backup og meta

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။

နေ့လယ် အိပ်ငိုက်လေ့ အိပ်ငိုက်ထ မရှိပါဘူး။ ညဘက်လည်း အိပ်ရေးဝရက်နဲ့ လန်းလန်းဆန်းဆန်းကို မရှိဘူး။ တစ်ချိန်လုံးလိုလို အိပ်ငိုက်နေတယ်။ အဲ့ဒါက အခြား အချိန်တွေ မဖြစ်ပေမယ့် ရာသီလာခါနီး ၃ ရက်လောက်နဲ့ ရာသီလာနေစဉ်မှာမှ ဖြစ်တာ။ ဒါဆို ဒီလို ဖြစ်တာက ရာသီလာတာနဲ့ သက်ဆိုင်နေတာလား။ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ ဆိုပြီး စဉ်းစား အဖြေရှာနေတဲ့ လေဒီလေးတွေ ရှိလား ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ ဆိုတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ပုံမှန်ချိန်တွေမှာ ဘာမှမဖြစ်ပေမယ့် ရာသီလာဖို့ ၃ ရက်အလိုလောက်ကနေစလို့ ရာသီလာနေစဉ် တလျှောက် တစ်ချိန်လုံး လိုလို အိပ်ငိုက်နေရတာက လေဒီလေးတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ထဲက ခံစားမှုတွေအပေါ် သက်ရောက်စေတဲ့ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ ဆီရိုတိုနင်ဟော်မုန်း ကျဆင်းသွားတာကြောင့်ပါ။

ဒီဟော်မုန်းပမာဏက ရာသီလာခါနီး ၃ ရက်အလိုလောက်မှာ သိသိသာသာကို ကျဆင်းသွားပါတယ်။ ဒီလို ကျဆင်းသွားတာကြောင့် ခန္ဓာကိုယ်ထဲမှာ အားအင် ကုန်ခမ်းသလို ဖြစ်ပြီး အမြဲလိုလို အိပ်ချင်နေရတာပါ။ ဒီလို ကျဆင်းတာက တစ်ခါတလေမှာ စိတ်ခံစားမှုအပေါ်ပါ သက်ရောက်ပြီး စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာမျိုးတွေကိုပါ ခံစားရတာပါ။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်နေတာ ပုံမှန်ပဲလား။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်နေတာ ပုံမှန်ပဲလား။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ လေဒီလေးတွေရဲ့ လစဉ် ကျန်းမာရေး ပြဿနာပါ။

ဘယ်လို သက်သာအောင် လုပ်မလဲ။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်နေတာကို သက်သာစေဖို့ဆိုရင်

ကော်ဖီအစား လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပါ။

ရာသီလာနေချိန်မှာ ကဖင်းပါတဲ့ သောက်စရာတွေကို သောက်တာက ရင်သားနာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ လက်ဖက်စိမ်း ရေနွေးကြမ်းမှာပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ L-theanine ကတော့ ကြွက်သားတွေကို ပြေလျော့စေပြီး ရာသီလာချိန်မှာ အိပ်ငိုက်တာကို သက်သာစေနိုင်ပါတယ်။

အစားများများစားပါ။

ရာသီစက်ဝန်းရဲ့ ဒုတိယတဝက်မှာ အစားကို များများ စားပေးပါ။ အချိုစာတွေ၊ အသင့်စားသရေစာမျိုးတွေ မဟုတ်ဘဲ အာဟာရ ပြည့်ဝစေမယ့် အစားအစာတွေကို စားပေးပါ။ ဒါမှ ခန္ဓာကိုယ်က အင်အား ပြည့်ဝမှာပါ။ ချောကလက် နည်းနည်းလောက် စားပေးလို့ ရပါတယ်။

သက်သောင့်သက်သာ လေ့ကျင့်ခန်းတွေပဲ လုပ်ပါ။

ရာသီလာနေချိန်မှာ ခန္ဓာကိုယ်က ပင်ပန်းနေမှာ ဖြစ်တာကြောင့် ဒီကာလတွေမှာ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်တာမျိုး မလုပ်ဘဲ လမ်းလျှောက်တာ၊ ယောဂလေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါး လေ့ကျင့်တာလိုမျိုး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမယ့် လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။

တစ်ရေးအိပ်ပါ

ရာသီလာချိန်မှာ အိပ်ငိုက်တယ်ဆိုတာက ခန္ဓာကိုယ်က အားမပြည့်လို့ အနားတောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရမ်း အိပ်ချင်လာတဲ့အခါ နေ့လယ်ခင်းကို တစ်ရေးလောက် အိပ်လိုက်ပါ။ ညဘက်တွေမှာလည်း အိပ်ချိန်ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီ ရှိအောင် ထားပါ။

အယ်လ်ကိုဟော ရှောင်ပါ

ဒီလို အချိန်တွေမှာ ခန္ဓာကိုယ်ကို ပင်ပန်းမှု ကင်းစေဖို့ဆိုရင် အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဒါတွေက ပိုပင်ပန်းစေနိုင်လို့ပါ လေဒီလေးတို့ရေ။

ရေနွေးနဲ့ ရေချိုးပါ

ကြွက်သားတွေပြေလျော့ပြီး နာကျင်မှုတွေ ထိုင်းမှိုင်းတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ရာသီလာနေချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ သက်သာအောင် လုပ်ချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်လို့ ရပါတယ် လေဒီလေးတို့ရေ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Feeling Tired Before Your Period: Normal Or Not? https://engage.evewellness.com/blog/feeling-tired-your-period-normal-or-not Accessed Date 21 January 2022

Why Are You Tired Before Your Period? Causes and Remedies https://www.always.co.uk/en-gb/tips-and-advice-for-women/pms-and-menstrual-cramps/why-are-you-tired-before-period/ Accessed Date 21 January 2022

ယခုပုံစံ

21/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန် ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ