home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သက်သာတာကိုမှ ကြိုက်တဲ့ လေဒီတို့အတွက် ရာသီဘောင်းဘီ

သက်သာတာကိုမှ ကြိုက်တဲ့ လေဒီတို့အတွက် ရာသီဘောင်းဘီ

ဓမ္မတာလာတဲ့အခါ သုံးကြတဲ့ ပစ္စည်းအမျိုးမျိုးထဲကမှ ကိုယ်တို့လို ဟိုဟာလည်း လုပ်ရမှာပျင်း၊ ဒီဟာလည်း ချိန်ရမှာ ပျင်းနဲ့ အပျင်းတစ်တတ်တဲ့ လေဒီတို့အတွက် တအားအဆင်ပြေစေမယ့် ပစ္စည်းကတော့ Menstrual Pants လို့ခေါ်တဲ့ ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးပါပဲ။ (Period Panties မဟုတ်ဘူးနော်။)

လေဒီတို့ မျက်စိထဲ မြင်အောင် ပြောရမယ်ဆိုရင် ဒါက ကလေးတွေကို ဝတ်ပေးတဲ့ ဒိုင်ပါလေးလိုပါပဲ။ လိုတဲ့အချိန်ဝတ်တယ်။

အချိန်ပြည့်သွားရင် ဖတ်ဆို ချွတ်ရင်ချွတ်၊ မချွတ်ရင် ဘေးက ဖြဲပြီး အွန့်ဆို လွှင့်ပစ်လိုက်ရုံပဲမို့ အချိန်ကုန်၊ စိတ်ပင်ပန်း အင်မတန် သက်သာသောပါပဲ။ ဒါဆို သူ ဘယ်လို အလုပ်လုပ်လဲ။ ကောင်းကျိုးတွေက ဘာတွေလဲ။ လေ့လာကြည့်ကြရအောင်။

ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးရဲ့ ကောင်းကျိုး

  • ပုံမှန် Tampon နဲ့ M-cup တို့လိုမျိုး အထဲထည့်ရမှာတွေ၊ Pad လိုမျိုး အလယ်မကျ ကျအောင် ချိန်နေရမှာတွေ မရှိပါဘူး။ Pads တွေလို သုံးပြီး ပစ်ရတာချင်းအတူတူ Pads တွေက (၄) နာရီကြာရင် လဲရပေမဲ့ ဒီအတွင်းခံတွေကတော့ ၁၂ နာရီထိ ဝတ်လို့ ရပါတယ်။ ဆိုတော့ အလုပ်မရှုပ်ဘူးပေါ့။
  • သွေးဆင်းတာ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ Pad ဆိုရင် ပေါက်သွားမလား၊ စွန်းသွားမလားလို့ စိုးရိမ်ရပြီး Tampon ကတော့ အထဲမှာ ပြည့်ကျပ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီ အတွင်းခံကတော့ ဒါတွေ တွေးပူနေစရာမလိုပါဘူး။ သူ့ဟာသူ ကြိုက်သလောက်ဆင်း၊ ကောင်းကောင်း စုပ်ယူထားပေးနိုင်ပါတယ်။ ဒီတစ်ခုကလွဲပြီး ကျန်တာလည်း ဝတ်ထားစရာ မလိုတော့ ပေါင်မပွန်းဘူးဘဲ လေဝင်လေထွက်လည်း ကောင်းတယ်ပေါ့။
  • အနံ့ကို စုပ်ယူထားပေးနိုင်ပါတယ်။ Pads တွေသုံးတဲ့အခါ အတွင်းခံ ဘောင်းဘီနဲ့ Pads နဲ့ အရွယ်အစားမကိုက်တဲ့အခါ (ကိုက်လည်း အပြင်ကို ထွက်နေတဲ့ အပိုင်းက ထွက်နေတာပါပဲ။) လေနဲ့ ထိတွေ့ပြီး အနံ့ထွက်လာပါတယ်။ ဒါပေမဲ့ ဒီ Menstrual Pants တွေကတော့ ဒီလို အဖြစ်မျိုး မရှိလို့ အေးဆေး ယုံကြည်စိတ်ချမှု ရှိရှိ နေနိုင်ပါတယ်။ နောက်ပြီး နေရာရွေ့သွားမှာ ဘာညာလည်း မပူရဘူးလေ။
  • ခရီးသွားရင်လည်း ဒီ Menstrual Pants လေးတွေနဲ့ဆို စိတ်ချလက်ချ လွယ်လွယ်ကူကူ သွားနိုင်ပြီလေ။ ၁၂ နာရီမှ တစ်ခါ လဲရမှာဆိုတော့ ရပ်နားစခန်း ရောက်တော့မှ လဲ၊ ပြီးရင် အေးဆေး နေလိုက်ရုံပဲ။ ဘယ်လောက် သက်တောင့်သက်သာရှိသလဲ။ ခရီးထွက်ရတာ ကြိုက်တဲ့ လေဒီတွေအတွက်တော့ တကယ့်ကို ရွှေပါပဲ။
  • Pad, Menstrual Pants, Tampon, M-Cup, Menstrual Disc စသဖြင့် ရွေးချယ်စရာတွေ အများကြီး ရှိတဲ့ထဲက Pros and Cons တွေပေါ် မူတည်ပြီး ကိုယ်နဲ့ အဆင်ပြေရာကို သက်တောင့်သက်သာ ရွေးချယ်သုံးစွဲနိုင်ကြပါစေနော်။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 25/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။