backup og meta

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက် ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

ရာသီလာမယ့် ရက်ကို သိထားတာက ထင်ထားတာထက် ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်မှာပါ။ ဘယ်လို သိရှိနိုင်မလဲဆိုပြီး ခေါင်းခြောက် သွားလား လေဒီ… ဒီလင့်ခ်လေးကို နှိပ်ပြီး ကိုယ်တိုင် တွက်ချက်လိုက်ပါ။

သားဥကြွေမယ့်ရက် ကို သိရှိခြင်းရဲ့ ကောင်းကျိုး

လေဒီလေး တစ်ယောက် အနေနဲ့ သားဥကြွေမယ့်ရက် ကို သိရှိထားမယ်ဆိုရင်

ကိုယ့်ရဲ့ ရာသီစက်ဝန်းကို သိရှိနိုင်မယ်

လေဒီလေးတွေ အများစုရဲ့ ရာသီစက်ဝန်းက 28 cycle ပါ။ ရာသီလာချိန်က တစ်ခေါက်နဲ့ တစ်ခေါက်ကြားမှာ ၂၈ ရက် ခြားပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ၂၂ရက်လောက်နဲ့ လာကြသူတွေ ရှိသလို ရက် ၃၀ကျော်မှ တစ်ခါ လာသူတွေလည်း ရှိပါတယ်။

ဒါ​ကြောင့် လတစ်လရဲ့ ဘယ်နေ့တွေမှာ ရာသီသွေးပေါ်နိုင်လဲဆိုတာကို သိရှိပြီး လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ ကိုယ့်ရဲ့ ရာသီစက်ဝန်းကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပြီး တွက်ချက်ကြည့်လို့ ရပါတယ်။

ကိုယ်ဝန်ရရှိမှုကို ထိန်းချုပ်နိုင်မယ်

မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့၊ တားဆီးနိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိထားဖို့ လိုပါမယ်။  အထူးသဖြင့် ရက်ရှောင်နည်း သုံးတဲ့ အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။

ဘေဘီလေး လိုချင်တဲ့ လေဒီတွေ အနေနဲ့လည်း သားဥကြွေချိန်ကို သေချာ သိထားဖို့ လိုပါမယ်။

စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မယ်

ရာသီလာခါနီးရက်တွေမှာ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အလိုလိုနေရင်း စိတ်တိုတာ၊ ဒေါသထွက်တာ၊ ငိုချင်တာ၊ ဝမ်းနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် ကြိုတင်ပြင်ဆင်မှု နည်းလမ်းတွေကို လုပ်နိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိရှိထားဖို့ လိုပါမယ်။

သားဥကြွေတော့မှာလား………

သားဥကြွေခါနီးပြီဆိုရင် လေဒီလေးတွေရဲ့ ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

မိန်းမကိုယ်က ထွက်တဲ့ အချွဲတွေ ပြောင်းလဲတာ – သားဥကြွေခါနီး မိန်းမကိုယ်က ထွက်တဲ့ အချွဲမြှေးတွေဟာ ကြက်ဥ အကာရည်လိုမျိုး ကြည်ပြီး ခပ်ချွဲချွဲဖြစ်နေပါမယ်။

ခန္ဓာကိုယ် အပူချိန် ပြောင်းလဲမယ် – သားဥကြွေခါနီး ၃ – ၄ ရက် အလိုမှာ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ထက် မြင့်တက်နေနိုင်ပါတယ်။
ဗိုက်ထဲကအောင့်မယ်ရာသီလာစဉ် နာကျင်ကိုက်ခဲသလိုမျိုး ဗိုက်နဲ့ ဆီစပ်နားက ကိုက်တာ၊ အောင့်တာတွေ ခံစားရနိုင်ပါတယ်။
ရင်သားတွေ နာကျင်မယ် – သားဥကြွေခါနီးမှာ ခံစားရနိုင်တဲ့ နောက်ထပ် လက္ခဏာတစ်ခုက ရင်သားတွေ တင်းပြီး ရင်သားထိပ်တွေ နာကျင်တာပါ။
ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ သားဥကြွေတော့မှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ovulation signs https://www.pregnancybirthbaby.org.au/ovulation-signs Accessed Date 8 December 2020

5 unexpected benefits of period tracking https://helloclue.com/articles/cycle-a-z/5-reasons-you-should-pay-attention-to-your-period Accessed Date 8 December 2020

ယခုပုံစံ

11/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာ များ

အွန်လိုင်းကနေ သားဥကြွေမယ့်ရက် တွက်ချက်ခြင်း ကိရိယာကို အသုံးပြုခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/01/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ