

HELLO SAYARWON

ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒတည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

Hello Health အကြောင်းကျွန်ုပ်တို့အကြောင်း

Country FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry Flag
DMCA Icon
©2025 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။