backup og meta

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

    အသားအရေ ကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းအရင်းက အသားအရေက ရုပ်သွင်ပြင်ကို အလှတိုးစေသလို ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။

    ဒီလို အသားအရေ ကျန်းမာလှပစေဖို့ဆိုတဲ့နေရာမှာ လိုက်နာရမယ့် အချက်တွေကလည်း ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အသားအရေ လှပစေဖို့အတွက် ဘယ်လို အလေ့အထလေးတွေကို လိုက်နာသင့်လဲဆိုတာကို ပြောပြပေးမယ်နော်။

    ဆယ်ကျော်သက်အရွယ် အသားအရေ လှပစေမယ့် အလေ့အထ

    နုရွယ်ပျိုမြစ်တဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး အရွယ်ရသည်အထိ အသားအရေ လှပစေဖို့ဆိုရင် အခုလို အလေ့အထလေးတွေကို ပျိုးထောင်ဖို့ လိုပါမယ်။

    မျက်နှာသစ်ပါ

    မျက်နှာသစ်တာက အသားအရေ ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်ပါ။ မျက်နှာကို သေချာသန့်စင်ပေးတာက အသားအရေကို ကျန်းမာစေပြီး အရွယ်မတိုင် အိုမင်းတာနဲ့ အသားအရေ ထိခိုက် ပျက်စီးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဒီတော့ မျက်နှာကို အသားအရေ နဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်လို့ သေချာလေး သန့်စင်ပေးပါ။ မျက်နှာသစ်တာက မနက်ခင်း ကိစ္စတင် မဟုတ်ပါဘူး။ ညဘက် အိပ်ရာမဝင်ခင်မှာလည်း မျက်နှာကို အသေအချာ သန့်စင်ဖို့ လိုပါမယ်။ ဒါမှ အိပ်စက်နေချိန်မှာ အသားအရေက အကောင်းဆုံး ပြုပြင်မှုတွေ လုပ်ဆောင်နိုင်မှာပါ။

    မိတ်ကပ်တွေ ဖျက်ပါ

    ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ ညဘက် အိပ်ရာမဝင်ခင်မှာ မိတ်ကပ်တွေကို သေချာ သန့်စင်ပါ။ ဒါမှ အသားအရေက ဝက်ခြံ ကင်းပြီး ကျန်းမာမှာပါ။ အရွယ်မတိုင်ခင် အိုမင်းတာကိုလည်း ကာကွယ်ရာရောက်ပါတယ်။

    အစိုဓာတ် ထိန်းပါ

    အသားအရေကို သန့်စင်ပြီးတိုင်းမှာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးတဲ့အနေနဲ့ အစိုဓာတ် ပြန်ဖြည့်ပေးဖို့ လိုပါမယ်။ ဒီတော့ သဘာဝပစ္စည်းကနေ ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ခပ်ပါးပါးလေး လိမ်းပေးဖို့ မမေ့ပါနဲ့။

    ရေသောက်တာက အသားအရေကို ကျန်းမာလှပစေဖို့ အတော်လေး အထောက်အပံ့ပေးနိုင်တာပါ။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အသားအရေက ခြောက်သွေ့မှု ကင်းပြီး ဝက်ခြံထွက်နိုင်ခြေလည်း နည်းပါတယ်။ အသားအရေ တင်းတင်းရင်းရင်းလေးနဲ့ ကျန်းမာ လှပနေမှာပါ။

    ဒီတော့ အသားအရေ ကျန်းမာလှပစေဖို့ တစ်နေ့ကို ရေ ၈ ခွက်သောက်ပါ။

    အိပ်ရေး ဝဝအိပ်ပါ

    အသားအရေ ကျန်းမာလှပဖို့ဆိုတဲ့နေရာမှာ အိပ်ရေးဝဖို့ကလည်း လိုအပ်တဲ့ အချက်တစ်ခုပေါ့။ ဒီတော့ အသားအရေကို ဂရုစိုက်တဲ့ အနေနဲ့ ညဘက်တွေမှာ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လျှော့လို့ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်စက်ပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှု ကောင်းစေပြီး စိတ်ရော ကိုယ်ပါ ကျန်းမာစေသလို အသားအရေ ကျန်းမာလှပစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဒီတော့ တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက်ကနေစပြီး ၄၅ မိနစ်လောက်အထိ လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးပါ။

    နေလောင်ကာပါ

    ဆယ်ကျော်သက်တွေရဲ့ အသားအရေကို အဓိက ထိခိုက်စေတာက နေရောင်ပါ။ ဒါကြောင့် နေ့ခင်း အပူချိန် မြင့်တဲ့အချိန်မှာ အရိပ်ထဲမှာပဲနေပါ။ မဖြစ်မနေ အပြင်သွားချင်တယ်ဆိုရင် နေလောင်ကာခရင်မ် လိမ်းပါ။ ထီးဆောင်းပါ။ နေရောင်ဒဏ်ကနေ သေချာ ကာကွယ်သွားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement