ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ Screen Time များခြင်းဟာ အသက်တိုစေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့လည်း ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး Screen Time အသုံးပြုနေမိမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ကြုံဆုံရနိုင်ခြေ အဆပေါင်းများစွာ မြင့်တက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဥပမာပြောရမယ်ဆိုရင် Screen Time များတဲ့လူတွေဟာ နှလုံးရောဂါတစ်ခုတည်းတင် ဖြစ်နိုင်ခြေ ၈% အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာ၊ အဝလွန်တာနဲ့ သွေးတိုးဆီးချိုဖြစ်နိုင်ခြေတွေဟာလည်း အလွန်မြင့်တက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုသက်ရောက်မှုတွေကြောင့် ပုံမှန်အသက်ရှင်နေထိုင်ခွင့်ရနိုင်တဲ့ အသက်အရွယ်ထက်ပိုပြီး စောလျှင်စွာ သေဆုံးတာမျိုးဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ Screen Time ကို တစ်နေ့ ၂ နာရီအောင် လျှော့ချလိုက်မယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးနှုန်းကို ၅.၆၂% လျှော့ချပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၇.၉၇% အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။