backup og meta

သွေးတိုးအတွက် Detox Water တွေက ဘာတွေဖြစ်မလဲ.........


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးအတွက် Detox Water တွေက ဘာတွေဖြစ်မလဲ.........

    သွေးတိုးတယ်ဆိုတာက ပြောတော့သာ ဘာမှမဟုတ်တယ်နော်။ ခံစားရတာ မသက်သာသလို နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက တော်တော်လေး များပါတယ်။ ဒီတော့ အစားလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း သွေးတိုးတာကို သက်သာစေဖို့ Detox water လေး လုပ်သောက်ကြည့်ရအောင်လား………

    သွေးတိုးခြင်း နဲ့ ရေဓာတ်

    သွေးတိုးတာကို ဖြစ်စေရခြင်း အကြောင်းအရင်းတွေထဲကတစ်ခုက ကာလရှည်ကြာ ရေဓာတ်နည်းပါးမှုကြောင့်ပါ။ ခန္ဓာကိုယ်က ဆဲလ်တွေက ရေဓာတ်နည်းသွားတဲ့အခါ ဦးနှောက်က pituitary gland တွေကို သွေးကြောတွေကို ကျုံ့သွားစေနိုင်တဲ့ vasopressin ဟော်မုန်းကို ထုတ်လွှတ်ဖို့ အချက်ပေးလိုက်ပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးတာကို ဖြစ်စေပါတယ်။

    ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ရေဓာတ်ပြည့်ဝနေစေဖို့ပါပဲ။ ရေဓာတ်ပြည့်ဝမှုက နှလုံးရဲ့ စွမ်းဆောင်မှုကို ကောင်းစေနိုင်ပြီး သွေးပေါင်ချိန် ပုံမျန်ဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ရေသောက်ပေးတာက သွေးတိုးကိုတင်သက်သာစေတာ မဟုတ်ဘဲ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဘာတွေကများ သွေးတိုးစေတာလဲ…….

    သွေးတိုးစေရတဲ့အချက်က တစ်ခုမက ရှိပါတယ်။

    အသက်အရွယ် – သွေးတိုးရောဂါကို ခံစားရနိုင်ခြေ အမြင့်ဆုံး အသက်အပိုင်းအခြားက အသက် ၄၀ နှောင်းပိုင်းပါ။ အသက်ကြီးလေလေ သွေးတိုးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။

    မျိုးရိုးရှိတာ – မိဘမျိုးရိုးမှာ သွေးတိုးရောဂါ ခံစားရဖူးတာမျိုးရှိမယ်ဆိုရင်လည်း သွေးတိုးဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။

    စိတ်ဖိစီးမှု များလွန်းတာ – စိတ်ဖိစီးမှုကို အခါမလပ်မွေးထားတယ်၊ မဖြစ်မနေကြုံတွေ့နေရမယ်ဆိုရင်လည်း ကိုယ်တွင်းမှာ စိတ်ဖိစီးမှုကို ဖြစ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကြောင့် အချိန်ကြာလာတဲ့အခါ သွေးတိုးရောဂါကို ခံစားရနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ – အမြန်စား အစားအစာတွေ။ အသင့်စား အစားအစာတွေကို အမြဲလိုလို စားသောက်တတ်တာကလည်း ကိုယ်တွင်းမျာ ကျန်းမာရေးနဲ့ မညီတဲ့ အဆီတွေကို များစေပြီး သွေးတိုးရောဂါ ခံစားရနိုင်ပါတယ်။

    ကျန်းမာရေး အခြေအနေကျောက်ကပ်ရောဂါ ရှိနေတာ၊ ဆီးချိုရောဂါ ရှိနေတာ နဲ့ နှလုံးရောဂါ လိုမျိုး ရောဂါအခံတွေ ရှိနေတာကလည်း သွေးတိုးခံစားရနိုင်ခြေကို မြင့်တက်စေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါ။

    သွေးတိုး သက်သာစေဖို့  အကောင်းဆုံးသော Detox Water တွေက ဘာတွေများလဲ……….

    ကမ္ဘာမြေကြီးက ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို အမျိုးအစား စုံစုံလင်လင် ရွေးချယ်ခွင့်ပေးထားတယ်။ အရောင်အသွေး စုံလင်သလို ပါဝင်တဲ့ အာဟာရတွေကလည်း များစွာပါဝင် နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ရောပေါ့။ ဒါတွေက ဘာလုပ်ပေးလဲဆိုတော့ အာဟာရဖြည့်ပေးတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် စသဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပါဝင်ပါတယ်။

    စတော်ဘယ်ရီ နဲ့ ကီဝီ Detox water

    အရောင်အသွေး လှသလို အရသာလည်းရှိပါတယ်။ စတော်ဘယ်ရီသီး အရွယ်တော် ၇ လုံးလောက်ကို ခပ်ပါးပါးလေး လှီးပါ။ ကီဝီသီးကို အရါယ်တော်လှိးထားတဲ့ အဝိုင်း ၃ ဝိုင်းလောက်ကို ရေတစ်လီတာထဲ ထည့်စိမ်လိုက်ပါ။ သခွားသီး နည်းနည်းလောက် လှီးထည့်ဖို့လည်း မမေ့ပါနဲ့။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ စိမ်ထားပါ။ ပြီးရင် သောက်လို့ရပါပြီ။ ရေဓာတ်ပြည့်ဝစေပြီး သွေးတိုးကျစေမှာလည်း အသေအချာပါ။

    မုန်လာဥနီ Detox water

    မုန်လာဥနီမှာ သွေးပေါင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မုန်လာဥနီ အရွယ်တော် တစ်လုံးကို အခွံစင်အောင် နွှာလို့ မထူမပါးလေးလှီးပါ။ ပြီးရင် သခွားသီး နည်းနည်း၊ သုံပုရာသီး ၃- ၄ ကွင်းလောက် လှီးထည့်ပြီး ရေ တစ်လီတာ ရောပါ။ ပြီးရင် ရေခဲသေတ္တာထဲကို ၄ နာရီလောက် ထည့်ထားပေးပါ။ ပြီးရင် သောက်လို့ရ ပါပြီ။

    သခွားသီး Detox water

    သခွားသီးအရွယ်တော် တစ်လုံးကို ခပ်ပါးပါးလေးတွေလှီးလို့ သံပုရာသီး ၃-၄ ကွင်း၊ ပူစီနံရွက် အနည်းငယ်တို့ကို ရေတစ်လီတာနဲ့ ရောစပ်လို့ ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ စိမ်ထားပြီး သောက်ပေးပါ။ အရောင်အသွေးသိပ်မလှပေမယ့် သွေးတိုးကိုတော့ အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။

    ဘလူးဘယ်ရီ Detox water

    ဘလူးဘယ်ရီသီး ၁၀ လုံး၊ အလုံး ၂၀ ခန့်၊ ရှောက်ချိုသီး ၅ ကွင်း နဲ့ ပင်စိမ်းရွက် အနည်းငယ်တို့ကို ရေတစ်လီတာစာနဲ့ ရောစပ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ စိမ်ထားပြီး သောက်လို့ရပါပြီ။

    မာလကာသီး Detox water

    မာလကာသီး အရွယ်တော် တစ်လုံးကို အရွယ်တော် အတုံးလေးတွေ တုံးပါ။ ပြီးရင် ပူစီနံရွက် နည်းနည်းနဲ့ ရေတစ်လီတာစာထဲကို ထည့်စိမ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ ထားပြီး သောက်လို့ရပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement