home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

ကိုရီးယားကားတွေကြည့်တိုင်း ရုပ်ရှင်ထဲက ဖြူဖြူဖွေးဖွေး ချစ်စရာမင်းသမီးလေးတွေရဲ့ အသားအရေမျိုး လိုချင်တယ်ဟုတ်။ ခုခေတ်ကြီးကလည်း အရမ်းကိုတိုးတက်လာတော့ အရင်က မဖြစ်နိုင်တာတွေ ခုခေတ်မှာ အကုန်ရနိုင်ပြီလေ။ ဒီထဲမှာ ကိုယ့်ရဲ့ ညိုညစ်နေတဲ့အသားအရေကို ဖြူအောင် ဆေးသောက်မလား ၊ ဆေးထိုးမလား၊ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ပြုပြင်မလား။ အကုန်အကုန်လုပ်လို့ရနေပြီဆိုတော့ အဲဒီ သဘာဝကို ဆန့်ကျင်တဲ့ အလှအပ လုပ်ငန်းတွေနောက်က ဆိုးကျိုးတွေလည်း ကပ်လိုက်လာပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားနာမှာကြောက်လို့ အသားဖြူေအာင် ဆေးပဲ သောက်တော့မယ်လို ဆုံးဖြတ်ထားတဲ့ ချစ်လေးတို့ အတွက် အသားဖြူဆေးတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ပြောပြပေးတော့မှာပါ။

အသားဖြူဆေးတွေက ကိုယ်ခန္ဓါအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ ။ ။

( ၁ ) နေထိုင်မကောင်းဖြစ်စေပါတယ်။

အသားဖြူဆေးတိုင်း ဖြစ်တယ်လို့တော့မဆိုလိုပါဘူး။ အရေပြားဆရာဝန် တော်တော်များများက မထောက်ခံထားတဲ့ ဒီအသားဖြူဆေးဈေးကွက်မှာ FDA ထောက်ခံချက်မရတဲ့ ဆေးတွေ တစ်ပုံကြီးရှိတာကြောင့် ဆိုးကျိုးများစေတဲ့ ဆေးကို ရွေးဝယ်သောက်မိတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ အရည်အသွေး စိတ်မချရတဲ့ အသားဖြူဆေးတော်တော်များများက ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ ခေါင်းခဲနေတာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ညညအိပ်မပျော်တာနဲ့ အရမ်းအိပ်ချင်နေတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို ဖြစ်စေတတ်ပါတယ်။ ကိုယ်သောက်နေတဲ့ အသားဖြူဆေးက ကိုယ့်ကို ဒီလို လက္ခဏာတွေ ခံစားစေရတယ်ဆိုရင် ချက်ချင်း ရပ်လိုက်ပါ။ လုံးဝ ဆက်မသောက်ပါနဲ့။

( ၂ ) ကိုယ်တွင်ဟော်မုန်းတွေကို အပြောင်းအလဲဖြစ်စေပါတယ်။

အရေပြားပေါ်မှာ နေရောင်ခြည်ထဲကပါတဲ့ ခရမ်းလွန်ရောင်ခြည် တွေကို ပြန်တုန့်ပြန်ဖို့အတွက် melanin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းလေးတွေရှိပါတယ်။ အရှင်းဆုံးပြောရရင် melanin များများရှိလေ အသားပိုမဲလေလေပါ။ အသားဖြူဆေးတွေဆိုတာ ဒီ ကိုယ်ခန္ဓါက melanin ထုတ်လုပ်နေမှုကို တားဆီလိုက်တာပါပဲ။ ဒါပုံမှန်ဖြစ်နေတဲ့အရာကို ဆန့်ကျင်သလိုဖြစ်တဲ့အပြင် အခြားကိုယ်တွင်းက ဟော်မုန်းတွေကိုပါ အပြောင်းအလဲဖြစ်စေပြီး အရေပြားရဲ့ လုပ်ငန်းစနစ်တွေလည်း ကပြောင်းကပြန် ဖြစ်သွားစေနိုင်ပါတယ်။

( ၃ ) ဓါတ်မတည့်ခြင်း။

ကိုယ်သောက်လိုက်တဲ့ဘယ်ဆေးမဆို ကိုယ်နဲ့ ဓါတ်မတည့်တာမျိုးရှိတတ်ပါတယ်။ အသားဖြူဆေးတွေလည်း ဒီအတိုင်းပါပဲ။ အခြားဆေးတွေလိုပဲ သောက်လိုက်တဲ့သူမှာ ဓါတ်မတည့်တာမျိုးတွေကို ဖြစ်စေပါတယ်။ ပုံမှန် ဖြစ်တတ်တာတွေကတော့ အင်ပြင်ထတာ၊ အသားအရေတွေယားတာ၊ လည်ချောင်းယားတာ၊ မျက်နာကြီးထူအမ်းအမ်းဖြစ်နေတာနဲ့ လျှာထုံနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့တွေဆို အသက်ရှူကြပ်လာတဲ့အထိတောင်ဖြစ်တတ်ပြီး ဆေးကုသမှု အမြန်ခံယူရတတ်ပါတယ်။

( ၄ ) အသည်းကိုထိခိုက်နိုင်ပါတယ်။

အသားဖြူဆေး အပါအဝင် ကိုယ်သောက်လိုက်တဲ့ ဘယ်ဆေးမဆို အသည်းကပဲ ချေဖျက်ပေးပြီး သွေးထဲကို ပို့ဆောင်ပေးတာပါ။ တစ်ချို့ FDA ထောက်ခံချက်မရတဲ့ မယုံကြည်ရတဲ့ အသားဖြူဆေးတွေမှာကျ အသည်းက ခံနိုင်တာထက်ပိုတဲ့ ဆေးပမာဏ အများကြီးပါနေတတ်ပါတယ်။ ဒီဆေးတွေ သောက်လိုက်မိရင် အသည်းဆဲလ်တွေကို ထိခိုက်သွားစေပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ပိုဖြစ်စေပါတယ်။

( ၅ ) ကင်ဆာဖြစ်စေပါတယ်။

FDA ထောက်ခံချက်မရတဲ့ အရည်အသွေးစိတ်မချရတဲ့ အသားဖြူဆေးတွေမှာ ကင်ဆြာဖစ်ဖို့ အားပေးတဲ့ ပါဝင်ပစ္စည်း အထူးသဖြင့် hydroquinone တွေ ပါနေတတ်တာကြောင့် တွေ့ကရာဆေးတွေကို ဝယ်မသောက်စေချင်ပါဘူး။ ကိုယ်သောက်မယ့်ဆေးရဲ့ ပါဝင်ပစ္စည်းတွေကို ဆေးဘူးနောက်မှာသေချာ ဖတ်ကြည်သ့င့်ပါတယ်။

ဒ့ါကြောင့် ဟိုဆေးလေးကကောင်းတယ် ဒီဆေးလေးကကောင်းတယ်ဆိုပြီး အသားဖြူစေတဲ့ ဆေး လျှောက်မသောက်တာ အကောင်းဆုံးပါ။ သောက်ချင်လွန်းတယ်ဆိုရင်လည်း FDA ထောက်ခံထားတဲ့ ဆေးတွေ ကို အဓိကရွေးဝယ်သောက်ပါ။ ကိုယ်သောက်မယ့် ဆေးရဲ့ ဆေးဘူးမှာ ပါဝင်ပစ္စည်းတွေ အကြောင့် ထည့်မထားရင် အဲဒီဆေးကို ယောင်လို့တောင် လှည့်မကြည့်လိုက်ပါနဲ့။ ကိုယ့်အသားအရေအတွက် အဆိုးတွေကိုပဲ ဖြစ်စေပါလိမ့်မယ့်။ အသားလည်းဖြူချင်တယ် ဆေးလည် းမသောက်ချင်ဘူးဆိုတဲ့ သူတွေကျတော့ သဘာဝ သစ်သီးတွေနဲ့ ပေါင်းတင်တာမျိုး၊ ကိုယ့်ရဲ့ စားသောက်မှုပုံစံကို ပြောင်းပေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 25/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။